လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ် သူတော်စင်တွေလို့ နာမည်ပြောင်ရထားတဲ့ စိန့်ကို အန်ဖီးကွင်းမှာ အလင်းပြပြီး ပွဲအပြီးမှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ကာ အမှတ်ပေးဇယား ရမှတ်ကွာဟမှုကို ထပ်တိုးခဲ့ပါတယ်။

ဒီပွဲမှာတော့ မန်နေဂျာယာဂင်ကလော့ပ်ဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ဖာဘင်ညိုကို ကွင်းလယ်ခံစစ်မှာ ထုတ်သုံးခဲ့ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ကွင်းလယ်အလှုပ်ထားကာ ချိန်ဘာလိန်ကိုတော့ ဘယ်ခြမ်းကို ပို့ခဲ့တာဖြစ်တယ်။ ဒါကလွဲရင် ကျန်နေရာတွေမှာ အမာခံ ကစားသမားတွေကိုပဲ ထုတ်သုံးခဲ့ပြီး စိန့်ကို ရင်ဆိုင်ပါတယ်။

ပွဲအစမှာတင် လီဗာပူးကို စိန့်ဘက်က အတော်လေးကို အလှုပ်ရှုပ်စေခဲ့ပါတယ်။ စိန့်ဟာ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်း အတိုးတက်ဆုံး အသင်းတစ်သင်းဖြစ်ပြီး ဒီအခြေအနေမှာ ထိပ်သီး ခြောက်သင်းပြင်ပက ရင်ဆိုင်ရအခက်ခဲဆုံး အသင်းပါလို့ ကလော့ပ်က ပြောထားပြီး ဒါက မှန်ကန်တယ်ဆိုတာကို သူတို့တွေ သက်သေပြခဲ့ပါတယ်။

လီဗာပူးခံစစ်အတွဲဖြစ်တဲ့ ဂိုးမက်စ်နဲ့ ဗန်ဒိုက်တို့ ပထမပိုင်းမှာ နားလည်မှုတွေ လွဲနေခဲ့သလို ဖာဘင်ညိုကလည်း သူ့နေရာကို ပြန်ယူမှုမှာ ခြေစွမ်းမတည်ငြိမ်ပဲ စိန့်ဘက်က တိုက်စစ်က ပွင့်ထွက်လာတာကို မြင်နေရတယ်။ ချိန်ဘာလိန်ကလည်း သူ့နေရာ မဟုတ်တဲ့ ဘယ်တောင်ပံမှာ ကစားနေရတာကြောင့် နေရာယူမှု မမှန်ကန်ဖြစ်နေပြီး အတက်အဆင်း လုပ်နေရတဲ့ ရော်ဘတ်ဆန်ပါ လမ်းကြောင်းရှာဖို့ ရုန်းကန်နေခဲ့ရတယ်။

ပထမပိုင်းမှာ လီဗာပူးက အခွင့်အရေးရသလို စိန့်ဘက်ကလည်း အခွင့်အရေးတွေရခဲ့တယ်။ ဧရိယာထဲ အယ်လီဆန်နဲ့ တစ်ဦးချင်းတွေ့ရာမှာ အင့် အဆုံးမသတ်ပဲ အသင်းဖော်ကို ထိုးပေးဖို့ ကြိုးစားတာက အံ့အားသင့်စရာဖြစ်သလို ဧရိယာထဲ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဗန်ဒိုက် နောက်ပေါက်နဲ့ ပိတ်သွင်းပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ စိန့်ဟာ အတော်လေးကို ဒုက္ခပေးခဲ့ပြီး အဖွင့်ဂိုးတောင် ရနိုင်ချေ များခဲ့တာဖြစ်တယ်။

ဒုတိယပိုင်းမှာတော့ ပွဲစပြီး သိပ်မကြာခင်မှာပဲ ချိန်ဘာလိန် ဂိုးသွင်းပေးခဲ့တယ်။ ဒီဂိုးဟာ ရော်ဘတ်ဆန်ရဲ့ လှုပ်အားနဲ့ ဖာမင်နိုရဲ့ ပေးမှုကနေ ချိန်ဘာလိန်ကပဲ အဝေးကစ်နဲ့ ကန်သွင်းသွားခဲ့တာပါ။ ဂိုးရပြီးနောက် လီဗာပူးရဲ့ ကစားပုံက အတော်လေးကို တက်လာခဲ့ပြီး စိန့်ဘက်က တဖြေးဖြေး အောက်စည်းကို ရောက်လာခဲ့တယ်။

