ဇန်နဝါရီလအတွက် လီဗာပူးအသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး ဆာလက်က ရရှိသွားပါတယ်။

လီဗာပူးဥက္ကဌဟောင်း ဆာ မာတင် ဘရိုက်တန်က အသင်းပိုင်ရှင် ဂျွန်ဟင်နရီကို အင်္ဂလန်က အမ်းမရိတ်ကွင်းကို လိုက်ပြခဲ့ပြီး သမိုင်းဝင်ကွင်းတွေကို စွန့်ခွာရင် အသင်းစိတ်ဝိဉာဉ် ပျောက်ဆုံးနိုင်တဲ့ အနေအထားကို ပြသခဲ့တာကြောင့် ဂျွန်ဟင်နရီက အန်ဖီးကိုပဲ အဆင့်မြင့်တင်ဖို သဘောတူခဲ့ခြင်း ဖြစ်ပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်က အင်္ဂလန်မှာ ဂျော်ဒန်ဟန်ဒါဆန်အပေါ် တန်ဖိုးဖြတ်မှုက နည်းပါးပြီး အခုမှပဲ အသင်းခေါင်းဆောင်က သူနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ ရလာတာလို့ ဝေဖန်လိုက်ပါတယ်။

တိုက်စစ်မှူးမာနေးက လီဗာပူးတီဗီအတွက် အစီအစဉ်တစ်ခုမှာ အယ်လီဆန်ကို မေးခွင့်ရှိရင် ဘာမေးလိုသလဲဆိုတာနဲ့ ပက်သက်ပြီး အယ်လီရဲ့ ပထမဆုံး လီဗာပူးကို အလာမှာ ဆောင်းခဲ့တဲ့ ဦးထုပ်အကြောင်း မေးခဲ့ကာ သူလည်း တစ်လုံးလိုချင်တယ်လို့ ဆိုသွားခဲ့ပါတယ်။

မနက်ပိုင်းက လီဗာပူးရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ တာကူမီ အပါအဝင် အဓိက ကစားသမားအားလုံး ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ပါဝင်နေပါတယ်။

မန်နေဂျာကလော့ပ်က သစ္စာတရားရှိတဲ့ ဘောလုံးသမားတွေကို အထူးနှစ်သက်သူဖြစ်ပြီး ကော်တင်ညိုဟာ သူ့အပေါ်နဲ့ လီဗာပူးအပေါ် သစ္စာမဲ့ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အခါအခွင့်သင့်ချိန်မှာ ကော်တင်ညိုကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားပေမယ့် ငွေကြေးကို အရင်ရှေ့တန်းပြန်တင်ခဲ့ပြီး သင့်လျော်မှုမရှိဘူးလို့ ယူဆတာကြောင့် နောက်ဆုတ်ခဲ့ပါတယ်။

မက်ဒရစ်က ချန်ပီယံလိဂ် ဗိုလ်ဆွဲခဲ့တဲ့ညမှာ ပရိသတ်တွေရဲ့ မက်ဒရစ်မြို့တွင်း အားပေးပုံကို မြင်ခဲ့အပြီး မန်နေဂျာယာဂင်ကလော့ပ်ဟာ အသင်းပရိသတ်တွေရဲ့ ထောက်ပံံ့မှုကို စိတ်ခံစားရလွန်းလို့ ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။

မက်ဒရစ်က လီဗာပူးအားပေးသူတွေကို ကျော်ကြားတဲ့ လီဗာပူးသီချင်းတွေနဲ့ ဖျော်ဖြေသူ ဝဘ်စတားကို အသင်းလက်ထောက် နည်းပြ ပပ်လင်ဒါးက ညပါတီမှာ ဂိုးမက်စ်၊ ဘရူးစတားတို့ထက် အရင်ဆုံး ဖလားကိုင်ပြီး ဓါတ်ပုံရိုက်ခွင့်ပေးကာ ဂုဏ်ပြုခဲ့ပါတယ်။

အာဂျင်တီးနားမန်နေဂျာ စကာလိုနီက ကမ္ဘာပေါ်မှာ လီဗာပူးကလွဲရင် အနိုင်ယူလို့မရတဲ့ အသင်းဆိုတာ မရှိဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။

ZAWGYI

ဇန္နဝါရီလအတြက္ လီဗာပူးအသင္းရဲ႕ တစ္လတာ အေကာင္းဆံုး ကစားသမားဆုကို တိုက္စစ္မွဴး ဆာလက္က ရရွိသြားပါတယ္။

