၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အကောင်းဆုံး ယှဉ်ပြိုင်နေတဲ့ လီဗာပူးအသင်းဟာ ဒီနှစ်ရဲ့ အကောင်းဆုံး ၁၁ ဦး အသင်းမှာ နေရာ ၁၀ နေရာထိ အနိုင်ရသွားနိုင်တယ်လို့ ဒေးလီးမေလ်းက ဖော်ပြခဲ့ပါတယ်။

တစ်ရာသီလုံး ရံှူးပွဲမရှိသလို သရေပွဲ တစ်ပွဲရှိတဲ့ လီဗာပူးအသင်းဟာ အဆုံးသတ်ကာလတွေအတွက် အကောင်းဆုံး လုပ်ပြဖို့ အချိန် ကျရောက်လာပြီဖြစ်တယ်။ ၂၀၀၆-၂၀၀၇ ခုနှစ်မှာ ယူနိုက်တက်က တစ်နှစ်တာ အကောင်းဆုံးအသင်းအတွင်း လီဗာပူးမှ စတီဗင်ဂျရတ်၊ ချယ်ဆီးမှ ဒရော့ဘာနဲ့ စပါးမှ ဘာဘာတော့ဗ်ကလွဲရင် ကျန် ၈ နေရာလုံး သိမ်းပိုက်မှုက အမြင့်ဆုံး ပါဝင်မှု ဖြစ်ထားခဲ့တယ်။

ဒါပေမယ့် လီဗာပူးက အဆိုပါ မှတ်တမ်းကောင်းကို ချိုးဖျက်ပြီး ၁၀ နေရာထိကို အနိုင်ရဖို့ အလားအလာတွေ ပိုင်ဆိုင်နေတာဖြစ်တယ်။ လီဗာပူးအသင်း အနိုင်မရနိုင်တဲ့ တစ်နေရာတည်းက ကွင်းလယ်ဖြစ်ပြီး မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကလည်း အကောင်းဆုံး အသင်းထဲ ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်က ရာသီစမှာ ဒဏ်ရာကြောင့် ၁၀ ပွဲဝန်းကျင် မပါနိုင်ခဲ့ပေမယ့် သူပြန်ကစားနိုင်ပြီး နောက်ပိုင်းမှာလည်း အကောင်းဆုံး လက်စွမ်းတွေကြောင့် လိဂ်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ဂိုးသမားအဖြစ် ထိပ်ဆုံးကို ပြန်ရောက်လာခဲ့သူဖြစ်တယ်။ ခံစစ်က ဗန်ဒိုက်၊ ဂိုးမက်စ်၊ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်ခွင့်ရမယ့် ခံစစ်သမားတွေဖြစ်ပါတယ်။

လီဗာပူးကွင်းလယ်လူ ဟန်ဒါဆန်က တစ်ရာသီ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေပြီး အသင်းဖော် ဝိုက်နယ်ဒမ်နဲ့အတူ ဒီစာရင်းထဲ ပါဝင်လာဖို့ အခွင့်အရေး များနေပါတယ်။ နောက်ထပ် တွဲဘက်ဖြစ်တဲ့ ဖာဘင်ညိုက ပထမရာသီဝက်မှာ ခြေစွမ်းကောင်းခဲ့ပေမယ့် ဒဏ်ရာရခဲ့ကာ ပွဲအများအပြား လွတ်ထားရတာကြောင့် ပါဝင်နိုင်ဖွယ် မရှိသလို ဒီဘရိုင်းရဲ့ ခြေစွမ်းကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေတာဖြစ်တယ်။

တိုက်စစ်မှာတော့ ချယ်ဆီးမှ အေဘရာစမ်၊ လက်စတာမှ ဗာဒီ၊ ဆောက်သမ်တန်မှ အင့်တို့ကလည်း ထက်မြက်တဲ့ တိုက်စစ်စွမ်းရည်တွေ ပြသထားပေမယ့် ဖာမင်နို၊ ဆာလက်၊ မာနေးတို့လို တရာသီ ခြေစွမ်းတည်ငြိမ်မှုကိုတော့ မပြသထားနိုင်တာကြောင့် တစ်နှစ်တာ အကောင်းဆုံးအသင်းကနေ လွဲချော်သွားဖို့ ရှိနေပါတယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို အေကာင္းဆံုး ယွဥ္ျပိဳင္ေနတဲ့ လီဗာပူးအသင္းဟာ ဒီႏွစ္ရဲ႕ အေကာင္းဆံုး ၁၁ ဦး အသင္းမွာ ေနရာ ၁၀ ေနရာထိ အႏုိင္ရသြားႏုိင္တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပခဲ့ပါတယ္။

