လီဗာပူးအသင်းရဲ့ တိုးတက်လာမှု အမှတ်အသားတစ်ခုအဖြစ် ဒီနှစ်ရဲ့ ကမ္ဘာတန်ကြေးအကြီးဆုံး လူစာရင်းအဖြစ် တန်ဖိုးဖြတ်မှုမှာ နံပါတ် ၈ နေရာကို တက်လှမ်းလာခဲ့ပြီဖြစ်ကြောင်း ဘောလုံးဆိုင်ရာ တိုးတက်မှုတွက်ချက်ရေးအဖွဲ့က ဖော်ပြပါတယ်။

မနှစ်တုန်းက အဆင့် ၁၁ နေရာမှာ ရှိနေခဲ့ကာ ၂၀၂၀ မှာတော့ ၂၂% တိုးတက်လာပြီး အသင်းလူစာရင်းဟာ ယူရို ၁ ဘီလီယံ တန်ကြေးရှိလာခဲ့ပြီဖြစ်တယ်။ ဒါတွေကိုတော့ အရေးကြီးဆုံး အချက် ၅ ချက်ဖြစ်တဲ့ ပွဲကစားမှု၊ အိမ်ကွင်းအနေအထား၊ ဘဏ်မှာရှိတဲ့ ငွေသား၊ အသာတင်အကျိုးအမြတ်၊ ပိုင်ရှင်ရဲ့ ရင်းနှီးမြုပ်နှံမှုဆိုတဲ့ အချက်တွေနဲ့ တွက်ချက်ခြင်း ဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ အဆင့် ၁၆ နေရာမှာ ယူရို ၇၅၃ သန်းနဲ့ ရှိနေပြီး လီဗာပူးနဲ့ ယူရို ၂၅၀ သန်းလောက် ကွာဟသွားခဲ့တာပါ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လီဗာပူးအပေါ် ယူနိုက်တက် အမြဲတမ်း အသာရနေခဲ့တဲ့ လူစာရင်းဆိုင်ရာ အောင်မြင်မှုတစ်ခုကို မာဆေးဆိုဒ်ကလပ်က ပြန်လည် ချိုးဖျက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်မှုမှာတော့ ” လီဗာပူး လူစာရင်းက ယူရို ၁ ဘီလီယံ တန်ကြေးရှိလာပြီး ရာနှုန်းအားဖြင့် ၂၂% လောက်ကို ထိုးတက်သွားခဲ့တာပါ။ သူတို့အသင်းရဲ့ အောင်မြင်မှု၊ ပေါ်ပြူလာဖြစ်လာမှု၊ မန်နေဂျာ ယာဂင်ကလော့ပ်နဲ့ အရည်အချင်းရှိတဲ့ ကစားဟန်တွေကြောင့် တိုးတက်လာခဲ့တာဖြစ်တယ်။ ” လို့ ဖြစ်ပါတယ်။

အဆိုပါစာရင်းက ကလပ်တွေရဲ့ အကျိုးအမြတ်ဆိုင်ရာ တွက်ချက်မှုတွေမှာ တိုးတက်လာတဲ့ နှုန်းတွေအရ ရပ်တည်မှုဖြစ်ပြီး လူစာရင်းသီးသန့်အဖြစ်ဆိုရင်တော့ မန်စီးတီး (ယူရို ၁.၂၈ ဘီလီယံ)၊ ရီးရဲလ်မက်ဒရစ် (ယူရို ၁.၁၉ ဘီလီယံ)၊ ဘာစီလိုနာ (ယူရို ၁.၁၈ ဘီလီယံ) နဲ့ ပီအက်ဂျီ (ယူရို ၁.၀၅ ဘီလီယံ) တို့နောက်မှာ လီဗာပူးက ရပ်တည်နေတာဖြစ်တယ်။

ကလပ်အသင်းရဲ့ တိုးတက်မှု ပုံရိပ်ကို ဆက်ထိန်းနိုင်မယ်ဆိုရင် မကြာခင်မှာ လီဗာပူးဟာ ဘဏ္ဍာရေးဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာ ပုံရိပ် တိုးတက်မှု အနေအထားတွေမှာ ပြိုင်ဘက်တွေကို လိုက်မှီလာဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ တိုးတက္လာမႈ အမွတ္အသားတစ္ခုအျဖစ္ ဒီႏွစ္ရဲ႕ ကမၻာတန္ေၾကးအၾကီးဆံုး လူစာရင္းအျဖစ္ တန္ဖိုးျဖတ္မႈမွာ နံပါတ္ ၈ ေနရာကို တက္လွမ္းလာခဲ့ျပီျဖစ္ေၾကာင္း ေဘာလံုးဆိုင္ရာ တိုးတက္မႈတြက္ခ်က္ေရးအဖြဲ႔က ေဖာ္ျပပါတယ္။

