ယူနိုက်တက် ကွင်းလယ်လူဟောင်းကြီး ပေါလ်စခိုးက လက်ရှိ ယူနိုက်တက်အသင်းဟာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးလောက် မကောင်းပါဘူးလို့ ထုတ်ဖော် ပြောဆိုမှုတစ်ခု လုပ်သွားခဲ့ပါတယ်။

BBC Radio 5 Live နဲ့ အမေးအဖြေ လုပ်မှုမှာ ပေါလ်စခိုးက အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပြီး ဒီရာသီ ရံှူးပွဲမရှိ ပုံစံကောင်းနေတဲ့ လီဗာပူးဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ အမှတ်ပေးဖလား ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးလောက် ကောင်းမွန်ခြင်း မရှိဘူးလို့ သူက ယုံကြည်နေတာဖြစ်တယ်။

အဲ့သည်နှစ်က ချန်ပီယံမန်စီးတီးနဲ့ ဒီနှစ် လီဗာပူး ဘယ်အသင်း ပိုကောင်းသလဲဆိုတဲ့ မေးခွန်းကို စခိုးက ” မဟုတ်ဘူး၊ ဒါကြီးက လုံးဝကို မဟုတ်ဘူး။ ပပ်ရဲ့ အသင်းက ဒီရာသီ လီဗာပူးအသင်းထက် ကစားပုံ ပိုကောင်းတယ်လို့ ကျနော် အမြဲတမ်း ယုံကြည်နေဆဲပဲ။ ဒါပေမယ့် လီဗာပူးကလည်း အကောင်းဆုံး လုပ်နေပါတယ်။ ဒါတွေကို ရေးကြီးခွင့်ကျယ် မလုပ်လိုပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ဒီရာသီမှာ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းလာရတဲ့ အမှတ်ပေးဖလားကို အနိုင်ရဖို့ ကြိုးစားနေတာပါ။ မန်နေဂျာ ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေက စံချိန်တွေထက် ဆုဖလားကို လက်ဝယ် ဆုပ်ကိုင်နိုင်ဖို့ကိုပဲ အဓိက ဦးတည် အာရုံစိုက်နေကြတာဖြစ်တယ်။ ဒါပေမယ့်လည်း ရံှူးပွဲမရှိ ရလဒ်ကောင်းယူထားတဲ့နောက် မန်စီးတီးအပြင် အတိတ်က ယူနိုက်တက်၊ အာဆင်နယ်၊ ချယ်ဆီးတို့နဲ့ နှိုင်းယှဉ်မှုတွေ ထွက်ပေါ်နေတာဖြစ်တယ်။

လီဗာပူးဟာ လက်ကျန် ၁၃ ပွဲမှာ ၆ ပွဲ အနိုင်ရရင်ကို အမှတ်ပေးဖလား အနိုင်ရမှာဖြစ်ပြီး လောလောဆယ်မှာတော့ သရဖူမေဆောင်းသေးတဲ့ ဧကရာဇ်ဖြစ်နေပြီလို့တောင် ညွှန်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ကြင္းလယ္လူေဟာင္းၾကီး ေပါလ္စခိုးက လက္ရွိ ယူႏုိက္တက္အသင္းဟာ ယူႏုိက္တက္ရဲ႕ ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးေလာက္ မေကာင္းပါဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုမႈတစ္ခု လုပ္သြားခဲ့ပါတယ္။

BBC Radio 5 Live နဲ႔ အေမးအေျဖ လုပ္မႈမွာ ေပါလ္စခိုးက အထက္ပါအတိုင္း ေျပာဆိုခဲ့တာျဖစ္ျပီး ဒီရာသီ ရံွဴးပြဲမရွိ ပံုစံေကာင္းေနတဲ့ လီဗာပူးဟာ ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီ အမွတ္ေပးဖလား ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးေလာက္ ေကာင္းမြန္ျခင္း မရွိဘူးလို႔ သူက ယံုၾကည္ေနတာျဖစ္တယ္။

အဲ့သည္ႏွစ္က ခ်န္ပီယံမန္စီးတီးနဲ႔ ဒီႏွစ္ လီဗာပူး ဘယ္အသင္း ပိုေကာင္းသလဲဆိုတဲ့ ေမးခြန္းကို စခိုးက ” မဟုတ္ဘူး၊ ဒါၾကီးက လံုးဝကို မဟုတ္ဘူး။ ပပ္ရဲ႕ အသင္းက ဒီရာသီ လီဗာပူးအသင္းထက္ ကစားပံု ပိုေကာင္းတယ္လို႔ က်ေနာ္ အျမဲတမ္း ယံုၾကည္ေနဆဲပဲ။ ဒါေပမယ့္ လီဗာပူးကလည္း အေကာင္းဆံုး လုပ္ေနပါတယ္။ ဒါေတြကို ေရးၾကီးခြင့္က်ယ္ မလုပ္လိုပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ဒီရာသီမွာ ႏွစ္ေပါင္း ၃၀ ၾကာ ေစာင့္ဆိုင္းလာရတဲ့ အမွတ္ေပးဖလားကို အႏုိင္ရဖို႔ ၾကိဳးစားေနတာပါ။ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔ အသင္းသားေတြက စံခ်ိန္ေတြထက္ ဆုဖလားကို လက္ဝယ္ ဆုပ္ကိုင္ႏုိင္ဖို႔ကိုပဲ အဓိက ဦးတည္ အာရံုစိုက္ေနၾကတာျဖစ္တယ္။ ဒါေပမယ့္လည္း ရံွဴးပြဲမရွိ ရလဒ္ေကာင္းယူထားတဲ့ေနာက္ မန္စီးတီးအျပင္ အတိတ္က ယူႏုိက္တက္၊ အာဆင္နယ္၊ ခ်ယ္ဆီးတို႔နဲ႔ ႏိႈင္းယွဥ္မႈေတြ ထြက္ေပၚေနတာျဖစ္တယ္။

လီဗာပူးဟာ လက္က်န္ ၁၃ ပြဲမွာ ၆ ပြဲ အႏုိင္ရရင္ကို အမွတ္ေပးဖလား အႏုိင္ရမွာျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ သရဖူမေေဆာင္းေသးတဲ့ ဧကရာဇ္ျဖစ္ေနျပီလို႔ေတာင္ ညႊန္းဆိုမႈေတြ ရွိေနတာျဖစ္ပါတယ္။