နော်ဝစ်ပွဲကြို မီဒီယာတွေ့ဆုံမှုအဖြစ် ဒီကနေ ညနေပိုင်းမှာပဲ မန်နေဂျာယာဂင်ကလော့ပ်က မဲဝုဒ်မှာ သတင်းပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပွဲကြိုမှာတော့ ဒဏ်ရာရ ကစားသမားတွေနဲ့ ပက်သက်ပြီး ဖြေဆိုမှု ပြုလုပ်ပေးခဲ့ကာ ချန်ပီယံလိဂ်ပွဲအတွက် မေးခွန်းကိုတော့ အဲ့အတွက် ခံစားချက်က တနင်္လာနေ့မှာ စရမှာပါလို့ ဖြေဆိုခဲ့တယ်။

ချန်ပီယံလိဂ်နဲ့ ပက်သက်ပြီး ကလော့ပ်က ” တစ်ခါတစ်လေ ကိုယ်က ပုံစံကောင်းတွေ မရတဲ့ အခါမှာ ချန်ပီယံလိဂ်ပြိုင်ပွဲက အားလပ်ရက် ဖြစ်နိုင်ပါတယ်။ ကျနေ်ာတို့က အဲ့လို အခြေအနေမှာ မရှိပါဘူး။ ကျနော်တို့က ချန်ပီယံလိဂ်မှာ အခက်ခဲဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ အဲ့တာက ပြဿနာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်နဲ့ ပက်သက်တဲ့ ခံစားချက်တွေက တနင်္လာနေ့မှာ စရမှာပါ။ မီလီနဲ့ ဆာဒီယိုက ပြန်သက်သာလာနေပြီး သူတို့ ပြန်သက်သာလာတော့ လူစာရင်းထဲ ပြန်ထည့်ဖို့ ချက်ခြင်းကို စဉ်းစားရပါပြီ။ ရှာကွီရီ၊ ကလိုင်း၊ ဂလေဇယ်တို့ကလွဲလို့ ကစားသမားအားလုံး လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပါတယ်။ ကျနေ်ာတို့မှာ ရွေးစရာ ကစားသမားကောင်းတွေ ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အက်ဖ်အေဖလားနဲ့ ပက်သက်ပြီး ကလော့ပ်ကပဲ ” ကောင်လေးတွေအတွက် ပျော်မိပါတယ်။ သူတို့က တကယ်ကို အကောင်းဆုံး ကြိုးစားခဲ့ပြီး သဘောတွေ့မိတယ်။ ပရိသတ်တွေကလည်း အရမ်းကောင်းကောင်း အားပေးကြပါတယ်။ အားပေးမှုဆိုင်ရာ အနေအထားတွေအရ ကျနေ်ာတိုက အံ့အားသင့်လောက်စရာ အသင်းကောင်းဆိုတာကို ပြသခဲ့တယ်။

အသင်းရဲ့ ကောင်လေးတွေထံက ပွဲကောင်းတစ်ပွဲ မြင်ရဖို့ ကျနော် မျှော်လင့်ခဲ့ပြီး ထင်ထားသလို ဖြစ်လာခဲ့တယ်။ ကျနေ်ာတို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး အဲ့တာက အရမ်းကို ကောင်းပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေနာ္ဝစ္ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈအျဖစ္ ဒီကေန ညေနပိုင္းမွာပဲ မန္ေနဂ်ာယာဂင္ကေလာ့ပ္က မဲဝုဒ္မွာ သတင္းေပးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ပြဲၾကိဳမွာေတာ့ ဒဏ္ရာရ ကစားသမားေတြနဲ႔ ပက္သက္ျပီး ေျဖဆိုမႈ ျပဳလုပ္ေပးခဲ့ကာ ခ်န္ပီယံလိဂ္ပြဲအတြက္ ေမးခြန္းကိုေတာ့ အဲ့အတြက္ ခံစားခ်က္က တနလၤာေန႔မွာ စရမွာပါလို႔ ေျဖဆိုခဲ့တယ္။

ခ်န္ပီယံလိဂ္နဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” တစ္ခါတစ္ေလ ကိုယ္က ပံုစံေကာင္းေတြ မရတဲ့ အခါမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲက အားလပ္ရက္ ျဖစ္ႏုိင္ပါတယ္။ က်ေန္ာတို႔က အဲ့လို အေျခအေနမွာ မရွိပါဘူး။ က်ေနာ္တို႔က ခ်န္ပီယံလိဂ္မွာ အခက္ခဲဆံုး အသင္းေတြထဲက တစ္သင္းျဖစ္တဲ့ အက္သလက္တီကိုနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ေလာေလာဆယ္မွာ အဲ့တာက ျပႆနာ မဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္နဲ႔ ပက္သက္တဲ့ ခံစားခ်က္ေတြက တနလၤာေန႔မွာ စရမွာပါ။ မီလီနဲ႔ ဆာဒီယိုက ျပန္သက္သာလာေနျပီး သူတို႔ ျပန္သက္သာလာေတာ့ လူစာရင္းထဲ ျပန္ထည့့္ဖို႔ ခ်က္ျခင္းကို စဥ္းစားရပါျပီ။ ရွာကီြရီ၊ ကလိုင္း၊ ဂေလဇယ္တို႔ကလြဲလို႔ ကစားသမားအားလံုး ေလ့က်င့္ေရး ျပန္ဆင္းေနျပီျဖစ္ပါတယ္။ က်ေန္ာတို႔မွာ ေရြးစရာ ကစားသမားေကာင္းေတြ ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အက္ဖ္ေအဖလားနဲ႔ ပက္သက္ျပီး ကေလာ့ပ္ကပဲ ” ေကာင္ေလးေတြအတြက္ ေပ်ာ္မိပါတယ္။ သူတို႔က တကယ္ကို အေကာင္းဆံုး ၾကိဳးစားခဲ့ျပီး သေဘာေတြ႔မိတယ္။ ပရိသတ္ေတြကလည္း အရမ္းေကာင္းေကာင္း အားေပးၾကပါတယ္။ အားေပးမႈဆိုင္ရာ အေနအထားေတြအရ က်ေန္ာတိုက အံ့အားသင့္ေလာက္စရာ အသင္းေကာင္းဆိုတာကို ျပသခဲ့တယ္။

အသင္းရဲ႕ ေကာင္ေလးေတြထံက ပြဲေကာင္းတစ္ပြဲ ျမင္ရဖို႔ က်ေနာ္ ေမွ်ာ္လင့္ခဲ့ျပီး ထင္ထားသလို ျဖစ္လာခဲ့တယ္။ က်ေန္ာတို႔ အႏုိင္ရဖို႔ ထိုက္တန္ခ့ဲျပီး အဲ့တာက အရမ္းကို ေကာင္းပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။