ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်က မနက်က ပွဲအပြီးမှာ လီဗာပူးကို လေးစားစွာ ချီူးကျုးမှု လုပ်ခဲ့ပါတယ်။ အဲဗာတန်နဲ့ ယူနိုက်တက်လို့ အသင်းတွေကို ကိုင်တွယ်ဖူးတဲ့ မန်နေဂျာတစ်ဦးအတွက်တော့ ဒါက ခက်ခဲတဲ့ ကိစ္စလို့လည်း သူက ဝန်ခံခဲ့ပါသေးတယ်။

မိုးယက်စ်က “ သူတို့က အရမ်းကောင်းပါတယ်။ အဲဗာတန်နဲ့ ယူနိုက်တက်တို့ကို ကိုင်တွယ်ဖူးတဲ့ မန်နေဂျာတစ်ယောက်အဖြစ် ဒီစကားကို ပြောဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် လီဗာပူးက သိပ်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

သူတို့ကို ရပ်တန့်ဖို့ ဘယ်လိုပင် ကြိုးစားပါစေ သူတို့မှာက အခြားနည်းလမ်းတွေ ရှိနေပါတယ် ဒါပေမယ့် အခြားသော အကောင်းဆုံးအသင်းတွေ၊ ပြိုင်ဘက်မန်နေဂျာတိုင်းက လီဗာပူးကို အနိုင်ယူနိုင်ဖို့ နည်းလမ်းတွေကို ကြိုးစား ရှာဖွေကြမှာဖြစ်ပါတယ်။ ” လို့ ဆိုတယ်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လီဗာပူးက အကောင်းဆုံးအသင်းလို့တော့ မပြောလိုပဲ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ကလည်း အသင်းကောင်းတွေ ပိုင်ဆိုင်ခဲ့သေးတာကို မိုးယက်စ်က ရှင်းပြခဲ့တယ်။ ဒါပေမယ့်လို့ ဒီဘတ်ခေတ်မှာ လူတိုင်းက အနိုင်မယူနိုင်ဘူးလို့ ထင်ခဲ့ကြတဲ့ မန်စီးတီးလို အဆင့်အတန်းကို လီဗာပူးအသင် ရောက်နေတယ်လို့ သူက ဝန်ခံတယ်။

စကော့သားကပဲ ဆက်လက်ပြီး “ အတိတ်က အာဆင်နယ်နဲ့ ယူနိုက်တက်တို့လို အသင်းကောင်းတွေလည်း ရှိခဲ့ကြတော့ လီဗာပူးကို အကောင်းဆုံးလို့ ပြောဖို့က ခက်ပါတယ်။ ကျနေ်ာတို့က ခြားနားတဲ့ အချိန်အခါကို ရောက်နေပြီး သူတို့ကို အကဲဖြတ်ဖို့ဆိုတာက ခက်ခဲပါတယ်။

ဒါပေမယ့် လွန်းခဲ့တဲ့ နှစ်နှစ်က မန်စီးတီးကို ဘယ်လို အသင်းကမှ အနိုင်မယူနိုင်ဘူးလို့ လူတိုင်းက ထင်ခဲ့ကြပြီး အခုချိန်မှာ လီဗာပူးက အဲ့လို အဆင့်အတန်းကို ရောက်နေတာ ဖြစ်ပါတယ်။ အားလုံးသော ထိပ်တန်းအသင်းတွေက လီဗာပူးကို အနိုင်ယူဖို့ ကြိုးစားကြပါလိမ့်မယ် ” လို့ သတိပေးခဲ့တာဖြစ်တယ်။

တည်ကန်ဘောတွေမှာ ကိုယ်က အခွင့်အရေးယူဖို့ထက် ဗန်ဒိုက်နဲ့ လွတ်အောင်ကို မနည်း အာရုံစိုက်နေရတာကိုလည်း မိုးယက်စ်က စိတ်ပျက်နေပါတယ်။ လီဗာပူးအသင်း ဒုတိယသွင်းဂိုးဟာ ဗန်ဒိုက်ရဲ့ ရှင်းထုတ်မှုကနေ အဆင့်ဆင့် ကောင်တာပြန်ဆင်ခဲ့ပြီး ဆာလက်က ချိန်ဘာလိန်ကို ပြီးပြည့်စုံတဲ့ ပေးမှုနဲ့ ဘောလုံးပေးခဲ့တာပါ။

“ ကောင်တာတိုက်စစ်မှာ လီဗာပူးရဲ့ လျှင်မြန်မှုကို ကျနေ်ာတို့ စကားပြောခဲ့တယ်။ ဒါပေမယ့် အရေးကြီးဆုံးက ဗန်ဒိုက်ရဲ့ ခေါင်းနဲ့ ဘောလုံးကို ခပ်ဝေးဝေးမှာ ရှိနေစေဖို့ပါ။ ထောင့်ကန်ဘောတွေကို သူကပဲ ခေါင်းဦးခဲ့ပြီး လျှင်မြန်တဲ့ တိုက်စစ်မှာ ဆာလက်က အဓိက ကျခဲ့တာကို မြင်ကြပါလိမ့်မယ်။ ကျနေ်ာတို့ အကောင်းဆုံး ကစားလာချိန်မှာ သူတို့ရဲ့ ကောင်တာတိုက်စစ်ကို ခွင့်ပြုရတာက စိတ်ပျက်စရာပါပဲ ” လို့ သူက ဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းမန္ေနဂ်ာ မိုးယက္စ္က မနက္က ပြဲအျပီးမွာ လီဗာပူးကို ေလးစားစြာ ခ်ီူးက်ဳးမႈ လုပ္ခ့ဲပါတယ္။ အဲဗာတန္နဲ႔ ယူႏုိက္တက္လို႔ အသင္းေတြကို ကိုင္တြယ္ဖူးတဲ့ မန္ေနဂ်ာတစ္ဦးအတြက္ေတာ့ ဒါက ခက္ခဲတဲ့ ကိစၥလို႔လည္း သူက ဝန္ခံခဲ့ပါေသးတယ္။

