မနက်က ယှဉ်ပြိုင်ကစားတဲ့ ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာတော့ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ပွဲစဉ် ၂၄ ကစားပြီး ရမှတ် ၇၀ ဖြင့် အမှတ်ပေးဇယားကို ၁၉ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်ကျန် ပွဲစဉ် ၁၄ ပွဲအနက် ၈ ပွဲ အနိုင်ရရင်ကို အမှတ်ပေးဖလား အနိုင်ရမှာဖြစ်တဲ့ လီဗာပူးဟာ ဝက်ဟမ်းနဲ့ပွဲအပြီးမှာတော့ ဘောလုံးရာသီ တစ်ခုအတွင်း ပြိုင်ဘက်အားလုံးကို အနိုင်ရခြင်းနဲ့ အမှတ်ပေးပြိုင်ပွဲအတွင်း နိုင်ပွဲဆက်မှု စံချိန်တွေမှာ မှတ်တမ်းသစ်တွေကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း လီဗာပူးဟာ ပြိုင်ဘက်အသင်း ၁၉ သင်းလုံးကို အနိုင်ရခဲ့ပြီဖြစ်တယ်။ ပထမအကျော့တုန်းက ဝက်ဟမ်းနဲ့ပွဲကို ရက်ရွှေ့ထားခဲ့တာဖြစ်ပြီး ဒီမနက်မှ ပွဲကျန်ကို ယှဉ်ပြိုင်ကစားခဲ့ရတာပါ။ အဆိုပါပွဲကို အနိုင်ရခဲ့တာကြောင့် ဘောလုံးရာသီတစ်ခုအတွင်း ပြိုင်ဘက်အားလုံးကို အနိုင်ရတဲ့ မှတ်တမ်းအား အသင်းတည်ထောင်တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ရရှိခဲ့တာဖြစ်တယ်။

ဒီရာသီမှာ ယူနိုက်တက်ကို တစ်ကြိမ် သရေကျတာကလွဲလို့ ပြိုင်ဘက် အသင်းတိုင်းကို အနိုင်ရထားတဲ့ လီဗာပူးဟာ အမှတ်ပေးပွဲပေါင်း ၄၁ ပွဲထိ အရေးမနိမ့်ထားခြင်းဖြစ်တယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာတော့ ချယ်ဆီးရဲ့ ပွဲ ၄၀ အရံှူးမရှိဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ဒုတိယနေရာကို ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အချိန်အကြာဆုံး ရံှူးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်ထားတာက အာဆင်နယ်ဖြစ်ပြီး ၄၉ ပွဲ ဖြစ်ပါတယ်။ လီဗာပူးဟာ ဥရောပ လိဂ်ကြီးတွေအတွင်း ရမှတ်အများဆုံးနဲ့ အမှတ်ပေးလိဂ်ကို ဦးဆောင်ထားတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်သလို၊ ဥရောပလိဂ်တွေထဲ တစ်သင်းတည်းသော တစ်ရာသီ ရံှူးပွဲမရှိအသင်း၊ အမှတ်ပေးဇယားကို ရမှတ် အဖြတ်ထားနိုင်ဆုံး အသင်းအဖြစ်လည်း မှတ်တမ်းတွေ ရထားတာဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ဝက္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ ပြဲအျပီးမွာေတာ့ ၂-၀ နဲ႔ အႏုိင္ရခဲ့တဲ့ လီဗာပူးဟာ ပြဲစဥ္ ၂၄ ကစားျပီး ရမွတ္ ၇၀ ျဖင့္ အမွတ္ေပးဇယားကို ၁၉ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။

လက္က်န္ ပြဲစဥ္ ၁၄ ပြဲအနက္ ၈ ပြဲ အႏုိင္ရရင္ကို အမွတ္ေပးဖလား အႏုိင္ရမွာျဖစ္တဲ့ လီဗာပူးဟာ ဝက္ဟမ္းနဲ႔ပြဲအျပီးမွာေတာ့ ေဘာလံုးရာသီ တစ္ခုအတြင္း ျပိဳင္ဘက္အားလံုးကို အႏုိင္ရျခင္းနဲ႔ အမွတ္ေပးျပိဳင္ပြဲအတြင္း ႏုိင္ပြဲဆက္မႈ စံခ်ိန္ေတြမွာ မွတ္တမ္းသစ္ေတြကို စိုက္ထူႏုိင္ခဲ့တာျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြင္း လီဗာပူးဟာ ျပိဳင္ဘက္အသင္း ၁၉ သင္းလံုးကို အႏုိင္ရခဲ့ျပီျဖစ္တယ္။ ပထမအေက်ာ့တုန္းက ဝက္ဟမ္းနဲ႔ပြဲကို ရက္ေရႊ႔ထားခဲ့တာျဖစ္ျပီး ဒီမနက္မွ ပြဲက်န္ကို ယွဥ္ျပိဳင္ကစားခဲ့ရတာပါ။ အဆိုပါပြဲကို အႏုိင္ရခဲ့တာေၾကာင့္ ေဘာလံုးရာသီတစ္ခုအတြင္း ျပိဳင္ဘက္အားလံုးကို အႏုိင္ရတဲ့ မွတ္တမ္းအား အသင္းတည္ေထာင္တဲ့ သမုိင္းတစ္ေလွ်ာက္ ပထမဆံုး အၾကိမ္အျဖစ္ ရရွိခဲ့တာျဖစ္တယ္။

ဒီရာသီမွာ ယူႏိုက္တက္ကို တစ္ၾကိမ္ သေရက်တာကလြဲလို႔ ျပိဳင္ဘက္ အသင္းတိုင္းကို အႏုိင္ရထားတဲ့ လီဗာပူးဟာ အမွတ္ေပးပြဲေပါင္း ၄၁ ပြဲထိ အေရးမနိမ့္ထားျခင္းျဖစ္တယ္။ ဒါဟာ ပရီးမီးယားလိဂ္မွာေတာ့ ခ်ယ္ဆီးရဲ႕ ပြဲ ၄၀ အရံွဴးမရွိဆိုတဲ့ စံခ်ိန္ကို ေက်ာ္ျဖတ္ျပီး ဒုတိယေနရာကို ေရာက္လာခဲ့ျခင္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္သမုိင္းမွာ အခ်ိန္အၾကာဆံုး ရံွဴးပြဲမရွိ စံခ်ိန္ကို ပိုင္ဆုိင္ထားတာက အာဆင္နယ္ျဖစ္ျပီး ၄၉ ပြဲ ျဖစ္ပါတယ္။ လီဗာပူးဟာ ဥေရာပ လိဂ္ၾကီးေတြအတြင္း ရမွတ္အမ်ားဆံုးနဲ႔ အမွတ္ေပးလိဂ္ကို ဦးေဆာင္ထားတဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္သလို၊ ဥေရာပလိဂ္ေတြထဲ တစ္သင္းတည္းေသာ တစ္ရာသီ ရံွဴးပြဲမရွိအသင္း၊ အမွတ္ေပးဇယားကို ရမွတ္ အျဖတ္ထားႏုိင္ဆံုး အသင္းအျဖစ္လည္း မွတ္တမ္းေတြ ရထားတာျဖစ္ပါတယ္။