ဒီကနေ့မနက်မှာတော့ ပရီးမီးယားလိဂ်ကလပ်တစ်သင်းဖြစ်တဲ့ မန်စီးတီးဟာ ဥရောပ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုကြောင့် ဥရောပပွဲ နှစ်နှစ်ပယ် ပြစ်ဒဏ်နဲ့အတူ ဒဏ်ငွေ ပေါင် ၂၅ သန်း ကျသင့်ဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ပါတယ်။

မန်စီးတီးဘက်က အယူခံဝင်မှုကို ချက်ခြင်းလုပ်ဆောင်ထားပြီး နောက်ဆက်တွဲအားဖြင့် ပရီးမီးယားလိဂ်ကလည်း မန်စီးတီးအပေါ် အရေးယူမှုတွေ ပြုလုပ်ဖွယ်ရှိတယ်။ မမှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ အောင်မြင်မှုတွေကို ရယူနေတယ်ဆိုရင် အဲ့သည် အောင်မြင်မှုကို ရင်ဆိုင် ဆန့်ကျင်သင့်တယ်ဆိုတာက ဒီကနေ့ အင်္ဂလန်မီဒီယာတွေမှာ ရေပန်းစားတဲ့ ဝေဖန်ချက်လည်း ဖြစ်လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း စတင်လာတဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ လီဗာပူးဘက်က အပြောင်းအရွှေ့တွေမှာ ထိန်းချုပ်မှုကြီးခဲ့ပြီး အသုံးစရိတ်တွေကို ကျစ်ကျစ်လစ်လစ်လုပ်ဆောင်ခဲ့တာကြောင့် ဒီကိစ္စဟာ လီဗာပူးနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ အင်္ဂလန်တစ်သင်းကို ရိုက်ခတ်မှုဟာ ပရီးမီးယားလိဂ်ကိုပါ သက်ရောက်မှုတွေ ရှိလာမှာဖြစ်တယ်။

ဒီကိစ္စနောက်ဆက်တွဲအဖြစ် လီဗာပူးပရိသတ်တွေက ကိုယ်ပိုင် ဆန္ဒတစ်ခုကို ဖော်ထုတ်ကြရာမှာ တွစ်တာစာမျက်နှာအတွင်း လီဗာပူးပရိသတ်တွေကြား ရေပန်းအစားဆုံးက ဒီဘရိုင်း အပြောင်းအရွှေ့ ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးရဲ့ ဥရောပပွဲပိတ်ခံရမှု အတည်ပြု အထမြောက်မယ်ဆိုရင် ကစားသမားကောင်းများစွာဟာ မန်ချက်စတာကလပ်ကို စွန့်ခွာမှုတွေ ဖြစ်သွားနိုင်ပါတယ်။ အဲ့သည်အထဲ ပါဝင်နိုင်သူတစ်ဦးကတော့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းပဲဖြစ်ပါတယ်။ ဒီဘရိုင်းဟာ ငယ်စဉ် ကစားသမားဘဝက လီဗာပူးအသင်းကို အားပေးပြီး အိုဝင်ကို နှစ်သက်သူဖြစ်ခြင်းက လီဗာပူးပရိသတ်တွေကြား သိရှိထားတဲ့ ကိစ္စတစ်ခုဖြစ်တယ်။

မန်စီးတီးမှာ ကစားသမားကောင်းတွေ များစွာရှိပေမယ့် လီဗာပူးပရိသတ်တွေက ဒီဘရိုင်းတစ်ဦးကိုပဲ သဘောတွေ့တာဖြစ်ပြီး အင်္ဂလန်ပြင်ပကို လက်လွတ်ရမှာထက် ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိစေလိုကာ ခေါ်ယူခွင့်ရရင် ကြိုးစားဖို့ မှတ်ချက်ပြုနေကြတာဖြစ်တယ်။ ဒီတွီစ်ဟာ လီဗာပူးပရိသတ်တွေကြား တစ်ညတည်းနဲ့ အတော်လေး ရေပန်းစားလာပြီး အမ်ဘာပေ ၂၀၂၀ ဆိုတဲ့ တွီစ်ထက်တောင် ရေပန်းစားလာခဲ့တယ်လို့ သိရပါတယ်။

ZAWGYI

ဒီကေန႔မနက္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္တစ္သင္းျဖစ္တဲ့ မန္စီးတီးဟာ ဥေရာပ ဘ႑ာေရးဆုိင္ရာ ခ်ိဳးေဖာက္မႈေၾကာင့္ ဥေရာပပြဲ ႏွစ္ႏွစ္ပယ္ ျပစ္ဒဏ္နဲ႔အတူ ဒဏ္ေငြ ေပါင္ ၂၅ သန္း က်သင့္ဖို႔ ယူအီးအက္ဖ္ေအက ဆံုးျဖတ္ခ်က္ ခ်လိုက္ျပီျဖစ္ပါတယ္။

