အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲဖြစ်တဲ့ လီဗာပူးနဲ့ ရှရူဘူရီပွဲကို မန်နေဂျာအဖြစ် ကလော့ပ် ကိုင်တွယ်မှာ မဟုတ်ပဲ သူဟာ အန်ဖီးကွင်းမှာလည်း ရှိနေမှာ မဟုတ်ပါဘူး။

သီးခြားအစီအစဉ်တွေအရ စီနီယာအသင်းသားတွေကော ယာဂင်ကလော့ပ်ပါ မရှိနိုင်ပေမယ့် အဆိုပါပွဲမှာ အီလီယော့၊ ကာတစ်ဂျုံး၊ ချီရီဗီလာတို့ ပါဝင်ကစားရမယ်လို့ သိထားရတာဖြစ်တယ်။ အဆိုပါပွဲကို ကလော့ပ်နဲ့ နည်းပြအဖွဲ့တို့ဟာ ကွင်းထဲက စောင့်ကြည့်မှာ မဟုတ်သလို တီဗီကနေလည်း ကြည့်နိုင်ဖွယ် မရှိတော့ပါဘူး။

ပြန်ကန်ပွဲအတွက် ရုပ်သံလွှင့်ခွင့် မရဖြစ်နေပြီး အင်္ဂလန်ရုပ်သံဖြစ်တဲ့ BBC က တူညီတဲ့ အချိန်အတွင်း ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်နဲ့ အော့ဖိုဒ့် ပွဲကိုပဲ ပြသသွားမှာဖြစ်တယ်။ BT Sport ကလည်း စပါးနဲ့ ဆောက်သမ်တန်တို့ရဲ့ အက်ဖ်အေ ပြန်ကန်ပွဲကိုပဲ ပြသသွားမှာဖြစ်ကာ လီဗာပူးပွဲကို ထုတ်လွှင့်မှာ မဟုတ်ပါဘူး။

တူညီတဲ့ အချိန် ဖြစ်နေခြင်းမှာ လီဗာပူးပွဲကို ပြသဖို့ မအောင်မြင်ဖြစ်ခဲ့တာဖြစ်ပြီး အန်ဖီးမှာ ယှဉ်ပြိုင်ကစားမယ့် အဆိုပါပွဲကို ယူ-၂၃ အသင်းကပဲ မန်နေဂျာနေးခရစ်ချ်လေနဲ့ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်။ ဒီပွဲအတွက် လက်မှတ်နှုန်းထားတွေကိုလည်း ကလပ်အသင်းဘက်က ကြီးကြီးမားမားကို လျော့ချထားပေးပြီဖြစ်ပါတယ်။

ဒီကိစ္စဟာ ရုပ်သံထုတ်လွှင့်မှုတွေမှာ ညိနှိုင်းမှု အဆင်မပြေခဲ့ခြင်းပဲဖြစ်ပြီး အခြားသော ကိစ္စတွေ မပါဘူးလို့ သိရတယ်။ အန်ဖီးကွင်းမှာ ယာဂင်ကလော့ပ် မရှိတာကြောင့် သူကိုယ်တိုင် တီဗီကနေ ကြည့်ခွင့်ရမှာ မဟုတ်သလို အင်္ဂလန်ပြည်တွင်း ထုတ်လွှင့်ခွင့်လည်း မရတာကြောင့် ပရိသတ်တွေလည်း ကြည့်နိုင်မှာ မဟုတ်ပါဘူး။

ကလပ်ဘက်ကတော့ စီနီယာအသင်းသားတွေကို အနားပေးထားပြီး အားလပ်ရက် တစ်ပတ်ခန့် ပေးသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ZAWGYI

အက္ဖ္ေအဖလား စတုတၳအဆင့္ ျပန္ကန္ပြဲျဖစ္တဲ့ လီဗာပူးနဲ႔ ရွရူဘူရီပြဲကို မန္ေနဂ်ာအျဖစ္ ကေလာ့ပ္ ကိုင္တြယ္မွာ မဟုတ္ပဲ သူဟာ အန္ဖီးကြင္းမွာလည္း ရွိေနမွာ မဟုတ္ပါဘူး။

သီးျခားအစီအစဥ္ေတြအရ စီနီယာအသင္းသားေတြေကာ ယာဂင္ကေလာ့ပ္ပါ မရွိႏုိင္ေပမယ့္ အဆိုပါပြဲမွာ အီလီေယာ့၊ ကာတစ္ဂ်ံဳး၊ ခ်ီရီဗီလာတို႔ ပါဝင္ကစားရမယ္လို႔ သိထားရတာျဖစ္တယ္။ အဆိုပါပြဲကို ကေလာ့ပ္နဲ႔ နည္းျပအဖြဲ႔တို႔ဟာ ကြင္းထဲက ေစာင့္ၾကည့္မွာ မဟုတ္သလို တီဗီကေနလည္း ၾကည့္ႏိုင္ဖြယ္ မရွိေတာ့ပါဘူး။

ျပန္ကန္ပြဲအတြက္ ရုပ္သံလႊင့္ခြင့္ မရျဖစ္ေနျပီး အဂၤလန္ရုပ္သံျဖစ္တဲ့ BBC က တူညီတဲ့ အခ်ိန္အတြင္း ယွဥ္ျပိဳင္ရမယ့္ နယူးကာဆယ္နဲ႔ ေအာ့ဖိုဒ့္ ပြဲကိုပဲ ျပသသြားမွာျဖစ္တယ္။ BT Sport ကလည္း စပါးနဲ႔ ေဆာက္သမ္တန္တို႔ရဲ႕ အက္ဖ္ေအ ျပန္ကန္ပြဲကိုပဲ ျပသသြားမွာျဖစ္ကာ လီဗာပူးပြဲကို ထုတ္လႊင့္မွာ မဟုတ္ပါဘူး။

တူညီတဲ့ အခ်ိန္ ျဖစ္ေနျခင္းမွာ လီဗာပူးပြဲကို ျပသဖို႔ မေအာင္ျမင္ျဖစ္ခဲ့တာျဖစ္ျပီး အန္ဖီးမွာ ယွဥ္ျပိဳင္ကစားမယ့္ အဆိုပါပြဲကို ယူ-၂၃ အသင္းကပဲ မန္ေနဂ်ာေနးခရစ္ခ်္ေလနဲ႔ ပါဝင္ယွဥ္ျပိဳင္သြားမွာျဖစ္တယ္။ ဒီပြဲအတြက္ လက္မွတ္ႏႈန္းထားေတြကိုလည္း ကလပ္အသင္းဘက္က ၾကီးၾကီးမားမားကို ေလ်ာ့ခ်ထားေပးျပီျဖစ္ပါတယ္။

ဒီကိစၥဟာ ရုပ္သံထုတ္လႊင့္မႈေတြမွာ ညိႏိႈင္းမႈ အဆင္မေျပခဲ့ျခင္းပဲျဖစ္ျပီး အျခားေသာ ကိစၥေတြ မပါဘူးလို႔ သိရတယ္။ အန္ဖီးကြင္းမွာ ယာဂင္ကေလာ့ပ္ မရွိတာေၾကာင့္ သူကိုယ္တိုင္ တီဗီကေန ၾကည့္ခြင့္ရမွာ မဟုတ္သလို အဂၤလန္ျပည္တြင္း ထုတ္လႊင့္ခြင့္လည္း မရတာေၾကာင့္ ပရိသတ္ေတြလည္း ၾကည့္ႏုိင္မွာ မဟုတ္ပါဘူး။

ကလပ္ဘက္ကေတာ့ စီနီယာအသင္းသားေတြကို အနားေပးထားျပီး အားလပ္ရက္ တစ္ပတ္ခန္႔ ေပးသြားဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။