အီဂျစ် အိုလံပစ်ပြိုင်ပွဲဝင် ယူ-၂၃ အသင်းဟာ နွေမှာ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ကို ပါဝင်သွားဖို့ သေချာနေပေမယ့် ကလပ်အသင်းတွေက အိုလံပစ်အတွက် ကစားသမား မဖြစ်မနေ စေလွှတ်ရမယ်ဆိုတဲ့ ချုပ်နှောင်ခံထားရမှု မရှိဘူးလို့ သိရပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အိုလံပစ်ကို ဆာလက် ပါဝင်သွားမယ်လို့ အတည်ပြုထားပေမယ့် ဆာလက်နဲ့ လီဗာပူးဘက်က အတည်ပြု သတင်းထုတ်ပြန်တာမျိုး မရှိသေးတာကြောင့် ညိနှိုင်းနေဆဲလို့ ယူဆရပါတယ်။

မန်နေဂျာယာဂင်ကလော့ပ် လီဗာပူးအသင်းသားတွေအား အနီရောင်ဂျာစီကို ဝတ်ဆင်ပြီး လီဗာပူးအသင်းကို ကိုယ်စားပြုဖို့ ထိုက်တန်သူတွေဖြစ်ကြောင်း သက်သေပြဖို့ တောင်းဆိုသွားပါတယ်။

အင်္ဂလန်သတင်းဌာနအချို့က လီဗာပူးရဲ့ အမှတ်ပေးပြိုင်ဘက် မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ရမှတ်လျော့ ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်သလို လိဂ်တူးအထိ ဆင်းပြီး ကစားရနိုင်တယ်လို့ ဖော်ပြမှုတွေ ရှိနေပါတယ်။ ပြည်တွင်းလိဂ်မှာ ဘယ်လို ဆုံးဖြတ်ချက် လာမလားဆိုတဲ့ မသိရသေးပေမယ့် ဥရောပမှာတော့ မန်စီးတီးက အယူခံ ဝင်ထားပါတယ်။

လီဗာပူးဟာ နွေအပြောင်းအရွှေ့အတွက် ကင်းထောက်မှုထဲမှာ နာပိုလီကနေ ဘင်ဖီကာကို အငှားထွက်ကစားနေတဲ့ ဘရာဇီးသား တိုက်စစ်သမား ကားလိုစ့် ဗစ်နီးဆီးယက်စ်ကိုလည်း လေ့လာနေတယ်လို့ သိရပါတယ်။

လီဗာပူးပရိသတ်တွေက မန်စီးတီးက ကွင်းလယ်လူ ဒီဘရိုင်းကို အခွင့်အရေး ရှိမယ်ဆိုရင် ခေါ်ယူဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

အင်္ဂလန်မှာ ရာသီဥတု ကြမ်းတမ်းနေပေမယ့် နော်ဝစ်မှာ အခြေအနေကောင်းနေတာကြောင့် ဒီည အမှတ်ပေးပွဲက အစီအစဉ်တွေအတိုင်းပဲ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဗလန်စီယာနဲ့ပွဲမှာ တီကိုဘက်က မိုရာတာ၊ ဆန်တီယေဂိုနဲ့ ဂျင်မီနက်စ်တို့ ပြန်လည်ပါဝင်လာပါတယ်။ ဒဏ်ရာက သက်သာလာတဲ့ ကစားသမား အများအပြား မြင်ရပေမယ့် ကော်စတာကိုတော့ မတွေ့ရပါဘူး။

ဆွမ်ဆီးအသင်းထံ အငှားထွက်ကစားနေတဲ့ ဘရူးစတားက ဟူးစီးတီးနဲ့ပွဲမှာ သူ့ရဲ့ သုံးဂိုးမြောက် ချန်ပီယံရှစ်သွင်းဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။

ZAWGYI

အီဂ်စ္ အိုလံပစ္ျပိဳင္ပြဲဝင္ ယူ-၂၃ အသင္းဟာ ေႏြမွာ ဂ်ပန္မွာက်င္းပမယ့္ အိုလံပစ္ကို ပါဝင္သြားဖို႔ ေသခ်ာေနေပမယ့္ ကလပ္အသင္းေတြက အိုလံပစ္အတြက္ ကစားသမား မျဖစ္မေန ေစလႊတ္ရမယ္ဆိုတဲ့ ခ်ဳပ္ေႏွာင္ခံထားရမႈ မရွိဘူးလို႔ သိရပါတယ္။

အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္က အိုလံပစ္ကို ဆာလက္ ပါဝင္သြားမယ္လို႔ အတည္ျပဳထားေပမယ့္ ဆာလက္နဲ႔ လီဗာပူးဘက္က အတည္ျပဳ သတင္းထုတ္ျပန္တာမ်ိဳး မရွိေသးတာေၾကာင့္ ညိႏိႈင္းေနဆဲလို႔ ယူဆရပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ လီဗာပူးအသင္းသားေတြအား အနီေရာင္ဂ်ာစီကို ဝတ္ဆင္ျပီး လီဗာပူးအသင္းကို ကိုယ္စားျပဳဖို႔ ထိုက္တန္သူေတြျဖစ္ေၾကာင္း သက္ေသျပဖို႔ ေတာင္းဆိုသြားပါတယ္။

အဂၤလန္သတင္းဌာနအခ်ိဳ႔က လီဗာပူးရဲ႕ အမွတ္ေပးျပိဳင္ဘက္ မန္စီးတီးဟာ ပရီးမီးယားလိဂ္မွာ ရမွတ္ေလ်ာ့ ျပစ္ဒဏ္ကို ရင္ဆိုင္ရႏုိင္သလို လိဂ္တူးအထိ ဆင္းျပီး ကစားရႏုိင္တယ္လို႔ ေဖာ္ျပမႈေတြ ရွိေနပါတယ္။ ျပည္တြင္းလိဂ္မွာ ဘယ္လို ဆံုးျဖတ္ခ်က္ လာမလားဆိုတဲ့ မသိရေသးေပမယ့္ ဥေရာပမွာေတာ့ မန္စီးတီးက အယူခံ ဝင္ထားပါတယ္။

လီဗာပူးဟာ ေႏြအေျပာင္းအေရႊ႔အတြက္ ကင္းေထာက္မႈထဲမွာ နာပိုလီကေန ဘင္ဖီကာကို အငွားထြက္ကစားေနတဲ့ ဘရာဇီးသား တိုက္စစ္သမား ကားလိုစ့္ ဗစ္နီးဆီးယက္စ္ကိုလည္း ေလ့လာေနတယ္လို႔ သိရပါတယ္။

လီဗာပူးပရိသတ္ေတြက မန္စီးတီးက ကြင္းလယ္လူ ဒီဘရိုင္းကို အခြင့္အေရး ရွိမယ္ဆိုရင္ ေခၚယူဖို႔ ေတာင္းဆိုမႈေတြ ျပဳလုပ္ေနၾကပါတယ္။

အဂၤလန္မွာ ရာသီဥတု ၾကမ္းတမ္းေနေပမယ့္ ေနာ္ဝစ္မွာ အေျခအေနေကာင္းေနတာေၾကာင့္ ဒီည အမွတ္ေပးပြဲက အစီအစဥ္ေတြအတိုင္းပဲ ