ဗယ်လန်တိုင်းဒေးနေ့ဖြစ်တဲ့ ဒီနေ့မှာတော့ လီဗာပူးညာအစွန်လူ ထရန့်က ပျော်စရာ ချစ်သူများနေ့ပါဆိုတဲ့ စာသားကို ရိုဘိုပုံနဲ့ တွဲပြီး တင်သွားခဲ့ပါတယ်။

လီဗာပူးအစွန်လူတွေဟာ အသင်အားဖြင့် ၃ နှစ်လောက်ပဲ ကွာကြတာဖြစ်ပြီး အတော်လေး ခင်မင်ရင်းနှီးကြတာပါ။ အကယ်လို့ လီဗာပူးပေ့တွေက ပြသတဲ့ ဗီဒီယိုတွေကို ကြည့်မယ်ဆိုရင် ထရန့်က ရိုဘိုကို နည်းနည်း အနိုင်ကျင့်တတ်တာကို မြင်ရပါလိမ့်မယ်။ ထရန့်ဟာ သူ့ရဲ့ တွစ်တာ ဖော်လိုဝါ တစ်သန်းပြည့်ခဲ့တုန်းကဆို ရိုဘိုကို တော်တော်လေး စနောက်သွားခဲ့တာပါ။

မနေ့က လေ့ကျင့်ရေးမှာတော့ ထရန့်၊ ဗာဂျင်နဲ့ ဟန်ဒိုတို့က မဲဝုဒ်မှာ တည်ကန်ဘောတွေ အတူလေ့ကျင့်ခဲ့ကြပြီး ထရန့်မှာ သူ့နောင်တော်တွေကို လိုက်မှီအောင် မနည်းကန်ခဲ့ရတာဖြစ်တယ်။ ရိုဘိုကတော့ သူတို့သုံးဦး အတူလေ့ကျင့်ကြတာက ပွဲနေ့တွေမှာ တည်ကန်ဘောကနေ ဂိုးရဖို့ အကူအညီဖြစ်စေဖို့ မျှော်လင့်နေပါတယ်။

ရိုဘိုက ” စားပွဲတင်တင်းနစ်က ပြိုင်ဆိုင်မှု အပြင်းဆုံးပါပဲ။ လေ့ကျင့်ရေးက တည်ကန်ဘောနဲ့ ပက်သက်တဲ့ ဗီဒီယိုအတိုကတော့ ဟန်ဒို၊ ဗာဂျင်နဲ့ ထရန့်တို့ကြား ပြိုင်ပွဲပေါ့။ သူတို့က ထရန့်ကို ခြားနားတာတွေ ပြသလိုစိတ်ရှိခဲ့တယ်။ လေ့ကျင့်ရေးမှာ သူတို့ ဖိအားတွေ နည်းနည်းရှိနေခဲ့ပြီး အရမ်းကို ဖိအားများတဲ့ ကွင်းထဲမှာဆိုရင် အဲ့ထက်ပို ကောင်းကောင်းလုပ်နိုင်တာ ဖြစ်နိုင်ပါတယ်။ တစ်ဦးကို တစ်ဦး ဖိအားတွေပေးပြီး လေ့ကျင့်ရေးမှာ ပြီးပြည့်စုံအောင် လုပ်တာ မြင်ရနိုင်ပါတယ်။

ထရန့်ကလည်း ဟန်ဒိုနဲ့ ဗာဂျင်တို့ လုပ်သလို ကော်နာထောင့်ကို ကန်တာမျိုး လုပ်လိုမှာပါ။ အဲ့လိုဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ သူက မယုံနိုင်လောက်တဲ့ နည်းစနစ်လည်း ပိုင်ဆိုင်ထားပြီး ဗန်ဒိုနဲ့ ဗာဂျင်တို့ မှားတယ်ဆိုတာ သူသက်သေပြဖို့ မျှော်လင့်ပါတယ်။ အတူ လေ့ကျင့်ကြတာက ထရန့်အတွက် အကူအညီဖြစ်ပါတယ်။ ကိုယ်အသင်းဖော်နှစ်ဦးက ဖိအားတွေပေးပြီး လေ့ကျင့်ရေးမှာ လေ့ကျင့်တာက တကယ့်ပွဲမှာရမယ့် ဖိအားတွေလိုပါပဲ။

ကြိုတင်လေ့ကျင့်မှုတွေက ပြီးပြည့်စုံလာဖို့ မျှော်လင့်ပါတယ်။ ရာသီမကုန်ခင် သူတို့ထဲက တစ်ယောက်လောက်တော့ ကန်သွင်းမှု လုပ်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဗယ္လန္တိုင္းေဒးေန႔ျဖစ္တဲ့ ဒီေန႔မွာေတာ့ လီဗာပူးညာအစြန္လူ ထရန္႔က ေပ်ာ္စရာ ခ်စ္သူမ်ားေန႔ပါဆိုတဲ့ စာသားကို ရိုဘိုပံုနဲ႔ တြဲျပီး တင္သြားခဲ့ပါတယ္။

