ဝက်ဟမ်းနဲ့ ကစားပြီး ၃ ရက် မပြည့်ခင်မှာပဲ လီဗာပူးဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ဒီပွဲပြီးရင် အက်ဖ်အေပွဲကို လီဗာပူးက ယူ-၂၃ အသင်းနဲ့ပဲ ယှဉ်ပြိုင်မှာဖြစ်ကာ စီနီယာအသင်းတွေကို အနားပေးမှာပါ။ ၂ ပတ်နီးပါး ကြာမယ့် အဆိုပါ ရာသီဝက် အနားကာလပြီးရင်တော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေကို ပြန်လည် ယှဉ်ပြိုင်ရဖို့ ရှိလာမှာ ဖြစ်ပါတယ်။

ဆောက်သမ်တန်မှာ လီဗာပူးတိုက်စစ်မှူးဟောင်း ဒန်နီအင့် အတော်လေး ခြေစွမ်းထက်နေပြီး အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ် တို့နဲ့ ပြန်လည် ရင်ဆိုင်ရပါမယ်။ မိုင်ကယ်အိုဝင်က လီဗာပူး အနိုင်ရပေမယ့် ဂိုးပြန်ပေးရနိုင်ကြောင်း ပွဲကြို သုံးသပ်ခန့်မှန်း လုပ်သွားခဲ့ပါတယ်။

မိုင်ကယ် အိုဝင်က ” ဒီစာကို ရေးနေချိန်မှာ လီဗာပူးက လန်ဒန်ကွင်းမှာ ဝက်ဟမ်းနဲ့ ယှဉ်ပြိုင်နေရခြင်း မရှိသေးပပါဘူး။ ဒါပေမယ့် ဆောက်သမ်တန်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမယ့် ပွဲမတိုင်ခင်မှာ လီဗာပူးက အနည်းဆုံး ရမှတ် ၁၆ မှတ်တော့ အသာနဲ့ ဦးဆောင်ထားနေမယ်ဆိုတာ ကျနေ်ာတို့ အားလုံး သိကြပါတယ်။

ဆောက်သမ်တန်အသင်းဟာ ဒီရာသီ သူတို့ အနိုင်ရထားတဲ့ ရမှတ်တွေရဲ့ ၆၉% ကို အဝေးကွင်းပွဲတွေမှာ ရရှိထားခြင်းဖြစ်ပြီး လီဗာပူးကို ရင်ဆိုင်ရတဲ့ပွဲမှာလည်း ဟန်ဆယ်ဟော့က အမှတ်ပေးဇယား ဦးဆောင်သူ အသင်းကို စမ်းသမ်းပြဖို့ ရှိနေပေမယ့် အနီရောင်တွေကပဲ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့အရေးကို ရှေ့ခြေတစ်လှမ်း တိုးနိုင်လိမ့်မယ်လို့ ကျနေ်ာ ထင်ပါတယ် ” လို့ သုံးသပ်ခဲ့တယ်။

လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲအတွက် ရလဒ်ခန့်မှန်းမှာတော့ လီဗာပူး အနိုင်ရမှာ ဖြစ်ပေပမယ့် နှစ်သင်းလုံး ဂိုးသွင်းလိမ့်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းနဲ႔ ကစားျပီး ၃ ရက္ မျပည့္ခင္မွာပဲ လီဗာပူးဟာ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲအျဖစ္ ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။

ဒီပြဲျပီးရင္ အက္ဖ္ေအပြဲကို လီဗာပူးက ယူ-၂၃ အသင္းနဲ႔ပဲ ယွဥ္ျပိဳင္မွာျဖစ္ကာ စီနီယာအသင္းေတြကို အနားေပးမွာပါ။ ၂ ပတ္နီးပါး ၾကာမယ့္ အဆိုပါ ရာသီဝက္ အနားကာလျပီးရင္ေတာ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြကို ျပန္လည္ ယွဥ္ျပိဳင္ရဖို႔ ရွိလာမွာ ျဖစ္ပါတယ္။

ေဆာက္သမ္တန္မွာ လီဗာပူးတိုက္စစ္မွဴးေဟာင္း ဒန္နီအင့္ အေတာ္ေလး ေျခစြမ္းထက္ေနျပီး အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္ တို႔နဲ႔ ျပန္လည္ ရင္ဆိုင္ရပါမယ္။ မိုင္ကယ္အိုဝင္က လီဗာပူး အႏုိင္ရေပမယ့္ ဂိုးျပန္ေပးရႏုိင္ေၾကာင္း ပြဲၾကိဳ သံုးသပ္ခန္႔မွန္း လုပ္သြားခဲ့ပါတယ္။

မိုင္ကယ္ အိုဝင္က ” ဒီစာကို ေရးေနခ်ိန္မွာ လီဗာပူးက လန္ဒန္ကြင္းမွာ ဝက္ဟမ္းနဲ႔ ယွဥ္ျပိဳင္ေနရျခင္း မရွိေသးပပါဘူး။ ဒါေပမယ့္ ေဆာက္သမ္တန္ကို အန္ဖီးကြင္းမွာ ဧည့္ခံရမယ့္ ပြဲမတိုင္ခင္မွာ လီဗာပူးက အနည္းဆံုး ရမွတ္ ၁၆ မွတ္ေတာ့ အသာနဲ႔ ဦးေဆာင္ထားေနမယ္ဆိုတာ က်ေန္ာတို႔ အားလံုး သိၾကပါတယ္။

ေဆာက္သမ္တန္အသင္းဟာ ဒီရာသီ သူတို႔ အႏုိင္ရထားတဲ့ ရမွတ္ေတြရဲ႕ ၆၉% ကို အေဝးကြင္းပြဲေတြမွာ ရရွိထားျခင္းျဖစ္ျပီး လီဗာပူးကို ရင္ဆိုင္ရတဲ့ပြဲမွာလည္း ဟန္ဆယ္ေဟာ့က အမွတ္ေပးဇယား ဦးေဆာင္သူ အသင္းကို စမ္းသမ္းျပဖို႔ ရွိေနေပမယ့္ အနီေရာင္ေတြကပဲ ပထမဆံုးအၾကိမ္ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔အေရးကို ေရွ႔ေျခတစ္လွမ္း တိုးႏုိင္လိမ့္မယ္လို႔ က်ေန္ာ ထင္ပါတယ္ ” လို႔ သံုးသပ္ခဲ့တယ္။

လီဗာပူးနဲ႔ ေဆာက္သမ္တန္ပြဲအတြက္ ရလဒ္ခန္႔မွန္းမွာေတာ့ လီဗာပူး အႏုိင္ရမွာ ျဖစ္ေပပမယ့္ ႏွစ္သင္းလံုး ဂိုးသြင္းလိမ့္မယ္လို႔ ျဖစ္ပါတယ္။