လီဗာပူးအသင်းဟာ အန်ဖီးကွင်းကို တိုးချဲ့မှုတွေ မလုပ်ခင်က စတန်လေပက်ခ်မှာ ကွင်းသစ်တည်ဆောက်ဖို့ကို မြို့ကောင်စီထံ တင်ပြမှုတွေတောင် ရှိထားခဲ့တာကို အချို့ လီဗာပူးပရိသတ်တွေ အမှတ်ရကြပါမယ်။

အသင်းပိုင်ရှင်ဟောင်းတွေဖြစ်တဲ့ တွမ်ဟစ်နဲ့ ဂျီလက်တို့ရဲ့ လက်ထက်မှာ ပရိသတ် လေးသောင်းကျော်ပဲဆန့်တဲ့ သမိုင်းဝင် အန်ဖီးကွင်းကို စွန့်ခွာပြီး စတန်လေပက်ခ်မှာ ပရိသတ် ခြောက်သောင်းကျောင်ဆံ့မယ့် ကွင်းသစ်ကြီးကို တည်ဆောက်ဖို့ဆိုတဲ့ အကြံ ရှိထားခဲ့တာပါ။ ဒါပေမယ့် ပိုင်ရှင်သစ်တွေ ဝင်လာချိန်မှာ အဆို အစီအစဉ်က ရွေ့ဆိုင်းခဲ့ပြန်တာ ဖြစ်တယ်။

ပိုင်ရှင်သစ်တွေလက်ထက်မှာလဲ အန်ဖီးကွင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ အမ်းမရိတ်စတိုင် ကွင်းသစ်ကြီးကို တည်ဆောက်ဖို့ အသင်းပိုင်ရှင်တွေက ဆန္ဒရှိခဲ့ကြတယ်။ ဒါပေမယ့်လို့ လီဗာပူးဥက္ကဌဟောင်းဖြစ်သူ ဆာ ဘရိုက်တန်က အဆိုပါကိစ္စကို တားမြစ်နိုင်ခဲ့ပါတယ်။

” အဲ့တာက အရေးကြီးဆုံး ဆုံးဖြတ်ချက်ပါပဲ။ စတန်လေပက်ခ်မှာ အမ်းမရိတ်စတိုင် ကွင်းသစ်ကြီး ဆောက်ဖို့ထက် အန်ဖီးကို အဆင့်မြင့်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ ဂျွန်ဟင်နရီနဲ့အတူ အမ်းမရိတ်ကွင်းထဲ ပွဲတွေ သွားကြည့်ခဲ့ပြီး အာဆင်နယ်ပရိသတ်တွေရဲ့ ကွင်းထဲက တုန့်ပြန်မှုတွေကို လေ့လာကြည့်ခဲ့ကြတယ်။

အသင်းပိုင်ရှင်တွေက အန်ဖီးကို ဘာလို့ လွင့်မပစ်သင့်ဘူးလဲဆိုတာကို သိခဲ့ရတယ်။ စတန်လေပက်ခ်က အမ်းမရိတ်ပုံစံကွင်းကြီးက ခံစားလို့ကောင်းမယ်လို့ မထင်ခဲ့ကြဘူး။ သူက နောက်ထပ် ကွင်းသစ်ကြီးကို တည်ဆောက်မယ်ဆိုရင်လည်း အန်ဖီးကွင်းမှာ ရှိနေတဲ့ စိတ်ဓါတ်ကြံ့ခိုင်ခြင်းမျိုးတွေကို ဆက်ရှိနေစေဖို့က အရေးကြီးခဲ့ပါတယ်။

အသင်းပိုင်ရှင်တွေက အမေရိကန်က Red Sox တုန်းကလည်း အရင်ပိုင်ရှင်တွေ ကွင်းသစ်တည်ဆောက်ဖို့ လုပ်တာကို ဘာလိုများ အစဉ်အလာတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းကောင်းကို ပစ်ပယ်ရမှာလဲလို့ တုန့်ပြန်ခဲ့တယ်။ လီဗာပူးမှာလည်း တူညီပါတယ်။ သူတို့က အတိတ်က ဂုဏ်သရေတွေကို ပြန်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်။ အခုချိန်မှာတော့ သူတို့ အန်ဖီးကို အကောင်းဆုံး လုပ်နိုင်ခဲ့ပါပြီ ” လို့ ဆာ ဘရိုက်တန်က ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးပိုင်ရှင်တွေဟာ ပထမအဆင့်အဖြစ် အဓိက ပွဲကြည့်စင်ကို ပေါင် ၁၁၀ သန်း အကုန်အကျခံကာ ကွင်းဝင်ဆံ့မှုကို ၅ သောင်းကျော်စေခဲ့ပြီး ဒီနှစ်မှာတော့ အန်ဖီးပွဲကြည့်စင်ကို ခုံထပ်တိုးဟာ ပရိသတ် ဝင်ဆံ့မှု ၆၁၀၀၀ ဖြစ်စေဖို့ ပေါင် ၆၀ သန်း ထပ်မံ အကုန်အကျခံမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အန္ဖီးကြင္းကို တိုးခ်ဲ႔မႈေတြ မလုပ္ခင္က စတန္ေလပက္ခ္မွာ ကြင္းသစ္တည္ေဆာက္ဖို႔ကို ျမိဳ႕ေကာင္စီထံ တင္ျပမႈေတြေတာင္ ရွိထားခဲ့တာကို အခ်ိဳ႕ လီဗာပူးပရိသတ္ေတြ အမွတ္ရၾကပါမယ္။