လီဗာပူးဥကၠဌေဟာင္း ဆာ မာတင္ ဘရိုက္တန္က အသင္းပိုင္ရွင္ ဂၽြန္ဟင္နရီကို အဂၤလန္က အမ္းမရိတ္ကြင္းကို လိုက္ျပခဲ့ျပီး သမိုင္းဝင္ကြင္းေတြကို စြန္႔ခြာရင္ အသင္းစိတ္ဝိဥာဥ္ ေပ်ာက္ဆံုးႏုိင္တဲ့ အေနအထားကို ျပသခ့ဲတာေၾကာင့္ ဂၽြန္ဟင္နရီက အန္ဖီးကိုပဲ အဆင့္ျမင့္တင္ဖို သေဘာတူခဲ့ျခင္း ျဖစ္ပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က အဂၤလန္မွာ ေဂ်ာ္ဒန္ဟန္ဒါဆန္အေပၚ တန္ဖိုးျဖတ္မႈက နည္းပါးျပီး အခုမွပဲ အသင္းေခါင္းေဆာင္က သူနဲ႔ ထိုက္တန္တဲ့ ခ်ီးက်ဴးမႈေတြ ရလာတာလို႔ ေဝဖန္လိုက္ပါတယ္။

တိုက္စစ္မွဴးမာေနးက လီဗာပူးတီဗီအတြက္ အစီအစဥ္တစ္ခုမွာ အယ္လီဆန္ကို ေမးခြင့္ရွိရင္ ဘာေမးလိုသလဲဆိုတာနဲ႔ ပက္သက္ျပီး အယ္လီရဲ႕ ပထမဆုံး လီဗာပူးကို အလာမွာ ေဆာင္းခဲ့တဲ့ ဦးထုပ္အေၾကာင္း ေမးခဲ့ကာ သူလည္း တစ္လံုးလိုခ်င္တယ္လို႔ ဆိုသြားခဲ့ပါတယ္။

မနက္ပိုင္းက လီဗာပူးရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ တာကူမီ အပါအဝင္ အဓိက ကစားသမားအားလုံး ၾကံ႕ခိုင္မႈေကာင္းေကာင္းနဲ႔ ပါဝင္ေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္က သစၥာတရားရွိတဲ့ ေဘာလံုးသမားေတြကို အထူးႏွစ္သက္သူျဖစ္ျပီး ေကာ္တင္ညိဳဟာ သူ႔အေပၚနဲ႔ လီဗာပူးအေပၚ သစၥာမဲ့ခဲ့တယ္လို႔ ယံုၾကည္ပါတယ္။ ဒါေၾကာင့္ အခါအခြင့္သင့္ခ်ိန္မွာ ေကာ္တင္ညိဳကို ျပန္လည္ ေခၚယူဖို႔ ၾကိဳးစားေပမယ့္ ေငြေၾကးကို အရင္ေရွ႔တန္းျပန္တင္ခဲ့ျပီး သင့္ေလ်ာ္မႈမရွိဘူးလို႔ ယူဆတာေၾကာင့္ ေနာက္ဆုတ္ခဲ့ပါတယ္။

မက္ဒရစ္က ခ်န္ပီယံလိဂ္ ဗိုလ္ဆြဲခဲ့တဲ့ညမွာ ပရိသတ္ေတြရဲ႕ မက္ဒရစ္ျမိဳ႕တြင္း အားေပးပံုကို ျမင္ခဲ့အျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ အသင္းပရိသတ္ေတြရဲ႕ ေထာက္ပံံ့မႈကို စိတ္ခံစားရလြန္းလို႔ ငိုေၾကြးခဲ့တယ္လို႔ သိရပါတယ္။

မက္ဒရစ္က လီဗာပူးအားေပးသူေတြကို ေက်ာ္ၾကားတဲ့ လီဗာပူးသီခ်င္းေတြနဲ႔ ေဖ်ာ္ေျဖသူ ဝဘ္စတားကို အသင္းလက္ေထာက္ နည္းျပ ပပ္လင္ဒါးက ညပါတီမွာ ဂိုးမက္စ္၊ ဘရူးစတားတို႔ထက္ အရင္ဆံုး ဖလားကိုင္ျပီး ဓါတ္ပံုရိုက္ခြင့္ေပးကာ ဂုဏ္ျပဳခဲ့ပါတယ္။

အာဂ်င္တီးနားမန္ေနဂ်ာ စကာလိုနီက ကမၻာေပၚမွာ လီဗာပူးကလြဲရင္ အႏုိင္ယူလို႔မရတဲ့ အသင္းဆိုတာ မရွိဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။