မန်နေဂျာ ယာဂင်ကလော့ပ်က ကလပ်အသင်းဟာ ရာသီအကုန်မှာ ရောက်လာမယ့် အောင်မြင်မှုတွေအတွက်ထက် နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်နေပါတယ်လို့ နော်ဝစ်ပွဲကြိုမှာ ထုတ်ပြောပါတယ်။

အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးဟာ ဒီအပတ်မှာတော့ နော်ဝစ်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အက်သလက်တီကို ပွဲမတိုင်ခင်မှာ အသင်းရဲ့ ပုံစံကောင်းတွေကို ထိမ်းသိမ်းဖို့ အာရုံစိုက်နေရမှာပါ။ ဒီပွဲတွေပြီးရင် နောက်လမှာတော့ ချယ်ဆီးနဲ့ အရေးပါတဲ့ အက်ဖ်အေပွဲလည်း ရှိနေတာဖြစ်တယ်။

ကလော့ပ်ကတော့ အနာဂတ်ဆိုတဲ့ အချိန်ကာလကို ကျော်မကြည့်ပဲ လက်ရှိကာလကို အာရုံစိုက်ကာ အိပ်မက်တွေအတွက် စိတ်ကူးယဉ်မနေကြဖို့နဲ့ လီဗာပူးအတွက် ထိုက်တန်တဲ့ ကိုယ်စားပြုသူတွေဆိုတာကို ပြသစေဖို့ တိုက်တွန်းလိုက်ပါတယ်။

ကလော့ပ်က “ ရာသီကုန်မှာ တစ်သင်းကတော့ ချန်ပီယံဖြစ်မယ်ဆိုတာ ငါတို့သိတယ်။ အမြဲတမ်း အဲ့လိုဖြစ်ခဲ့တာပါပဲ။ ဒီနှစ်အတွက်ကတော့ ငါတို့ဖြစ်လာဖို့ အခွင့်အရေး ရှိနေတယ်။ အဲ့တာက အရမ်း အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ အဲ့အကြောင်းကို စဉ်းစားလို့ မရသေးပါဘူး။

နေ့တိုင်းမှာ ကောင်လေးတွေနဲ့ အလုပ်လုပ်နေပြီး ဒီအသင်းမှာ ဘယ်သူကမှ အဲ့သည်အခိုက်အတန့်အတွက် အိပ်မက် မက်မနေပါဘူး။ ငါတို့အတွက် အရေးကြီးဆုံးက ဒီအသင်းအတွက် ဘယ်လို ကစားကြမလဲ၊ ဒီအရောင်အတွက် ဘယ်လို ကစားမလဲ၊ ဒီကလပ်အသင်းရဲ့ တန်ဖိုးတွေကို ကိုယ်စားပြုမလဲဆိုတာတွေပဲဖြစ်ပါတယ်။

ငါတို့အတွက် အဲ့တာကပဲ အရေးကြီးပါတယ်။ လူတိုင်းကို ဒါနဲ့ ပက်သက်ပြီး မြင်စေလိုတယ်။ ရာသီအကုန်ရင် ငါတို့အတွက် ဘာတွေရှိမလဲဆိုတာ ဘယ်သူသိမှာလဲ၊ ငါတို့လဲ မသိပါဘူး။ အခုတော့ နော်ဝစ်နဲ့ ယှဉ်ပြိုင်ရပါမယ်။ ငါပြောတာကို ယုံပါ ဒီပွဲကိုပဲ ငါတို့တွေ အပြည့်အဝ အာရုံစိုက်ဖို့ လိုပါတယ်။ ငါတို့ရဲ့ အားလုံးသော အာရုံစိုက်မှုက သူတို့အတွက်ပဲ ဖြစ်ရပါမယ်။ အဲ့တာအတွက်ပဲ ငါ အာရုံစိုက်ထားပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကလပ္အသင္းဟာ ရာသီအကုန္မွာ ေရာက္လာမယ့္ ေအာင္ျမင္မႈေတြအတြက္ထက္ ေန႔စဥ္ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေဆာင္တာေတြကို အာရံုစိုက္ေနပါတယ္လို႔ ေနာ္ဝစ္ပြဲၾကိဳမွာ ထုတ္ေျပာပါတယ္။

