အမှတ်ပေးဖလားပြိင်ဘက် မန်စီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် ဥရောပပွဲတွေကို ၂ ရာသီဆက်တိုက် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း ရမှတ်လျော့ပစ်ဒဏ်ကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူဖို့ အီတလီ အင်အားကြီး ကလပ်နှစ်သင်းဘက်က ဆွေးနွေးမှုတွေ စတင်လာခဲ့ပြီဖြစ်ပါတယ်။ အဒမ်ဟာ ရာသီကုန်မှာတော့ ၆ နှစ်ကြာ ကျင်လယ်ခဲ့တဲ့ ကလပ်ကနေ ထွက်ခွာသွားတော့မှာပါ။

အာဆင်နယ်မန်နေဂျာ အာတီတာက လီဗာပူးနဲ့ သတင်းထွက်နေတဲ့ လူငယ်လေး ဆာကာကို အသင်းမှာ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ဖာဘင်ညိုက ဒဏ်ရာကြောင့် နှစ်လကနေ သုံးလထိ အနားယူခဲ့ရတာကြောင့် သူ့ရဲ့ ပုံမှန်ခြေစွမ်း ကျသွားတာက ဖြစ်လေ့ရှိတဲ့ ကိစ္စလို့ ရှင်းပြခဲ့တယ်။ ဖာဘင်ညိုဟာ ကမ္ဘာအဆင့်ကစားသမားဖြစ်ပြီး သူပြန်လာတာက လီဗာပူးအတွက် အရမ်းကောင်းပါတယ်လို့ ဆိုပါတယ်။

ဆာလက်ရဲ့ သုံးရာသီဆက်တိုက် ထူးချွန်လွန်းတဲ့ ဂိုးသွင်းနိုင်စွမ်းကို ကလော့ပ်က အသိအမှတ်ပြုခဲ့ပြီး သူဟာ မွေးရာပါ တိုက်စစ်သမားလို့ ချီးကျူးခဲ့ပါတယ်။

ဘရိုက်တန်ကနေ လိဒ်ကို အငှားထွက်ကစားနေတဲ့ ခံစစ်မှူး ဘမ်ဝိုက်ကို ခေါ်ယူဖို့ လီဗာပူးနည်းတူ လက်စတာကလည်း စိတ်ဝင်စားနေပါတယ်။

လီဗာပူးဘက်က ကင်းထောက် စောင့်ကြည့်မှု လုပ်ထားဖူးတဲ့ အသက် ၂၁ နှစ်အရွယ် တောင်ပံသမား အိုဆမ်ဟမ်ကို လိုင်လီဘက်က ယူရို ၅၀ သန်း ဈေးသက်မှတ်လိုက်ပြီဖြစ်ပါတယ်။

၂၀၂၂ ဘောလုံးရာသီမှာ အင်တာမီလန်နဲ့ စာချုပ်ကုန်မယ့် ခရိုအေးရှား ကစားသမား ဘရိုဇိုဗစ်ကို စောင့်ကြည့်မှုမှာ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ဖြစ်နေပါတယ်။

ကစားသမားဟောင်းကြီး ကာရေဂါက လီဗာပူးဟာ အေဂျက် တောင်ပံသမား ဇီယက်အတွက် ကမ်းလှမ်းမှု မလုပ်ခဲ့တဲ့အပေါ် အံ့အားသင့်မိတယ်လို့ ဖွင့်ဟသွားပါတယ်။

ZAWGYI

အမွတ္ေပးဖလားျပိင္ဘက္ မန္စီးတီးဟာ ယူအီးအက္ဖ္ေအ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္မႈေၾကာင့္ ဥေရာပပြဲေတြကို ၂ ရာသီဆက္တိုက္ ပါဝင္ခြင့္ ပိတ္ပင္ခံခဲ့ရသလို ပရီးမီးယားလိဂ္မွာလည္း ရမွတ္ေလ်ာ့ပစ္ဒဏ္ကို ရင္ဆိုင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ကြင္းလယ္လူ လယ္လာနာကို ေခၚယူဖို႔ အီတလီ အင္အားၾကီး ကလပ္ႏွစ္သင္းဘက္က ေဆြးေႏြးမႈေတြ စတင္လာခဲ့ျပီျဖစ္ပါတယ္။ အဒမ္ဟာ ရာသီကုန္မွာေတာ့ ၆ ႏွစ္ၾကာ က်င္လယ္ခဲ့တဲ့ ကလပ္ကေန ထြက္ခြာသြားေတာ့မွာပါ။

အာဆင္နယ္မန္ေနဂ်ာ အာတီတာက လီဗာပူးနဲ႔ သတင္းထြက္ေနတဲ့ လူငယ္ေလး ဆာကာကို အသင္းမွာ ဆက္ထိန္းႏုိင္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဖာဘင္ညိဳက ဒဏ္ရာေၾကာင့္ ႏွစ္လကေန သံုးလထိ အနားယူခဲ့ရတာေၾကာင့္ သူ႔ရဲ႕ ပံုမွန္ေျခစြမ္း က်သြားတာက ျဖစ္ေလ့ရွိတဲ့ ကိစၥလို႔ ရွင္းျပခဲ့တယ္။ ဖာဘင္ညိဳဟာ ကမၻာအဆင့္ကစားသမားျဖစ္ျပီး သူျပန္လာတာက လီဗာပူးအတြက္ အရမ္းေကာင္းပါတယ္လို႔ ဆိုပါတယ္။

ဆာလက္ရဲ႕ သံုးရာသီဆက္တိုက္ ထူးခၽြန္လြန္းတဲ့ ဂိုးသြင္းႏုိင္စြမ္းကို ကေလာ့ပ္က အသိအမွတ္ျပဳခဲ့ျပီး သူဟာ ေမြးရာပါ တိုက္စစ္သမားလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဘရိုက္တန္ကေန လိဒ္ကို အငွားထြက္ကစားေနတဲ့ ခံစစ္မွဴး ဘမ္ဝိုက္ကို ေခၚယူဖို႔ လီဗာပူးနည္းတူ လက္စတာကလည္း စိတ္ဝင္စားေနပါတယ္။

လီဗာပူးဘက္က ကငး္ေထာက္ ေစာင့္ၾကည့္မႈ လုပ္ထားဖူးတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ေတာင္ပံသမား အိုဆမ္ဟမ္ကို လိုင္လီဘက္က ယူရို ၅၀ သန္း ေစ်းသက္မွတ္လိုက္ျပီျဖစ္ပါတယ္။

၂၀၂၂ ေဘာလံုးရာသီမွာ အင္တာမီလန္နဲ႔ စာခ်ဳပ္ကုန္မယ့္ ခရိုေအးရွား ကစားသမား ဘရိုဇိုဗစ္ကို ေစာင့္ၾကည့္မႈမွာ လီဗာပူးဟာ ရီးရဲလ္မက္ဒရစ္နဲ႔အျပိဳင္ ျဖစ္ေနပါတယ္။

ကစားသမားေဟာင္းၾကီး ကာေရဂါက လီဗာပူးဟာ ေအဂ်က္ ေတာင္ပံသမား ဇီယက္အတြက္ ကမ္းလွမ္းမႈ မလုပ္ခဲ့တဲ့အေပၚ အံ့အားသင့္မိတယ္လို႔ ဖြင့္ဟသြားပါတယ္။