ဂျာမနီကလပ် လိုက်ဇစ်အသင်း မန်နေဂျာဖြစ်သူ နေဂဲလ်စမန်းက သူဟာ ပိုကောင်းတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာဖို့အတွက် လီဗာပူးပွဲတွေကို လေ့လာ ကြည့်ရှုပါတယ်လို့ ဝန်ခံပြောဆိုမှု လုပ်ခဲ့ပါတယ်။

ဘွန်ဒက်လီဂါသမိုင်းမှာ အသက်အငယ်ဆုံး မန်နေဂျာလည်းဖြစ်တဲ့ နေဂဲလ်စမန်းဟာ အသက် ၃၂ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကို ကြည့်ရှုလေ့လာကာ သူ့ရဲ့ ကိုယ်ပိုင် မန်နေဂျာအလုပ်တွေမှာ အကူအညီဖြစ်စေဖို့ ကြိုးစားပါတယ်လို့ ဆိုခဲ့တာဖြစ်တယ်။

လိုက်ဇစ် မန်နေဂျာက “ လီဗာပူးနဲ့ မန်စီးတီးပွဲတွေ အများကြီး ကျနော် ကြည့်ပါတယ်။ မနှစ်တုန်းက မန်စီးတီးက အရမ်းကို ကောင်းပြီး ဘောလုံးပိုင်ဆိုင်မှုမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ဂွာဒီယိုလာရဲ့ အသင်းတေါကို ကြည့်ရတာက အမြဲတမ်း ကောင်းပါတယ်။

လီဗာပူးကလည်း အများကြီး တိုးတက်လာခဲ့တယ်။ ကလေ့ာပ်ရဲ့ ပထမဆုံး နှစ်ရာသီမှာ ဘောလုံးက ကောင်တာတိုက်စစ် ပိုဆန်ပြီး တိုက်စစ်ပိုင်း ဖန်တီးမှုတွေ မြင်ခဲ့ရတယ်။ အခု လိုက်ဇစ်နဲ့ ကျနေ်ာတို့ အခြေအနေတွေလိုပေါ့။ မန်နေဂျာကောင်းတစ်ဦး ဖြစ်လိုတယ်ဆိုရင် လီဗာပူးပွဲတွေကို ကြည့်ဖို့ လိုပါလိမ့်မယ်။

လီဗာပူးအသင်း လုပ်ပြနေတာက အံ့မခန်းပါပဲ။ သူတို့ရဲ့ စွမ်းဆောင်ရည်ကနေ သင်ယူမှုတွေ လုပ်နိုင်ပပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက သူတို့ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာပါပဲ။ အရမ်းအောင်မြင်နေရင်တော့ ရူးလောက်စရာတွေပဲပေါ့။ လိဂ်မှာ ကိုယ်နောက်က အသင်းကို ၂၂ မှတ်တောင် ဖြတ်ထားတာပါ။ ဒါပေမယ့် ပွဲတွေကို ပိုပိုပြီး အနိုင်ရအောင် လုပ်ရပါမယ်။

လီဗာပူးက ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အသင်းသားတွေအတွက် မက်ဆေ့ကောင်းပဲဖြစ်တယ်။ ဘယ်လိုတွေ ဆာလောင်နေတယ်၊ ပိုကောင်းလာအောင် ဘယ်လိုလုပ်တယ်၊ ဒါတွေကို သင်ယူရပါမယ်။ ချန်ပီယံဖြစ်ဖို့ နီးစပ်လာတယ်ဆိုတာတွေက အရေးမပါပါဘူး။ ဆက်ပြီးလည်း နိုင်ပွဲတွေ နိုင်ပွဲတွေ ရယူနေတာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

ဂ်ာမနီကလပ္ လိုက္ဇစ္အသင္း မန္ေနဂ်ာျဖစ္သူ ေနဂဲလ္စမန္းက သူဟာ ပိုေကာင္းတဲ့ မန္ေနဂ်ာတစ္ဦး ျဖစ္လာဖို႔အတြက္ လီဗာပူးပြဲေတြကို ေလ့လာ ၾကည့္ရႈပါတယ္လို႔ ဝန္ခံေျပာဆိုမႈ လုပ္ခဲ့ပါတယ္။