တစ္ရာသီလံုး ရံွဴးပြဲမရွိသလို သေရပြဲ တစ္ပြဲရွိတဲ့ လီဗာပူးအသင္းဟာ အဆံုးသတ္ကာလေတြအတြက္ အေကာင္းဆံုး လုပ္ျပဖို႔ အခ်ိန္ က်ေရာက္လာျပီျဖစ္တယ္။ ၂၀၀၆-၂၀၀၇ ခုႏွစ္မွာ ယူႏုိက္တက္က တစ္ႏွစ္တာ အေကာင္းဆံုးအသင္းအတြင္း လီဗာပူးမွ စတီဗင္ဂ်ရတ္၊ ခ်ယ္ဆီးမွ ဒေရာ့ဘာနဲ႔ စပါးမွ ဘာဘာေတာ့ဗ္ကလြဲရင္ က်န္ ၈ ေနရာလံုး သိမ္းပိုက္မႈက အျမင့္ဆံုး ပါဝင္မႈ ျဖစ္ထားခဲ့တယ္။

ဒါေပမယ့္ လီဗာပူးက အဆိုပါ မွတ္တမ္းေကာင္းကို ခ်ိဳးဖ်က္ျပီး ၁၀ ေနရာထိကို အႏုိင္ရဖို႔ အလားအလာေတြ ပိုင္ဆိုင္ေနတာျဖစ္တယ္။ လီဗာပူးအသင္း အႏုိင္မရႏိုင္တဲ့ တစ္ေနရာတည္းက ကြင္းလယ္ျဖစ္ျပီး မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းကလည္း အေကာင္းဆံုး အသင္းထဲ ပါဝင္လာႏုိင္တာ ျဖစ္ပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္က ရာသီစမွာ ဒဏ္ရာေၾကာင့္ ၁၀ ပြဲဝန္းက်င္ မပါႏုိင္ခဲ့ေပမယ့္ သူျပန္ကစားႏုိင္ျပီး ေနာက္ပိုင္းမွာလည္း အေကာင္းဆံုး လက္စြမ္းေတြေၾကာင့္ လိဂ္ရဲ႕ စြမ္းေဆာင္ရည္ အျမင့္ဆံုး ဂိုးသမားအျဖစ္ ထိပ္ဆံုးကို ျပန္ေရာက္လာခဲ့သူျဖစ္တယ္။ ခံစစ္က ဗန္ဒိုက္၊ ဂိုးမက္စ္၊ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တုိ႔ဟာ ဒီႏွစ္ရဲ႕ အေကာင္းဆံုးအသင္းမွာ ပါဝင္ခြင့္ရမယ့္ ခံစစ္သမားေတြျဖစ္ပါတယ္။

လီဗာပူးကြင္းလယ္လူ ဟန္ဒါဆန္က တစ္ရာသီ အေကာင္းဆံုး ကစားသမားဆုအတြက္ ေရပန္းစားေနျပီး အသင္းေဖာ္ ဝိုက္နယ္ဒမ္နဲ႔အတူ ဒီစာရင္းထဲ ပါဝင္လာဖို႔ အခြင့္အေရး မ်ားေနပါတယ္။ ေနာက္ထပ္ တြဲဘက္ျဖစ္တဲ့ ဖာဘင္ညိဳက ပထမရာသီဝက္မွာ ေျခစြမ္းေကာင္းခဲ့ေပမယ့္ ဒဏ္ရာရခဲ့ကာ ပြဲအမ်ားအျပား လြတ္ထားရတာေၾကာင့္ ပါဝင္ႏုိင္ဖြယ္ မရွိသလို ဒီဘရိုင္းရဲ႕ ေျခစြမ္းကလည္း အေကာင္းဆံုး အေနအထားမွာ ရွိေနတာျဖစ္တယ္။

တိုက္စစ္မွာေတာ့ ခ်ယ္ဆီးမွ ေအဘရာစမ္၊ လက္စတာမွ ဗာဒီ၊ ေဆာက္သမ္တန္မွ အင့္တို႔ကလည္း ထက္ျမက္တဲ့ တိုက္စစ္စြမ္းရည္ေတြ ျပသထားေပမယ့္ ဖာမင္ႏို၊ ဆာလက္၊ မာေနးတို႔လို တရာသီ ေျခစြမ္းတည္ျငိမ္မႈကိုေတာ့ မျပသထားႏုိင္တာေၾကာင့္ တစ္ႏွစ္တာ အေကာင္းဆံုးအသင္းကေန လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။