ဝက်ဟမ်းကို ရင်ဆိုင်တဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့သူ တစ်ဦးကတော့ ဂိုးသမား အယ်လီဆန်ပါ။ သူ့ရဲ့ အာရုံစိုက်မှုကောင်းတွေ မပါပဲတေ့ာ ဝက်ဟမ်းနဲ့ပွဲကို ဂိုးမပေးရအောင် လီဗာပူး လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။

ဘရာဇီး ဂိုးသမားက လက်ရှိ ကလပ်အသင်းရဲ့ စိတ်ဓါတ်ပိုင်းတွေကို မရပ်တန့်စေပဲ ဆက်လက် ထိန်းသိမ်းဖို့နဲ့ မြင့်မားတဲ့ ရည်ရွယ်ချက်တွေအတွက် အစွမ်းကုန် အားထုတ် ကြိုးစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

အယ်လီဆန်က “ ကျနေ်ာတို့ အမြဲတမ်း ပြောခဲ့ပြီး အမြဲတမ်း ပြောနေသလိုပဲ နောက်ထပ် စိန်ခေါ်မှုတွေကို အာရုံစိုက်ဖို့ လိုပါတယ်။ နောက်ထပ် ပွဲတွေကိုပါပဲ။ စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် နောက်ထပ်ပွဲကို ကျနေ်ာတို့ အာရုံစိုက်နေပါတယ်။ ဒီရာသီအတွက် အရေးကြီးဆုံးက နောက်ထပ် စိန်ခေါ်မှုပါပဲ။ အနိုင်ရဖို့ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။

ကျနေ်ာတို့ရဲ့ အရည်အချင်းကို ကျနော်တို့ သိတယ်။ ကျနေ်ာတို့ ဘယ်လောက်ထိ သွားနိုင်သလဲဆိုတာကိုလည်း သိပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မှာ လိုချင်တဲ့နေရာကို ရောက်အောင် သွားနိုင်မှာပါ။ ပရီးမီးယားလိဂ်က အရမ်းမြင့်တဲ့ အဆင့်မှာ ရှိနေပါတယ်။ ဒါကြောင့် ကျနေ်ာတို့ ရပ်လို့ မရပါဘူး၊ ဆက်ကို သွားနေရမှာပါ ” လို့ ဆိုခဲ့တယ်။

ဝက်ဟမ်းနဲ့ပွဲမှာ ပြိုင်ဘက် ကစားသမားတွေက လီဗာပူးခံစစ်ကို ကျော်ဖြတ်ပြီး ဂိုးပေါက်ထဲကို ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂိုးပေါက်ကို တာဝန်ယူတဲ့ အယ်လီဆန်က သူလုပ်ရမယ့် အလုပ်ကို အကောင်းဆုံး အာရုံစိုက်မှုတွေနဲ့ ကာကွယ်တားဆီးခဲ့ပါတယ်။

အယ်လီဆန်ကပဲ ဆက်လက်ပြီး “ ဝက်ဟမ်းနဲ့ ကစားရတိုင်း ခက်ခဲပါတယ်။ သူတို့က အသင်းကောင်းပါ။ ဒီအခြေအနေမှာ အရမ်းမကောင်းပေမယ့် သူတို့က အခွင့်အရေး ဖန်တီးမှုတွေကို လုပ်နိုင်စွမ်းရှိတဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။

ကျနေ်ာတို့ကလည်း အခွင့်အရေးတွေကို ဖန်တီးဖို့ လုံလောက်အောင် တည်ငြိမ်ခဲ့ပါတယ်။ ပင်နယ်တီရခဲ့ပြီး ဒုတိယပိုင်း အစမှာလည်း ဂိုးရယူနိုင်ခဲ့တယ်။ သူတို့ရဲ့ အခွင့်အရေးတွေကို ကျနေ်ာတို့ ကာကွယ်နိုင်ခဲ့တယ်။ အရေးကြီးဆုံး ရမှတ် သုံးမှတ်အတွက် လုပ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းကို ရင္ဆုိင္တဲ့ပြဲမွာ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို ျပသခဲ့သူ တစ္ဦးကေတာ့ ဂိုးသမား အယ္လီဆန္ပါ။ သူ႔ရဲ႕ အာရံုစိုက္မႈေကာင္းေတြ မပါပဲေတ့ာ ဝက္ဟမ္းနဲ႔ပြဲကို ဂိုးမေပးရေအာင္ လီဗာပူး လုပ္ႏုိင္ခဲ့မွာ မဟုတ္ပါဘူး။