ဒုတိယဂိုး မရခင်မှာ ဆာလက် အဆုံးသတ်မှုက လူကျွံဘောဖြစ်နေခဲ့တယ်။ အဲ့ဂိုးအတွက် ခံစစ်ကနေ တိုက်စစ်ကို ရွေ့သွားပုံက ကောင်းမွန်ခဲ့တာဖြစ်တယ်။ ကိုယ်ဘက်ခြမ်း ကွင်းတစ်ဝက်လောက်ကနေ ထရန့် မတင်ပေးတာကို ဖာမင်နိုက ဘောလုံးထိန်းပြီး ဧရိယာထဲ ချပေးရာကနေ အသင်းခေါင်းဆောင် ဟန်ဒါဆန် အပြင်းပိတ်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

အဲ့သည်ဂိုးကတော့ ဒီကနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားနှစ်ဦးဖြစ်တဲ့ ဖာမင်နိုနဲ့ ဟန်ဒါဆန်တို့ရဲ့ တွဲလုံးပါပဲ။ ဟန်ဒါဆန်ဟာ ကွင်းလယ်ခံစစ်မှာ ကစားခဲ့စဉ်က အကောင်းဆုံး ကွင်းလယ်ခံစစ်ဖြစ်သလို ရှေ့ကို တက်ကစားရာမှာလည်း ဂိုးရယူပြနေပြီး ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုကို ချိန်ရွယ်နေပါပြီ။ ဖာမင်နိုကတော့ လီဗာပူးတိုက်စစ်ရဲ့ အသက်ဖြစ်ပြီး သူ့ရဲ့ အမြင်စူးရှတဲ့ ဖန်တီးမှု နှစ်ခု သွင်းဂိုးနှစ်ဂိုး ဖြစ်စေခဲ့ပါတယ်။

ဆက်ပြီးလည်း ဟန်ဒါဆန်ရဲ့ ပြောင်မြောက်တဲ့ ပေးမှုကို စိန့်ဘက်က ဟန့်တားပေမယ့် အပြည့်အဝ မရှင်းထုတ်နိုင်ရာက ဆာလက်ကပဲ ဧရိယာထဲထိ ဆွဲပြေးပြီး ဂိုးသမားကို ကျော်ကာ အဆုံးသတ်ခဲ့ပါတယ်။ ဆက်လက်ပြီးလည်း အခွင့်အရေးတွေ ရခဲ့ကာ ဆာလက်ရဲ့ ရက်ရောလှတဲ့ ထိုးပေးမှုကို ကီတာ ဂိုးပေါက် မတွေ့ခဲ့ဘူး။ ဆက်ပြီး ဖာဘင်ညိုရဲ့ ဘောလုံးလုယူပေးမှုကနေ ဆာလက်နဲ့ ဖာမင်နို နှစ်ဦး တွဲဘက်ရာက ဆာလက်ကပဲ နောက်ထပ် တစ်ဂိုး ရယူသွားခဲ့ပါတယ်။

ဆာလက်ဟာ ဒီပွဲမှာ တိုက်စစ် တစ်ဦးချင်းအနေအထားတွေ အတော်ကို ကောင်းခဲ့ပြီး ဖာမင်နိုရဲ့ သွင်းဂိုးဖန်တီးမှုတွေကလည်း အခရာဖြစ်ခဲ့တာပါ။ ပထမပိုင်းမှာ ခြေစွမ်း လိုအပ်ချက်များခဲ့ပေမယ့် လီဗာပူးရဲ့ ဒုတိယပိုင်း ခြေစွမ်းက အရမ်းကို ကောင်းခဲ့ပြီး အမှတ်ပေးဇယား ရမှတ်ဖြတ်မှုကို ၂၂ မှတ်ထိ တိုးခဲ့ကာ ရံှူးပွဲမရှိ စံချိန်ကိုလည်း ဆက်လက် ရှည်ကြာခဲ့ပါပြီ။

ZAWGYI

လီဗာပူးဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၅ အျဖစ္ သူေတာ္စင္ေတြလို႔ နာမည္ေျပာင္ရထားတဲ့ စိန္႔ကို အန္ဖီးကြင္းမွာ အလင္းျပျပီး ပြဲအျပီးမွာ ၄-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရသြားခဲ့ကာ အမွတ္ေပးဇယား ရမွတ္ကြာဟမႈကို ထပ္တိုးခဲ့ပါတယ္။