ဘြန္ဒက္လီဂါသမိုင္းမွာ အသက္အငယ္ဆံုး မန္ေနဂ်ာလည္းျဖစ္တဲ့ ေနဂဲလ္စမန္းဟာ အသက္ ၃၂ ႏွစ္အရြယ္ပဲ ရွိေသးတာျဖစ္ျပီး ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြကို ၾကည့္ရႈေလ့လာကာ သူ႔ရဲ႕ ကိုယ္ပိုင္ မန္ေနဂ်ာအလုပ္ေတြမွာ အကူအညီျဖစ္ေစဖို႔ ၾကိဳးစားပါတယ္လို႔ ဆိုခဲ့တာျဖစ္တယ္။

လိုက္ဇစ္ မန္ေနဂ်ာက “ လီဗာပူးနဲ႔ မန္စီးတီးပြဲေတြ အမ်ားၾကီး က်ေနာ္ ၾကည့္ပါတယ္။ မႏွစ္တုန္းက မန္စီးတီးက အရမ္းကို ေကာင္းျပီး ေဘာလံုးပိုင္ဆိုင္မႈမွာ အေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းတယ္။ ဂြာဒီယိုလာရဲ႕ အသင္းေတါကို ၾကည့္ရတာက အျမဲတမ္း ေကာင္းပါတယ္။

လီဗာပူးကလည္း အမ်ားၾကီး တိုးတက္လာခဲ့့တယ္။ ကေလ့ာပ္ရဲ႕ ပထမဆံုး ႏွစ္ရာသီမွာ ေဘာလံုးက ေကာင္တာတိုက္စစ္ ပိုဆန္ျပီး တိုက္စစ္ပိုင္း ဖန္တီးမႈေတြ ျမင္ခဲ့ရတယ္။ အခု လိုက္ဇစ္နဲ႔ က်ေန္ာတို႔ အေျခအေနေတြလိုေပါ့။ မန္ေနဂ်ာေကာင္းတစ္ဦး ျဖစ္လိုတယ္ဆိုရင္ လီဗာပူးပြဲေတြကို ၾကည့္ဖို႔ လိုပါလိမ့္မယ္။

လီဗာပူးအသင္း လုပ္ျပေနတာက အံ့မခန္းပါပဲ။ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကေန သင္ယူမႈေတြ လုပ္ႏုိင္ပပါတယ္။ ဒါေပမယ့္ အေရးၾကီးဆံုးက သူတို႔ရဲ႕ စိတ္ဓါတ္ပိုင္းဆိုင္ရာပါပဲ။ အရမ္းေအာင္ျမင္ေနရင္ေတာ့ ရူးေလာက္စရာေတြပဲေပါ့။ လိဂ္မွာ ကိုယ္ေနာက္က အသင္းကို ၂၂ မွတ္ေတာင္ ျဖတ္ထားတာပါ။ ဒါေပမယ့္ ပြဲေတြကို ပိုပိုျပီး အႏုိင္ရေအာင္ လုပ္ရပါမယ္။

လီဗာပူးက ငယ္ရြယ္တဲ့ ကစားသမားေတြနဲ႔ အသင္းသားေတြအတြက္ မက္ေဆ့ေကာင္းပဲျဖစ္တယ္။ ဘယ္လိုေတြ ဆာေလာင္ေနတယ္၊ ပိုေကာင္းလာေအာင္ ဘယ္လိုလုပ္တယ္၊ ဒါေတြကို သင္ယူရပါမယ္။ ခ်န္ပီယံျဖစ္ဖို႔ နီးစပ္လာတယ္ဆိုတာေတြက အေရးမပါပါဘူး။ ဆက္ျပီးလည္း ႏုိင္ပြဲေတြ ႏုိင္ပြဲေတြ ရယူေနတာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။