ဒီကနေ့မှာတော့ လီဗာပူးဟာ အမှတ်ပေးဇယား အဆင့် ၂၀ နေရာက နော်ဝစ်အသင်းရဲ့ အိမ်ကွင်းထံ သွားရောက်ပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။

လီဗာပူး လေ့ကျင့်ရေး အစီအစဉ်တွေမှာ မီလ်နာနဲ့ မာနေးတို့ ပြန်သက်သာလာပေမယ့် ရှာကွီရီ ကလိုင်းတို့ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိပါဘူး။ ဒီအပတ်ပွဲအပြီးမှာ အက်သလက်တီကိုကွင်းထံ ချန်ပီယံလိဂ်ပွဲ သွားကစားဖို့ ရှိတာကြောင့် မန်နေဂျာ ယာဂင်ကလော့ပ်က အဓိက ကစားသမားတွေကို ထုတ်သုံးမလား အနားပေးမလားဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လီဗာပူးဟာ အမှတ်ပေးဇယားကို ၂၂ မှတ်ထိ ဖြတ်ထားတာကြောင့် လက်ကျန် ၁၃ ပွဲမှာ ၆ ပွဲ အနိုင်ရရင်ကို ချန်ပီယံဖြစ်မှာပါ။ ဖေဖော်ဝါရီ နားရက်တွေအပြီးမှာ လီဗာပူးဟာ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် ဒီကာလဟာ ဘယ်ပြိုင်ပွဲကို ဦးစားပေးမလဲဆိုတာကို စတင်မြင်ရတော့မယ့် ကာလတစ်ခုဖြစ်ပါတယ်။

အဓိက ကစားသမားတွေ ထုတ်သုံးမယ်

လီဗာပူးအသင်းက အဓိက ကစားသမား အစုံအလင် ထုတ်သုံးမယ်ဆိုရင် နော်ဝစ် ခံစစ်ကို ချိုးဖောက်ဖို့က အရမ်းကြီး ကြာမြင့်မယ် မထင်ရပါဘူး။ ဟန်ဒါဆန်၊ ဖာဘင်ညို၊ ဝိုက်နယ်ဒမ်ဟာ ကလော့ပ် အယုံကြည်ဆုံး ကစားသမားတွေဖြစ်ပြီး ဖာဘင်ညိုနဲ့ မာတစ်ကို ပွဲတွေ ပြန်ပေးထိတွေ့တာက ချန်ပီယံလိဂ်အတွက်လည်း အကျိးဖြစ်နိုင်ပါတယ်။

လီဗာပူးမှာ ချိန်ဘာလိန်နဲ့ ဂိုးမက်စ်တို့ ခြေစွမ်းပြနေပေမယ့် ဒဏ်ရာက သက်သာလာတဲ့ ကစားသမားတွေကို ဒီလို အသင်းငယ်နဲ့ ပွဲတွေမှာ တွဲဘက်ဟောင်းတွေနဲ့အတူ ထပ်မံ မိတ်ဆက်ပြီး ပုံစံကောင်းတွေ ရယူဖို့က ကလော့ပ် လုပ်လေ့ရှိတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အရန်ခုံမှာ စီနီယာတွေကို ရံထားခြင်းအားဖြင့် မိနစ် ၆၀ အကျော်မှာ လူစားဝင်မှုတွေနဲ့ ပွဲကို ထိန်းချုပ်နိုင်ပါတယ်။

အရန်တွေကို အသားပေးမယ်

ဒါကတော့ ဖြစ်လာဖို့ ခဲယဉ်းတဲ့ လူစာရင်းဖြစ်တယ်။ မာနေးနဲ့ ဖာမင်နိုတို့ကို အရန်ခုံ ထိုင်စေပြီး မီနာမီနို၊ အိုရီဂီတို့ကို ထည့်သွင်းခြင်းက နော်ဝစ်ကို ရင်ဆိုင်ဖို့ လုံလောက်မှုရှိပါတယ်။ ကွင်းလယ်မှာတော့ ချန်ပီယံလိဂ်ပွဲမှာ အရန်ခုံ ထိုင်ရနိုင်တဲ့ ကီတာ၊ လယ်လာနာတို့က လီဗာပူးအသင်း ခွန်းအားတွေကို ထိန်းသိမ်းဖို့ လုံလောက်စေမှာပါ။

မန်နေဂျာယာဂင်ကလော့ပ်က ညာအစွန်လူ နီကိုးကို ပရီးမီးယားလိဂ်မှာ ပိုမိုနေရာပေးဖို့ ရည်ရွယ်ထားပြီး ချန်ပီယံလိဂ်ပွဲ နီးကပ်နေချိန်မှာ ထရန့်အစား ထည့်သွင်းတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ။ ဒါဆိုရင်တော့ တီကိုနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲအတွက် စီနီယာအသင်း အများအပြား လန်းဆန်းမှုအပြည့် ဖြစ်နေမှာပါ။

ZAWGYI

ဒီကေန႔မွာေတာ့ လီဗာပူးဟာ အမွတ္ေပးဇယား အဆင့္ ၂၀ ေနရာက ေနာ္ဝစ္အသင္းရဲ႕ အိမ္ကြင္းထံ သြားေရာက္ျပီး ပရီးမီးယားလိဂ္ပြဲ ယွဥ္ျပိဳင္ကစားရေတာ့မွာျဖစ္ပါတယ္။

