ရိုးမားဂန္တဝင်ကြီး တော့တီက စီးရီးအေမှာ တွဲဘက်တွေအဖြစ် အတူကစားခဲ့ကြတဲ့ ဆာလက်နဲ့ ပက်သက်ပြီး ထုတ်ဖော်ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။

ဆာလက်ဟာ ချယ်ဆီးကနေ ဖီအိုရင်တီးနား၊ အဲ့နောက်မှ ရိုးမားကို အငှားထွက်ကစားရာက အပြီးသတ် စာချုပ်ဖြင့် ရိုးမားကို ဆက်လက် ပြောင်းရွှေ့ခဲ့တာဖြစ်တယ်။ စီးရီးအေမှာ တောက်ပတဲ့ ကစားသမားဖြစ်လာတဲ့ ဆာလက်ဟာ လီဗာပူးဘက်က ကမ်းလှမ်းမှုမှာသူ့ကစားသမားဘဝကို မှတ်ကျောက်တင်နိုင်ဖို့ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာပါ။

ရိုးမားအသင်းမှာ နှစ်ရာသီကြာ အတူတွဲဘက် ကစားခဲ့တဲ့ ဆာလက်ဟာ ရည်ရွယ်ချက်ကောင်းတွေရှိပြီး ချန်ပီယံလိဂ်ဖလားကို အောင်မြင်လိုစိတ်ရှိသူလို့ တော့တီကဆိုတယ်။ သူကပဲ ရောမကလပ်မှာဆိုရင် အဆိုပါ ရည်မှန်းချက်က ဖြစ်မြောက်ဖွယ် မရှိပေမယ့် လီဗာပူးမှာတော့ ဆာလက် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

တော့တီက ပြောရာမှာ “ အကယ်လို့ ရိုးမားမှာပဲ ဆာလက် ဆက်နေဖြစ်မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကို အောင်မြင်ဖို့က သူ့အတွက် မဖြစ်နိုင်လောက်ပါဘူး။ အသင်းသစ်ကို ပြောင်းခဲ့အပြီးမှာ သူက ဆုဖလားတွေ အများကြီးကို အနိုင်ရဖို့ အခွင့်အရေးတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဆာလက်အတွက် ကျနေ်ာ ပျော်ရွှင်မိပါတယ်။ သူက အတော်လေးလည်း ရည်မှန်းချက်ကြီးတဲ့ လူပါ။ ရိုးမားကနေ လီဗာပူးကို ပြောင်းသွားအပြီးမှာ ဒီလို ကြီးမားတဲ့ အဆင့်ကို ခုန်တက်နိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ပါဘူး ” လို့ ဖြစ်ပါတယ်။

ZAWGYI

ရိုးမားဂႏၱဝင္ၾကီး ေတာ့တီက စီးရီးေအမွာ တြဲဘက္ေတြအျဖစ္ အတူကစားခဲ့ၾကတဲ့ ဆာလက္နဲ႔ ပက္သက္ျပီး ထုတ္ေဖာ္ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့ပါတယ္။

ဆာလက္ဟာ ခ်ယ္ဆီးကေန ဖီအိုရင္တီးနား၊ အဲ့ေနာက္မွ ရိုးမားကို အငွားထြက္ကစားရာက အျပီးသတ္ စာခ်ဳပ္ျဖင့္ ရိုးမားကို ဆက္လက္ ေျပာင္းေရႊ႔ခဲ့တာျဖစ္တယ္။ စီးရီးေအမွာ ေတာက္ပတဲ့ ကစားသမားျဖစ္လာတဲ့ ဆာလက္ဟာ လီဗာပူးဘက္က ကမ္းလွမ္းမႈမွာသူ႔ကစားသမားဘဝကို မွတ္ေက်ာက္တင္ႏုိင္ဖို႔ စြမ္းေဆာင္ရည္ေကာင္းေတြ မျပသႏုိင္ခဲ့တဲ့ ပရီးမီးယားလိဂ္ကို ျပန္လည္ ေျပာင္းေရႊ႔လာခဲ့တာပါ။

ရိုးမားအသင္းမွာ ႏွစ္ရာသီၾကာ အတူတြဲဘက္ ကစားခဲ့တဲ့ ဆာလက္ဟာ ရည္ရြယ္ခ်က္ေကာင္းေတြရွိျပီး ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္လိုစိတ္ရွိသူလို႔ ေတာ့တီကဆိုတယ္။ သူကပဲ ေရာမကလပ္မွာဆိုရင္ အဆိုပါ ရည္မွန္းခ်က္က ျဖစ္ေျမာက္ဖြယ္ မရွိေပမယ့္ လီဗာပူးမွာေတာ့ ဆာလက္ ေအာင္ျမင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေတာ့တီက ေျပာရာမွာ “ အကယ္လို႔ ရိုးမားမွာပဲ ဆာလက္ ဆက္ေနျဖစ္မယ္ဆိုရင္ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္ဖို႔က သူ႔အတြက္ မျဖစ္ႏုိင္ေလာက္ပါဘူး။ အသင္းသစ္ကုိ ေျပာင္းခဲ့အျပီးမွာ သူက ဆုဖလားေတြ အမ်ားၾကီးကို အႏုိင္ရဖို႔ အခြင့္အေရးေတြ ရွိလာခဲ့တာ ျဖစ္ပါတယ္။

ဆာလက္အတြက္ က်ေန္ာ ေပ်ာ္ရႊင္မိပါတယ္။ သူက အေတာ္ေလးလည္း ရည္မွန္းခ်က္ၾကီးတဲ့ လူပါ။ ရိုးမားကေန လီဗာပူးကို ေျပာင္းသြားအျပီးမွာ ဒီလို ၾကီးမားတဲ့ အဆင့္ကို ခုန္တက္ႏုိင္ဖို႔ လုပ္ေဆာင္ႏုိင္ခဲ့တယ္။ ဒီလို ျဖစ္လာမယ္လို႔ ဘယ္သူကမွ မေမွ်ာ္လင့္ခဲ့ပါဘူး ” လို႔ ျဖစ္ပါတယ္။