မိုးယက္စ္က “ သူတို႔က အရမ္းေကာင္းပါတယ္။ အဲဗာတန္နဲ႔ ယူႏိုက္တက္တို႔ကို ကိုင္တြယ္ဖူးတဲ့ မန္ေနဂ်ာတစ္ေယာက္အျဖစ္ ဒီစကားကို ေျပာဖို႔က ခက္ခဲပါတယ္။ ဒါေပမယ့္ လီဗာပူးက သိပ္ေကာင္းတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။

သူတို႔ကို ရပ္တန္႔ဖို႔ ဘယ္လိုပင္ ၾကိဳးစားပါေစ သူတို႔မွာက အျခားနည္းလမ္းေတြ ရွိေနပါတယ္ ဒါေပမယ့္ အျခားေသာ အေကာင္းဆံုးအသင္းေတြ၊ ျပိဳင္ဘက္မန္ေနဂ်ာတိုင္းက လီဗာပူးကို အႏုိင္ယူႏုိင္ဖို႔ နည္းလမ္းေတြကို ၾကိဳးစား ရွာေဖြၾကမွာျဖစ္ပါတယ္။ ” လို႔ ဆိုတယ္။

ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ လီဗာပူးက အေကာင္းဆံုးအသင္းလို႔ေတာ့ မေျပာလိုပဲ အာဆင္နယ္နဲ႔ ယူနုိက္တက္တုိ႔ကလည္း အသင္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ေသးတာကို မိုးယက္စ္က ရွင္းျပခဲ့တယ္။ ဒါေပမယ့္လို႔ ဒီဘတ္ေခတ္မွာ လူတိုင္းက အႏုိင္မယူႏုိင္ဘူးလို႔ ထင္ခဲ့ၾကတဲ့ မန္စီးတီးလို အဆင့္အတန္းကို လီဗာပူးအသင္ ေရာက္ေနတယ္လို႔ သူက ဝန္ခံတယ္။

စေကာ့သားကပဲ ဆက္လက္ျပီး “ အတိတ္က အာဆင္နယ္နဲ႔ ယူႏုိက္တက္တို႔လို အသင္းေကာင္းေတြလည္း ရွိခဲ့ၾကေတာ့ လီဗာပူးကို အေကာင္းဆံုးလို႔ ေျပာဖို႔က ခက္ပါတယ္။ က်ေန္ာတုိ႔က ျခားနားတဲ့ အခ်ိန္အခါကို ေရာက္ေနျပီး သူတို႔ကို အကဲျဖတ္ဖို႔ဆိုတာက ခက္ခဲပါတယ္။

ဒါေပမယ့္ လြန္းခဲ့တဲ့ ႏွစ္ႏွစ္က မန္စီးတီးကို ဘယ္လို အသင္းကမွ အႏုိင္မယူႏုိင္ဘူးလို႔ လူတိုင္းက ထင္ခဲ့ၾကျပီး အခုခ်ိန္မွာ လီဗာပူးက အဲ့လို အဆင့္အတန္းကို ေရာက္ေနတာ ျဖစ္ပါတယ္။ အားလံုးေသာ ထိပ္တန္းအသင္းေတြက လီဗာပူးကို အႏုိင္ယူဖို႔ ၾကိဳးစားၾကပါလိမ့္မယ္ ” လို႔ သတိေပးခဲ့တာျဖစ္တယ္။

တည္ကန္ေဘာေတြမွာ ကိုယ္က အခြင့္အေရးယူဖို႔ထက္ ဗန္ဒိုက္နဲ႔ လြတ္ေအာင္ကို မနည္း အာရံုစိုက္ေနရတာကိုလည္း မိုးယက္စ္က စိတ္ပ်က္ေနပါတယ္။ လီဗာပူးအသင္း ဒုတိယသြင္းဂိုးဟာ ဗန္ဒိုက္ရဲ႕ ရွင္းထုတ္မႈကေန အဆင့္ဆင့္ ေကာင္တာျပန္ဆင္ခဲ့ျပီး ဆာလက္က ခ်ိန္ဘာလိန္ကို ျပီးျပည့္စံုတဲ့ ေပးမႈနဲ႔ ေဘာလံုးေပးခဲ့တာပါ။

“ ေကာင္တာတိုက္စစ္မွာ လီဗာပူးရဲ႕ လွ်င္ျမန္မႈကို က်ေန္ာတုိ႔ စကားေျပာခဲ့တယ္။ ဒါေပမယ့္ အေရးၾကီးဆံုးက ဗန္ဒိုက္ရဲ႕ ေခါင္းနဲ႔ ေဘာလံုးကို ခပ္ေဝးေဝးမွာ ရွိေနေစဖို႔ပါ။ ေထာင့္ကန္ေဘာေတြကို သူကပဲ ေခါင္းဦးခဲ့ျပီး လွ်င္ျမန္တဲ့ တိုက္စစ္မွာ ဆာလက္က အဓိက က်ခဲ့တာကို ျမင္ၾကပါလိမ့္မယ္။ က်ေန္ာတုိ႔ အေကာင္းဆံုး ကစားလာခ်ိန္မွာ သူတို႔ရဲ႕ ေကာင္တာတိုက္စစ္ကို ခြင့္ျပဳရတာက စိတ္ပ်က္စရာပါပဲ ” လို႔ သူက ဆိုခ့ဲေသးတာျဖစ္ပါတယ္။