လီဗာပူး ေလ့က်င့္ေရး အစီအစဥ္ေတြမွာ မီလ္နာနဲ႔ မာေနးတို႔ ျပန္သက္သာလာေပမယ့္ ရွာကီြရီ ကလိုင္းတို႔ကေတာ့ ဒဏ္ရာေၾကာင့္ ပါဝင္ႏုိင္ျခင္း မရွိပါဘူး။ ဒီအပတ္ပြဲအျပီးမွာ အက္သလက္တီကိုကြင္းထံ ခ်န္ပီယံလိဂ္ပြဲ သြားကစားဖို႔ ရွိတာေၾကာင့္ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အဓိက ကစားသမားေတြကို ထုတ္သံုးမလား အနားေပးမလားဆိုတာက စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။

လီဗာပူးဟာ အမွတ္ေပးဇယားကို ၂၂ မွတ္ထိ ျဖတ္ထားတာေၾကာင့္ လက္က်န္ ၁၃ ပြဲမွာ ၆ ပြဲ အႏုိင္ရရင္ကို ခ်န္ပီယံျဖစ္မွာပါ။ ေဖေဖာ္ဝါရီ နားရက္ေတြအျပီးမွာ လီဗာပူးဟာ ပရီးမီးယားလိဂ္၊ အက္ဖ္ေအနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြ ယွဥ္ျပိဳင္ရဖို႔ ရွိေနတာေၾကာင့္ ဒီကာလဟာ ဘယ္ျပိဳင္ပြဲကို ဦးစားေပးမလဲဆိုတာကို စတင္ျမင္ရေတာ့မယ့္ ကာလတစ္ခုျဖစ္ပါတယ္။

အဓိက ကစားသမားေတြ ထုတ္သံုးမယ္

လီဗာပူးအသင္းက အဓိက ကစားသမား အစံုအလင္ ထုတ္သံုးမယ္ဆိုရင္ ေနာ္ဝစ္ ခံစစ္ကို ခ်ိဳးေဖာက္ဖို႔က အရမ္းၾကီး ၾကာျမင့္မယ္ မထင္ရပါဘူး။ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ ဝိုက္နယ္ဒမ္ဟာ ကေလာ့ပ္ အယံုၾကည္ဆံုုး ကစားသမားေတြျဖစ္ျပီး ဖာဘင္ညိဳနဲ႔ မာတစ္ကို ပြဲေတြ ျပန္ေပးထိေတြ႔တာက ခ်န္ပီယံလိဂ္အတြက္လည္း အက်ိးျဖစ္ႏုိင္ပါတယ္။

လီဗာပူးမွာ ခ်ိန္ဘာလိန္နဲ႔ ဂိုးမက္စ္တို႔ ေျခစြမ္းျပေနေပမယ့္ ဒဏ္ရာက သက္သာလာတဲ့ ကစားသမားေတြကို ဒီလို အသင္းငယ္နဲ႔ ပြဲေတြမွာ တြဲဘက္ေဟာင္းေတြနဲ႔အတူ ထပ္မံ မိတ္ဆက္ျပီး ပံုစံေကာင္းေတြ ရယူဖို႔က ကေလာ့ပ္ လုပ္ေလ့ရွိတဲ့ နည္းလမ္းပဲ ျဖစ္ပါတယ္။ အရန္ခံုမွာ စီနီယာေတြကို ရံထားျခင္းအားျဖင့္ မိနစ္ ၆၀ အေက်ာ္မွာ လူစားဝင္မႈေတြနဲ႔ ပြဲကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။

အရန္ေတြကို အသားေပးမယ္

ဒါကေတာ့ ျဖစ္လာဖို႔ ခဲယဥ္းတဲ့ လူစာရင္းျဖစ္တယ္။ မာေနးနဲ႔ ဖာမင္ႏိုတို႔ကို အရန္ခံု ထိုင္ေစျပီး မီနာမီႏို၊ အိုရီဂီတို႔ကို ထည့္သြင္းျခင္းက ေနာ္ဝစ္ကို ရင္ဆိုင္ဖို႔ လံုေလာက္မႈရွိပါတယ္။ ကြင္းလယ္မွာေတာ့ ခ်န္ပီယံလိဂ္ပြဲမွာ အရန္ခံု ထိုင္ရႏုိင္တဲ့ ကီတာ၊ လယ္လာနာတို႔က လီဗာပူးအသင္း ခြန္းအားေတြကို ထိန္းသိမ္းဖို႔ လံုေလာက္ေစမွာပါ။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ညာအစြန္လူ နီကိုးကို ပရီးမီးယားလိဂ္မွာ ပိုမိုေနရာေပးဖို႔ ရည္ရြယ္ထားျပီး ခ်န္ပီယံလိဂ္ပြဲ နီးကပ္ေနခ်ိန္မွာ ထရန္႔အစား ထည့္သြင္းတာက အေကာင္းဆံုး ေရြးခ်ယ္မႈပါပဲ။ ဒါဆိုရင္ေတာ့ တီကိုနဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲအတြက္ စီနီယာအသင္း အမ်ားအျပား လန္းဆန္းမႈအျပည့္ ျဖစ္ေနမွာပါ။