လီဗာပူးဟာ ရာသီအဖွင့်ပွဲတုန်းက ရင်ဆိုင်ထားရတဲ့ နော်ဝစ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

နော်ဝစ်ဟာ လီဗာပူးကို ရာသီအဖွင့်တုန်းက ရင်ဆိုင်ရာမှာ ခြေစွမ်းကောင်းတွေ ပြခဲ့သလို မန်စီးတီးကိုလည်း အနိုင်ယူပြခဲ့သေးတဲ့ အသင်းဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်လောက်အောင် ကြိုးစားနိုင်ဖို့တော့ ခက်ခဲတဲ့ အနေအထားကို ရောက်နေခဲ့ပါပြီ။

ဒီပွဲပြီးရင် လီဗာပူးက ချန်ပီယံလိဂ် အဝေးကွင်းပွဲ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်လို့ အဓိက ကစားသမားတွေကို အနားပေးမလား ထုတ်သုံးမလားဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်နေတာပါ။ လီဗာပူးမှာ အဓိက ကစားသမား အားလုံး ဒဏ်ရာက ပြန်သက်သာနေခြင်းကလည်း ဒီပွဲအတွက် အပြောင်းအလဲတွေ လုပ်လို့ ရစေမှာဖြစ်ပါတယ်။

လော်ရိုးက ” ရာသီစတုန်းကတော့ နော်ဝစ်ရဲ့ အိမ်ကွင်းပုံစံက သူတို့ကို ပရီးမီးယားလိဂ်မှာ တင်ကျန်နေရစ်ဖို့ အခွင့်အရေး ပေးလိမ့်မယ်လို့ ထင်ခဲ့ရတယ်။ ဒါပေမယ့်လို့ အဲ့တာက မျှော်လင့်ထားသလို အလုပ် မဖြစ်ခဲ့ပါဘူး။ စက်တင်ဘာတုန်းက နော်ဝစ်အိမ်ကွင်းမှာ မန်စီးတီးက အလုပ်မဖြစ်ခဲ့ဘူး။ အဲ့လိုမျိုး တူညီတဲ့ ပြဿနာပေးမှုကို လီဗာပူးကို လုပ်နိုင်မယ်လို့ မထင်မိပါဘူး။

အားလပ်ရက်တွေ ရထားပြီးတဲ့နောက်မှာ လီဗာပူး ပထမအသင်း ကစားသမားတွေက လန်းဆန်းနေတာဖြစ်ပြီး ဘယ်လို ကစားသမားကို ချန်ခဲ့သည်ဖြစ်စေ ဒီပွဲမှာတော့ နောက်ထပ် အနိုင်တစ်ပွဲ ထပ်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

နော်ဝစ်နဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းကတော့ လီဗာပူးက အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ရာသီအဖြင့္ပြဲတုန္းက ရင္ဆုိင္ထားရတဲ့ ေနာ္ဝစ္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရပါမယ္။

ေနာ္ဝစ္ဟာ လီဗာပူးကို ရာသီအဖြင့္တုန္းက ရင္ဆိုင္ရာမွာ ေျခစြမ္းေကာင္းေတြ ျပခဲ့သလို မန္စီးတီးကိုလည္း အႏုိင္ယူျပခဲ့ေသးတဲ့ အသင္းျဖစ္တယ္။ ဒါေပမယ့္လည္း သူတို႔ဟာ ပရီးမီးယားလိဂ္မွာ တင္က်န္ႏုိင္ေလာက္ေအာင္ ၾကိဳးစားႏုိင္ဖို႔ေတာ့ ခက္ခဲတဲ့ အေနအထားကို ေရာက္ေနခဲ့ပါျပီ။

ဒီပြဲျပီးရင္ လီဗာပူးက ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္လို႔ အဓိက ကစားသမားေတြကို အနားေပးမလား ထုတ္သံုးမလားဆိုတာကလည္း ေစာင့္ၾကည့္ခ်င္စရာ ျဖစ္ေနတာပါ။ လီဗာပူးမွာ အဓိက ကစားသမား အားလံုး ဒဏ္ရာက ျပန္သက္သာေနျခင္းကလည္း ဒီပြဲအတြက္ အေျပာင္းအလဲေတြ လုပ္လို႔ ရေစမွာျဖစ္ပါတယ္။

ေလာ္ရိုးက ” ရာသီစတုန္းကေတာ့ ေနာ္ဝစ္ရဲ႕ အိမ္ကြင္းပံုစံက သူတို႔ကို ပရီးမီးယားလိဂ္မွာ တင္က်န္ေနရစ္ဖို႔ အခြင့္အေရး ေပးလိမ့္မယ္လို႔ ထင္ခဲ့ရတယ္။ ဒါေပမယ့္လို႔ အဲ့တာက ေမွ်ာ္လင့္ထားသလို အလုပ္ မျဖစ္ခဲ့ပါဘူး။ စက္တင္ဘာတုန္းက ေနာ္ဝစ္အိမ္ကြင္းမွာ မန္စီးတီးက အလုပ္မျဖစ္ခဲ့ဘူး။ အဲ့လိုမ်ိဳး တူညီတဲ့ ျပႆနာေပးမႈကို လီဗာပူးကို လုပ္ႏုိင္မယ္လို႔ မထင္မိပါဘူး။

အားလပ္ရက္ေတြ ရထားျပီးတဲ့ေနာက္မွာ လီဗာပူး ပထမအသင္း ကစားသမားေတြက လန္းဆန္းေနတာျဖစ္ျပီး ဘယ္လို ကစားသမားကို ခ်န္ခဲ့သည္ျဖစ္ေစ ဒီပြဲမွာေတာ့ ေနာက္ထပ္ အႏုိင္တစ္ပြဲ ထပ္ရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေနာ္ဝစ္နဲ႔ လီဗာပူးပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းကေတာ့ လီဗာပူးက အေဝးကြင္းမွာ ၂-၀ နဲ႔ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။