ဒီပြဲမွာေတာ့ မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဒဏ္ရာက ျပန္သက္သာလာတဲ့ ဖာဘင္ညိဳကို ကြင္းလယ္ခံစစ္မွာ ထုတ္သံုးခဲ့ျပီး အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ကြင္းလယ္အလႈပ္ထားကာ ခ်ိန္ဘာလိန္ကိုေတာ့ ဘယ္ျခမ္းကို ပို႔ခဲ့တာျဖစ္တယ္။ ဒါကလြဲရင္ က်န္ေနရာေတြမွာ အမာခံ ကစားသမားေတြကိုပဲ ထုတ္သံုးခဲ့ျပီး စိန္႔ကို ရင္ဆိုင္ပါတယ္။

ပြဲအစမွာတင္ လီဗာပူးကို စိန္႔ဘက္က အေတာ္ေလးကို အလႈပ္ရႈပ္ေစခဲ့ပါတယ္။ စိန္႔ဟာ ပရီးမီးယားလိဂ္ရဲ႕ ေျခစြမ္း အတိုးတက္ဆံုး အသင္းတစ္သင္းျဖစ္ျပီး ဒီအေျခအေနမွာ ထိပ္သီး ေျခာက္သင္းျပင္ပက ရင္ဆုိင္ရအခက္ခဲဆံုး အသင္းပါလို႔ ကေလာ့ပ္က ေျပာထားျပီး ဒါက မွန္ကန္တယ္ဆိုတာကို သူတို႔ေတြ သက္ေသျပခဲ့ပါတယ္။

လီဗာပူးခံစစ္အတြဲျဖစ္တဲ့ ဂိုးမက္စ္နဲ႔ ဗန္ဒိုက္တို႔ ပထမပိုင္းမွာ နားလည္မႈေတြ လြဲေနခဲ့သလို ဖာဘင္ညိဳကလည္း သူ႔ေနရာကို ျပန္ယူမႈမွာ ေျခစြမ္းမတည္ျငိမ္ပဲ စိန္႔ဘက္က တိုက္စစ္က ပြင့္ထြက္လာတာကို ျမင္ေနရတယ္။ ခ်ိန္ဘာလိန္ကလည္း သူ႔ေနရာ မဟုတ္တဲ့ ဘယ္ေတာင္ပံမွာ ကစားေနရတာေၾကာင့္ ေနရာယူမႈ မမွန္ကန္ျဖစ္ေနျပီး အတက္အဆင္း လုပ္ေနရတဲ့ ေရာ္ဘတ္ဆန္ပါ လမ္းေၾကာင္းရွာဖို႔ ရုန္းကန္ေနခဲ့ရတယ္။

ပထမပိုင္းမွာ လီဗာပူးက အခြင့္အေရးရသလို စိန္႔ဘက္ကလည္း အခြင့္အေရးေတြရခဲ့တယ္။ ဧရိယာထဲ အယ္လီဆန္နဲ႔ တစ္ဦးခ်င္းေတြ႔ရာမွာ အင့္ အဆံုးမသတ္ပဲ အသင္းေဖာ္ကို ထိုးေပးဖို႔ ၾကိဳးစားတာက အံ့အားသင့္စရာျဖစ္သလို ဧရိယာထဲ လူကၽြံေထာင္ေခ်ာက္ကို ေဖာက္ထြက္ျပီး ဗန္ဒိုက္ ေနာက္ေပါက္နဲ႔ ပိတ္သြင္းေပမယ့္ ဂိုးသမား ကာကြယ္ႏုိင္ခဲ့ပါတယ္။ ပထမပိုင္းမွာ စိန္႔ဟာ အေတာ္ေလးကို ဒုကၡေပးခဲ့ျပီး အဖြင့္ဂိုးေတာင္ ရႏုိင္ေခ် မ်ားခဲ့တာျဖစ္တယ္။

ဒုတိယပိုင္းမွာေတာ့ ပြဲစျပီး သိပ္မၾကာခင္မွာပဲ ခ်ိန္ဘာလိန္ ဂိုးသြင္းေပးခဲ့တယ္။ ဒီဂိုးဟာ ေရာ္ဘတ္ဆန္ရဲ႕ လႈပ္အားနဲ႔ ဖာမင္ႏိုရဲ႕ ေပးမႈကေန ခ်ိန္ဘာလိန္ကပဲ အေဝးကစ္နဲ႔ ကန္သြင္းသြားခဲ့တာပါ။ ဂိုးရျပီးေနာက္ လီဗာပူးရဲ႕ ကစားပံုက အေတာ္ေလးကို တက္လာခဲ့ျပီး စိန္႔ဘက္က တေျဖးေျဖး ေအာက္စည္းကို ေရာက္လာခ့ဲတယ္။