အမွတ္ေပးဇယား ဦးေဆာင္သူ လီဗာပူးဟာ ဒီအပတ္မွာေတာ့ ေနာ္ဝစ္ကို အေဝးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ျပီး အက္သလက္တီကို ပြဲမတိုင္ခင္မွာ အသင္းရဲ႕ ပံုစံေကာင္းေတြကို ထိမ္းသိမ္းဖို႔ အာရံုစိုက္ေနရမွာပါ။ ဒီပြဲေတြျပီးရင္ ေနာက္လမွာေတာ့ ခ်ယ္ဆီးနဲ႔ အေရးပါတ့ဲ အက္ဖ္ေအပြဲလည္း ရွိေနတာျဖစ္တယ္။

ကေလာ့ပ္ကေတာ့ အနာဂတ္ဆိုတဲ့ အခ်ိန္ကာလကို ေက်ာ္မၾကည့္ပဲ လက္ရွိကာလကို အာရံုစိုက္ကာ အိပ္မက္ေတြအတြက္ စိတ္ကူးယဥ္မေနၾကဖို႔နဲ႔ လီဗာပူးအတြက္ ထိုက္တန္တဲ့ ကိုယ္စားျပဳသူေတြဆိုတာကို ျပသေစဖို႔ တိုက္တြန္းလိုက္ပါတယ္။

ကေလာ့ပ္က “ ရာသီကုန္မွာ တစ္သင္းကေတာ့ ခ်န္ပီယံျဖစ္မယ္ဆိုတာ ငါတို႔သိတယ္။ အျမဲတမ္း အဲ့လိုျဖစ္ခဲ့တာပါပဲ။ ဒီႏွစ္အတြက္ကေတာ့ ငါတုိ႔ျဖစ္လာဖို႔ အခြင့္အေရး ရွိေနတယ္။ အဲ့တာက အရမ္း အရမ္းကို ေကာင္းပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိေတာ့ အဲ့အေၾကာင္းကို စဥ္းစားလို႔ မရေသးပါဘူး။

ေန႔တိုင္းမွာ ေကာင္ေလးေတြနဲ႔ အလုပ္လုပ္ေနျပီး ဒီအသင္းမွာ ဘယ္သူကမွ အဲ့သည္အခိုက္အတန္႔အတြက္ အိပ္မက္ မက္မေနပါဘူး။ ငါတို႔အတြက္ အေရးၾကီးဆံုးက ဒီအသင္းအတြက္ ဘယ္လို ကစားၾကမလဲ၊ ဒီအေရာင္အတြက္ ဘယ္လို ကစားမလဲ၊ ဒီကလပ္အသင္းရဲ႕ တန္ဖိုးေတြကို ကိုယ္စားျပဳမလဲဆိုတာေတြပဲျဖစ္ပါတယ္။

ငါတို႔အတြက္ အဲ့တာကပဲ အေရးၾကီးပါတယ္။ လူတိုင္းကို ဒါနဲ႔ ပက္သက္ျပီး ျမင္ေစလိုတယ္။ ရာသီအကုန္ရင္ ငါတို႔အတြက္ ဘာေတြရွိမလဲဆိုတာ ဘယ္သူသိမွာလဲ၊ ငါတို႔လဲ မသိပါဘူး။ အခုေတာ့ ေနာ္ဝစ္နဲ႔ ယွဥ္ျပိဳင္ရပါမယ္။ ငါေျပာတာကို ယံုပါ ဒီပြဲကိုပဲ ငါတို႔ေတြ အျပည့္အဝ အာရံုစိုက္ဖို႔ လိုပါတယ္။ ငါတုိ႔ရဲ႕ အားလံုးေသာ အာရံုစိုက္မႈက သူတို႔အတြက္ပဲ ျဖစ္ရပါမယ္။ အဲ့တာအတြက္ပဲ ငါ အာရံုစိုက္ထားပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။