မႏွစ္တုန္းက အဆင့္ ၁၁ ေနရာမွာ ရွိေနခဲ့ကာ ၂၀၂၀ မွာေတာ့ ၂၂% တိုးတက္လာျပီး အသင္းလူစာရင္းဟာ ယူရို ၁ ဘီလီယံ တန္ေၾကးရွိလာခဲ့ျပီျဖစ္တယ္။ ဒါေတြကိုေတာ့ အေရးၾကီးဆံုး အခ်က္ ၅ ခ်က္ျဖစ္တဲ့ ပြဲကစားမႈ၊ အိမ္ကြင္းအေနအထား၊ ဘဏ္မွာရွိတဲ့ ေငြသား၊ အသာတင္အက်ိဳးအျမတ္၊ ပိုင္ရွင္ရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈဆိုတဲ့ အခ်က္ေတြနဲ႔ တြက္ခ်က္ျခင္း ျဖစ္ပါတယ္။

ယူႏုိက္တက္ကေတာ့ အဆင့္ ၁၆ ေနရာမွာ ယူရို ၇၅၃ သန္းနဲ႔ ရွိေနျပီး လီဗာပူးနဲ႔ ယူရို ၂၅၀ သန္းေလာက္ ကြာဟသြားခဲ့တာပါ။ ဒါဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က လီဗာပူးအေပၚ ယူႏုိက္တက္ အျမဲတမ္း အသာရေနခဲ့တဲ့ လူစာရင္းဆိုင္ရာ ေအာင္ျမင္မႈတစ္ခုကို မာေဆးဆိုဒ္ကလပ္က ျပန္လည္ ခ်ိဳးဖ်က္ႏုိင္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။

အဆိုပါ ထုတ္ျပန္မႈမွာေတာ့ ” လီဗာပူး လူစာရင္းက ယူရို ၁ ဘီလီယံ တန္ေၾကးရွိလာျပီး ရာႏႈန္းအားျဖင့္ ၂၂% ေလာက္ကို ထိုးတက္သြားခဲ့တာပါ။ သူတို႔အသင္းရဲ႕ ေအာင္ျမင္မႈ၊ ေပၚျပဴလာျဖစ္လာမႈ၊ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔ အရည္အခ်င္းရွိတဲ့ ကစားဟန္ေတြေၾကာင့္ တိုးတက္လာခဲ့တာျဖစ္တယ္။ ” လို႔ ျဖစ္ပါတယ္။

အဆိုပါစာရင္းက ကလပ္ေတြရဲ႕ အက်ိဳးအျမတ္ဆုိင္ရာ တြက္ခ်က္မႈေတြမွာ တိုးတက္လာတဲ့ ႏႈန္းေတြအရ ရပ္တည္မႈျဖစ္ျပီး လူစာရင္းသီးသန္႔အျဖစ္ဆိုရင္ေတာ့ မန္စီးတီး (ယူရို ၁.၂၈ ဘီလီယံ)၊ ရီးရဲလ္မက္ဒရစ္ (ယူရို ၁.၁၉ ဘီလီယံ)၊ ဘာစီလိုနာ (ယူရို ၁.၁၈ ဘီလီယံ) နဲ႔ ပီအက္ဂ်ီ (ယူရို ၁.၀၅ ဘီလီယံ) တို႔ေနာက္မွာ လီဗာပူးက ရပ္တည္ေနတာျဖစ္တယ္။

ကလပ္အသင္းရဲ႕ တိုးတက္မႈ ပံုရိပ္ကို ဆက္ထိန္းႏုိင္မယ္ဆိုရင္ မၾကာခင္မွာ လီဗာပူးဟာ ဘ႑ာေရးဆိုင္ရာနဲ႔ ကမၻာလံုးဆိုင္ရာ ပံုရိပ္ တိုးတက္မႈ အေနအထားေတြမွာ ျပိဳင္ဘက္ေတြကို လိုက္မွီလာဖို႔ ရွိေနပါတယ္။