အသင္းပိုင္ရွင္ေဟာင္းေတြျဖစ္တဲ့ တြမ္ဟစ္နဲ႔ ဂ်ီလက္တို႔ရဲ႕ လက္ထက္မွာ ပရိသတ္ ေလးေသာင္းေက်ာ္ပဲဆန္႔တဲ့ သမိုင္းဝင္ အန္ဖီးကြင္းကို စြန္႔ခြာျပီး စတန္ေလပက္ခ္မွာ ပရိသတ္ ေျခာက္ေသာင္းေက်ာင္ဆံ့မယ့္ ကြင္းသစ္ၾကီးကို တည္ေဆာက္ဖို႔ဆိုတဲ့ အၾကံ ရွိထားခဲ့တာပါ။ ဒါေပမယ့္ ပိုင္ရွင္သစ္ေတြ ဝင္လာခ်ိန္မွာ အဆို အစီအစဥ္က ေရြ႔ဆိုင္းခဲ့ျပန္တာ ျဖစ္တယ္။

ပိုင္ရွင္သစ္ေတြလက္ထက္မွာလဲ အန္ဖီးကြင္းကို စြန္႔ခြာဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ျပီး အာဆင္နယ္ရဲ႕ အမ္းမရိတ္စတိုင္ ကြင္းသစ္ၾကီးကို တည္ေဆာက္ဖို႔ အသင္းပိုင္ရွင္ေတြက ဆႏၵရွိခဲ့ၾကတယ္။ ဒါေပမယ့္လို႔ လီဗာပူးဥကၠဌေဟာင္းျဖစ္သူ ဆာ ဘရိုက္တန္က အဆိုပါကိစၥကို တားျမစ္ႏုိင္ခဲ့ပါတယ္။

” အဲ့တာက အေရးၾကီးဆံုး ဆံုးျဖတ္ခ်က္ပါပဲ။ စတန္ေလပက္ခ္မွာ အမ္းမရိတ္စတိုင္ ကြင္းသစ္ၾကီး ေဆာက္ဖို႔ထက္ အန္ဖီးကို အဆင့္ျမင့္ဖို႔ပဲ ေရြးခ်ယ္ခဲ့တယ္။ ဂၽြန္ဟင္နရီနဲ႔အတူ အမ္းမရိတ္ကြင္းထဲ ပြဲေတြ သြားၾကည့္ခဲ့ျပီး အာဆင္နယ္ပရိသတ္ေတြရဲ႕ ကြင္းထဲက တုန္႔ျပန္မႈေတြကို ေလ့လာၾကည့္ခဲ့ၾကတယ္။

အသင္းပိုင္ရွင္ေတြက အန္ဖီးကို ဘာလို႔ လြင့္မပစ္သင့္ဘူးလဲဆိုတာကို သိခဲ့ရတယ္။ စတန္ေလပက္ခ္က အမ္းမရိတ္ပံုစံကြင္းၾကီးက ခံစားလို႔ေကာင္းမယ္လို႔ မထင္ခဲ့ၾကဘူး။ သူက ေနာက္ထပ္ ကြင္းသစ္ၾကီးကို တည္ေဆာက္မယ္ဆိုရင္လည္း အန္ဖီးကြင္းမွာ ရွိေနတဲ့ စိတ္ဓါတ္ၾကံ႔ခိုင္ျခင္းမ်ိဳးေတြကို ဆက္ရွိေနေစဖို႔က အေရးၾကီးခဲ့ပါတယ္။

အသင္းပိုင္ရွင္ေတြက အေမရိကန္က Red Sox တုန္းကလည္း အရင္ပိုင္ရွင္ေတြ ကြင္းသစ္တည္ေဆာက္ဖို႔ လုပ္တာကို ဘာလိုမ်ား အစဥ္အလာေတြ ပိုင္ဆုိင္ထားတဲ့ ကြင္းေကာင္းကို ပစ္ပယ္ရမွာလဲလို႔ တုန္႔ျပန္ခဲ့တယ္။ လီဗာပူးမွာလည္း တူညီပါတယ္။ သူတို႔က အတိတ္က ဂုဏ္သေရေတြကို ျပန္ယူႏုိင္ဖို႔ ၾကိဳးစားခဲ့တယ္။ အခုခ်ိန္မွာေတာ့ သူတို႔ အန္ဖီးကို အေကာင္းဆံုး လုပ္ႏုိင္ခဲ့ပါျပီ ” လို႔ ဆာ ဘရိုက္တန္က ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးပိုင္ရွင္ေတြဟာ ပထမအဆင့္အျဖစ္ အဓိက ပြဲၾကည့္စင္ကို ေပါင္ ၁၁၀ သန္း အကုန္အက်ခံကာ ကြင္းဝင္ဆံ့မႈကို ၅ ေသာင္းေက်ာ္ေစခဲ့ျပီး ဒီႏွစ္မွာေတာ့ အန္ဖီးပြဲၾကည့္စင္ကို ခံုထပ္တိုးဟာ ပရိသတ္ ဝင္ဆံ့မႈ ၆၁၀၀၀ ျဖစ္ေစဖို႔ ေပါင္ ၆၀ သန္း ထပ္မံ အကုန္အက်ခံမွာ ျဖစ္ပါတယ္။