ဆာလက်ရဲ့ နွေရာသီ အီဂျစ်အသင်းနဲ့ အတူ အိုလံပစ် ပြိုင်ပွဲမှာ ကစားဖို့ ကိစ္စနဲ့ပတ်သတ်ပြီး ကလော့ပ်က ၎င်း အနေနဲ့ သေချာ အများကြီး မသိသေးတာကြောင့် မဖြေကြားနိုင်သေးကြောင်း နောဝစ်ချ်နဲ့ ပွဲကြိုမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူး ခံစစ်မှူးဟောင်း ဂလင်း ဂျွန်ဆင်က ဒေါ့မွန် ကြယ်ပွင့် ဆန်ချိုအား ယူနိုက်တက်ထံ ပြောင်းရွှေ့ရင် မှားယွင်းမယ်လို့ သတိပေးလိုက်ပြီး လီဗာပူး ဒါမှမဟုတ် ချယ်ဆီးကို ရွေးချယ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လီဗာပူး စီနီယာအသင်းသား နှစ်ဦး ဖြစ်တဲ့ မာနေးနဲ့ ဂျိမ်းစ် မေနာတို့ဟာ ဒဏ်ရာကနေ ပြန် ကောင်းမွန်ပြီ ဖြစ်ကာ ပြီးခဲ့တဲ့အပတ်က အတူ လေ့ကျင့်ခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးလုံး နောဝစ်ချ်နဲ့ ပွဲမှာ ပါဝင်ကစားနိုင်ေ်ချ ရှိနေပေမယ့် ကစားစေဖို့ မသေချာသေးကြောင်း ကလော့ပ်က ပွဲကြို ရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေရဲ့ လူငယ်ပြိုင်ပွဲ ၁၆သင်း အဆင့်မှာ လီဗာပူးအသင်းက ဘင်ဖီကာနဲ့ တွေ့ဆုံနေပါတယ်။ ဒီအဆင့်မှာ နှစ်ကျော့ ကစားမှာ မဟုတ်ဘဲ လီဗာပူးလူငယ်အသင်းက အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

လီဗာပူး ကစားသမားဟောင်းကြီး မက် အာတီယာက ကော်တင်ညို ပရီးမီးယားလိဂ် ပြန်လာမယ့် ကိစ္စက မဆိုးပေမယ့် အန်းဖီးမှာ ပြန်ခေါ်ဖို့ ကိစ္စကိုတော့ သူ့အနေနဲ့ သဘောမတူကြောင်း ကိုယ်ပိုင် အမြင်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

လီဗာပူးရဲ့ စကော့တလန်သား ခံစစ်မှူးက ၎င်းဟာ နာကျင်နေတဲ့ဒဏ်ရာ ရှိလျက် ကြိတ်မှတ် ကစားနေရတာ မဟုတ်တော့ဘဲ အားလပ်ရက် ရသွားတာက အလွန် ကောင်းမွန်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ဆာလက္ရဲ႕ ေႏြရာသီ အီဂ်စ္အသင္းနဲ႕ အတူ အိုလံပစ္ ျပိဳင္ပြဲမွာ ကစားဖို႔ ကိစၥနဲ႕ပတ္သတ္ျပီး ကေလာ့ပ္က ၄င္း အေနနဲ႕ ေသခ်ာ အမ်ားၾကီး မသိေသးတာေၾကာင့္ မေျဖၾကားနုိင္ေသးေၾကာင္း ေနာ၀စ္ခ်္နဲ႕ ပြဲၾကိဳမွာ ေျပာၾကားခဲ့ပါတယ္။

လီဗာပူး ခံစစ္မွဴးေဟာင္း ဂလင္း ဂၽြန္ဆင္က ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳအား ယူနိုက္တက္ထံ ေျပာင္းေရႊ႕ရင္ မွားယြင္းမယ္လို႔ သတိေပးလိုက္ျပီး လီဗာပူး ဒါမွမဟုတ္ ခ်ယ္ဆီးကို ေရြးခ်ယ္ဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

လီဗာပူး စီနီယာအသင္းသား နွစ္ဦး ျဖစ္တဲ့ မာေနးနဲ႕ ဂ်ိမ္းစ္ ေမနာတို႔ဟာ ဒဏ္ရာကေန ျပန္ ေကာင္းမြန္ျပီ ျဖစ္ကာ ျပီးခဲ့တဲ့အပတ္က အတူ ေလ့က်င့္ခဲ့ၾကပါတယ္။ ၄င္းတို႔နွစ္ဦးလံုး ေနာ၀စ္ခ်္နဲ႕ ပြဲမွာ ပါ၀င္ကစားနိုင္ေ္ခ် ရွိေနေပမယ့္ ကစားေစဖို႔ မေသခ်ာေသးေၾကာင္း ကေလာ့ပ္က ပြဲၾကိဳ ရွင္းလင္းပြဲမွာ ဆိုခဲ့ပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ လူငယ္ျပိဳင္ပြဲ ၁၆သင္း အဆင့္မွာ လီဗာပူးအသင္းက ဘင္ဖီကာနဲ႕ ေတြ႔ဆံုေနပါတယ္။ ဒီအဆင့္မွာ နွစ္ေက်ာ့ ကစားမွာ မဟုတ္ဘဲ လီဗာပူးလူငယ္အသင္းက အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာပါ။

လီဗာပူး ကစားသမားေဟာင္းၾကီး မက္ အာတီယာက ေကာ္တင္ညိဳ ပရီးမီးယားလိဂ္ ျပန္လာမယ့္ ကိစၥက မဆိုးေပမယ့္ အန္းဖီးမွာ ျပန္ေခၚဖို႔ ကိစၥကိုေတာ့ သူ႔အေနနဲ႕ သေဘာမတူေၾကာင္း ကိုယ္ပိုင္ အျမင္ကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

လီဗာပူးရဲ႕ စေကာ့တလန္သား ခံစစ္မွဴးက ၄င္းဟာ နာက်င္ေနတဲ့ဒဏ္ရာ ရွိလ်က္ ၾကိတ္မွတ္ ကစားေနရတာ မဟုတ္ေတာ့ဘဲ အားလပ္ရက္ ရသြားတာက အလြန္ ေကာင္းမြန္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။