ဒုတိယဂိုး မရခင္မွာ ဆာလက္ အဆံုးသတ္မႈက လူကၽြံေဘာျဖစ္ေနခဲ့တယ္။ အဲ့ဂိုးအတြက္ ခံစစ္ကေန တိုက္စစ္ကို ေရြ႔သြားပံုက ေကာင္းမြန္ခဲ့တာျဖစ္တယ္။ ကိုယ္ဘက္ျခမ္း ကြင္းတစ္ဝက္ေလာက္ကေန ထရန္႔ မတင္ေပးတာကို ဖာမင္ႏိုက ေဘာလံုးထိန္းျပီး ဧရိယာထဲ ခ်ေပးရာကေန အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ အျပင္းပိတ္သြင္းျပီး ဒုတိယ ဦးေဆာင္ဂိုး ရယူခဲ့ပါတယ္။

အဲ့သည္ဂိုးကေတာ့ ဒီကေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားႏွစ္ဦးျဖစ္တဲ့ ဖာမင္ႏိုနဲ႔ ဟန္ဒါဆန္တို႔ရဲ႕ တြဲလံုးပါပဲ။ ဟန္ဒါဆန္ဟာ ကြင္းလယ္ခံစစ္မွာ ကစားခဲ့စဥ္က အေကာင္းဆံုး ကြင္းလယ္ခံစစ္ျဖစ္သလို ေရွ႔ကို တက္ကစားရာမွာလည္း ဂိုးရယူျပေနျပီး ဒီရာသီ ပရီးမီးယားလိဂ္အေကာင္းဆံုး ကစားသမားဆုကို ခ်ိန္ရြယ္ေနပါျပီ။ ဖာမင္ႏုိကေတာ့ လီဗာပူးတိုက္စစ္ရဲ႕ အသက္ျဖစ္ျပီး သူ႔ရဲ႕ အျမင္စူးရွတဲ့ ဖန္တီးမႈ ႏွစ္ခု သြင္းဂိုးႏွစ္ဂိုး ျဖစ္ေစခဲ့ပါတယ္။

ဆက္ျပီးလည္း ဟန္ဒါဆန္ရဲ႕ ေျပာင္ေျမာက္တဲ့ ေပးမႈကို စိန္႔ဘက္က ဟန္႔တားေပမယ့္ အျပည့္အဝ မရွင္းထုတ္ႏုိင္ရာက ဆာလက္ကပဲ ဧရိယာထဲထိ ဆြဲေျပးျပီး ဂိုးသမားကို ေက်ာ္ကာ အဆံုးသတ္ခဲ့ပါတယ္။ ဆက္လက္ျပီးလည္း အခြင့္အေရးေတြ ရခဲ့ကာ ဆာလက္ရဲ႕ ရက္ေရာလွတဲ့ ထိုးေပးမႈကို ကီတာ ဂိုးေပါက္ မေတြ႔ခဲ့ဘူး။ ဆက္ျပီး ဖာဘင္ညိဳရဲ႕ ေဘာလံုးလုယူေပးမႈကေန ဆာလက္နဲ႔ ဖာမင္ႏို ႏွစ္ဦး တြဲဘက္ရာက ဆာလက္ကပဲ ေနာက္ထပ္ တစ္ဂိုး ရယူသြားခဲ့ပါတယ္။

ဆာလက္ဟာ ဒီပြဲမွာ တိုက္စစ္ တစ္ဦးခ်င္းအေနအထားေတြ အေတာ္ကို ေကာင္းခဲ့ျပီး ဖာမင္ႏိုရဲ႕ သြင္းဂိုးဖန္တီးမႈေတြကလည္း အခရာျဖစ္ခဲ့တာပါ။ ပထမပိုင္းမွာ ေျခစြမ္း လိုအပ္ခ်က္မ်ားခဲ့ေပမယ့္ လီဗာပူးရဲ႕ ဒုတိယပိုင္း ေျခစြမ္းက အရမ္းကို ေကာင္းခဲ့ျပီး အမွတ္ေပးဇယား ရမွတ္ျဖတ္မႈကို ၂၂ မွတ္ထိ တုိးခဲ့ကာ ရံွဴးပြဲမရွိ စံခ်ိန္ကိုလည္း ဆက္လက္ ရွည္ၾကာခဲ့ပါျပီ။