လီဗာပူးအစြန္လူေတြဟာ အသင္အားျဖင့္ ၃ ႏွစ္ေလာက္ပဲ ကြာၾကတာျဖစ္ျပီး အေတာ္ေလး ခင္မင္ရင္းႏွီးၾကတာပါ။ အကယ္လို႔ လီဗာပူးေပ့ေတြက ျပသတဲ့ ဗီဒီယိုေတြကို ၾကည့္မယ္ဆိုရင္ ထရန္႔က ရိုဘိုကို နည္းနည္း အႏုိင္က်င့္တတ္တာကို ျမင္ရပါလိမ့္မယ္။ ထရန္႔ဟာ သူ႔ရဲ႕ တြစ္တာ ေဖာ္လိုဝါ တစ္သန္းျပည့္ခဲ့တုန္းကဆို ရိုဘိုကို ေတာ္ေတာ္ေလး စေနာက္သြားခဲ့တာပါ။

မေန႔က ေလ့က်င့္ေရးမွာေတာ့ ထရန္႔၊ ဗာဂ်င္နဲ႔ ဟန္ဒိုတို႔က မဲဝုဒ္မွာ တည္ကန္ေဘာေတြ အတူေလ့က်င့္ခဲ့ၾကျပီး ထရန္႔မွာ သူ႔ေနာင္ေတာ္ေတြကို လိုက္မွီေအာင္ မနည္းကန္ခဲ့ရတာျဖစ္တယ္။ ရိုဘိုကေတာ့ သူတို႔သံုးဦး အတူေလ့က်င့္ၾကတာက ပြဲေန႔ေတြမွာ တည္ကန္ေဘာကေန ဂိုးရဖို႔ အကူအညီျဖစ္ေစဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ရိုဘိုက ” စားပြဲတင္တင္းနစ္က ျပိဳင္ဆိုင္မႈ အျပင္းဆံုးပါပဲ။ ေလ့က်င့္ေရးက တည္ကန္ေဘာန႔ဲ ပက္သက္တဲ့ ဗီဒီယိုအတိုကေတာ့ ဟန္ဒို၊ ဗာဂ်င္နဲ႔ ထရန္႔တို႔ၾကား ျပိဳင္ပြဲေပါ့။ သူတို႔က ထရန္႔ကို ျခားနားတာေတြ ျပသလိုစိတ္ရွိခဲ့တယ္။ ေလ့က်င့္ေရးမွာ သူတို႔ ဖိအားေတြ နည္းနည္းရွိေနခ့ဲျပီး အရမ္းကို ဖိအားမ်ားတဲ့ ကြင္းထဲမွာဆိုရင္ အဲ့ထက္ပို ေကာင္းေကာင္းလုပ္ႏုိင္တာ ျဖစ္ႏုိင္ပါတယ္။ တစ္ဦးကို တစ္ဦး ဖိအားေတြေပးျပီး ေလ့က်င့္ေရးမွာ ျပီးျပည့္စံုေအာင္ လုပ္တာ ျမင္ရႏုိင္ပါတယ္။

ထရန္႔ကလည္း ဟန္ဒိုနဲ႔ ဗာဂ်င္တို႔ လုပ္သလို ေကာ္နာေထာင့္ကို ကန္တာမ်ိဳး လုပ္လိုမွာပါ။ အဲ့လိုျဖစ္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ သူက မယံုႏုိင္ေလာက္တဲ့ နည္းစနစ္လည္း ပိုင္ဆုိင္ထားျပီး ဗန္ဒိုနဲ႔ ဗာဂ်င္တို႔ မွားတယ္ဆိုတာ သူသက္ေသျပဖို႔ ေမွ်ာ္လင့္ပါတယ္။ အတူ ေလ့က်င့္ၾကတာက ထရန္႔အတြက္ အကူအညီျဖစ္ပါတယ္။ ကိုယ္အသင္းေဖာ္ႏွစ္ဦးက ဖိအားေတြေပးျပီး ေလ့က်င့္ေရးမွာ ေလ့က်င့္တာက တကယ့္ပြဲမွာရမယ့္ ဖိအားေတြလိုပါပဲ။

ၾကိဳတင္ေလ့က်င့္မႈေတြက ျပီးျပည့္စံုလာဖို႔ ေမွ်ာ္လင့္ပါတယ္။ ရာသီမကုန္ခင္ သူတို႔ထဲက တစ္ေယာက္ေလာက္ေတာ့ ကန္သြင္းမႈ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။