ဘရာဇီး ဂိုးသမားက လက္ရွိ ကလပ္အသင္းရဲ႕ စိတ္ဓါတ္ပိုင္းေတြကို မရပ္တန္႔ေစပဲ ဆက္လက္ ထိန္းသိမ္းဖို႔နဲ႔ ျမင့္မားတဲ့ ရည္ရြယ္ခ်က္ေတြအတြက္ အစြမ္းကုန္ အားထုတ္ ၾကိဳးစားၾကဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းခဲ့တာျဖစ္ပါတယ္။

အယ္လီဆန္က “ က်ေန္ာတုိ႔ အျမဲတမ္း ေျပာခဲ့ျပီး အျမဲတမ္း ေျပာေနသလိုပဲ ေနာက္ထပ္ စိန္ေခၚမႈေတြကို အာရံုစိုက္ဖို႔ လိုပါတယ္။ ေနာက္ထပ္ ပြဲေတြကိုပါပဲ။ စေနေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ေနာက္ထပ္ပြဲကို က်ေန္ာတို႔ အာရံုစိုက္ေနပါတယ္။ ဒီရာသီအတြက္ အေရးၾကီးဆံုးက ေနာက္ထပ္ စိန္ေခၚမႈပါပဲ။ အႏုိင္ရဖို႔ က်ေန္ာတို႔ အစြမ္းကုန္ ၾကိဳးစားသြားမွာပါ။

က်ေန္ာတို႔ရဲ႕ အရည္အခ်င္းကို က်ေနာ္တုိ႔ သိတယ္။ က်ေန္ာတို႔ ဘယ္ေလာက္ထိ သြားႏုိင္သလဲဆိုတာကိုလည္း သိပါတယ္။ ဒါေပမယ့္ ကြင္းထဲမွာ အေကာင္းဆံုး စြမ္းေဆာင္ႏုိင္မွာ လိုခ်င္တဲ့ေနရာကို ေရာက္ေအာင္ သြားႏုိင္မွာပါ။ ပရီးမီးယားလိဂ္က အရမ္းျမင့္တဲ့ အဆင့္မွာ ရွိေနပါတယ္။ ဒါေၾကာင့္ က်ေန္ာတို႔ ရပ္လို႔ မရပါဘူး၊ ဆက္ကို သြားေနရမွာပါ ” လို႔ ဆိုခဲ့တယ္။

ဝက္ဟမ္းနဲ႔ပြဲမွာ ျပိဳင္ဘက္ ကစားသမားေတြက လီဗာပူးခံစစ္ကို ေက်ာ္ျဖတ္ျပီး ဂိုးေပါက္ထဲကို ျခိမ္းေျခာက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ဂိုးေပါက္ကို တာဝန္ယူတဲ့ အယ္လီဆန္က သူလုပ္ရမယ့္ အလုပ္ကို အေကာင္းဆံုး အာရံုစိုက္မႈေတြနဲ႔ ကာကြယ္တားဆီးခဲ့ပါတယ္။

အယ္လီဆန္ကပဲ ဆက္လက္ျပီး “ ဝက္ဟမ္းနဲ႔ ကစားရတိုင္း ခက္ခဲပါတယ္။ သူတို႔က အသင္းေကာင္းပါ။ ဒီအေျခအေနမွာ အရမ္းမေကာင္းေပမယ့္ သူတို႔က အခြင့္အေရး ဖန္တီးမႈေတြကို လုပ္ႏုိင္စြမ္းရွိတဲ့ အသင္းေကာင္းတစ္သင္း ျဖစ္ပါတယ္။

က်ေန္ာတို႔ကလည္း အခြင့္အေရးေတြကို ဖန္တီးဖို႔ လံုေလာက္ေအာင္ တည္ျငိမ္ခဲ့ပါတယ္။ ပင္နယ္တီရခဲ့ျပီး ဒုတိယပိုင္း အစမွာလည္း ဂိုးရယူႏုိင္ခဲ့တယ္။ သူတို႔ရဲ႕ အခြင့္အေရးေတြကို က်ေန္ာတုိ႔ ကာကြယ္ႏုိင္ခဲ့တယ္။ အေရးၾကီးဆံုး ရမွတ္ သံုးမွတ္အတြက္ လုပ္ႏုိုင္ခဲ့လို႔ ဝမ္းသာမိပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။