မန္စီးတီးဘက္က အယူခံဝင္မႈကို ခ်က္ျခင္းလုပ္ေဆာင္ထားျပီး ေနာက္ဆက္တြဲအားျဖင့္ ပရီးမီးယားလိဂ္ကလည္း မန္စီးတီးအေပၚ အေရးယူမႈေတြ ျပဳလုပ္ဖြယ္ရွိတယ္။ မမွန္ကန္တဲ့ လုပ္ထုံးလုပ္နည္းနဲ႔ ေအာင္ျမင္မႈေတြကို ရယူေနတယ္ဆိုရင္ အဲ့သည္ ေအာင္ျမင္မႈကို ရင္ဆုိင္ ဆန္႔က်င္သင့္တယ္ဆိုတာက ဒီကေန႔ အဂၤလန္မီဒီယာေတြမွာ ေရပန္းစားတဲ့ ေဝဖန္ခ်က္လည္း ျဖစ္လာခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္ေနာက္ပိုင္း စတင္လာတဲ့ ဘ႑ာေရးစည္းမ်ဥ္းနဲ႔ ကိုက္ညီဖို႔ လီဗာပူးဘက္က အေျပာင္းအေရႊ႔ေတြမွာ ထိန္းခ်ဳပ္မႈၾကီးခဲ့ျပီး အသံုးစရိတ္ေတြကို က်စ္က်စ္လစ္လစ္လုပ္ေဆာင္ခဲ့တာေၾကာင့္ ဒီကိစၥဟာ လီဗာပူးနဲ႔ တိုက္ရိုက္သက္ဆုိင္ျခငး္ မရွိပါဘူး။ ဒါေပမယ့္လို႔ အဂၤလန္တစ္သင္းကို ရိုက္ခတ္မႈဟာ ပရီးမီးယားလိဂ္ကိုပါ သက္ေရာက္မႈေတြ ရွိလာမွာျဖစ္တယ္။

ဒီကိစၥေနာက္ဆက္တြဲအျဖစ္ လီဗာပူးပရိသတ္ေတြက ကိုယ္ပိုင္ ဆႏၵတစ္ခုကို ေဖာ္ထုတ္ၾကရာမွာ တြစ္တာစာမ်က္ႏွာအတြင္း လီဗာပူးပရိသတ္ေတြၾကား ေရပန္းအစားဆံုးက ဒီဘရိုင္း အေျပာင္းအေရႊ႔ ျဖစ္လာခဲ့ပါတယ္။

မန္စီးတီးရဲ႕ ဥေရာပပြဲပိတ္ခံရမႈ အတည္ျပဳ အထေျမာက္မယ္ဆိုရင္ ကစားသမားေကာင္းမ်ားစြာဟာ မန္ခ်က္စတာကလပ္ကို စြန္႔ခြာမႈေတြ ျဖစ္သြားႏုိင္ပါတယ္။ အဲ့သည္အထဲ ပါဝင္ႏုိင္သူတစ္ဦးကေတာ့ မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းပဲျဖစ္ပါတယ္။ ဒီဘရိုင္းဟာ ငယ္စဥ္ ကစားသမားဘဝက လီဗာပူးအသင္းကို အားေပးျပီး အိုဝင္ကို ႏွစ္သက္သူျဖစ္ျခင္းက လီဗာပူးပရိသတ္ေတြၾကား သိရွိထားတဲ့ ကိစၥတစ္ခုျဖစ္တယ္။

မန္စီးတီးမွာ ကစားသမားေကာင္းေတြ မ်ားစြာရွိေပမယ့္ လီဗာပူးပရိသတ္ေတြက ဒီဘရိုင္းတစ္ဦးကိုပဲ သေဘာေတြ႔တာျဖစ္ျပီး အဂၤလန္ျပင္ပကို လက္လြတ္ရမွာထက္ ပရီးမီးယားလိဂ္မွာပဲ ဆက္ရွိေစလိုကာ ေခၚယူခြင့္ရရင္ ၾကိဳးစားဖို႔ မွတ္ခ်က္ျပဳေနၾကတာျဖစ္တယ္။ ဒီတြီိိိိိိိိစ္ဟာ လီဗာပူးပရိသတ္ေတြၾကား တစ္ညတည္းနဲ႔ အေတာ္ေလး ေရပန္းစားလာျပီး အမ္ဘာေပ ၂၀၂၀ ဆိုတဲ့ တီြစ္ထက္ေတာင္ ေရပန္းစားလာခဲ့တယ္လို႔ သိရပါတယ္။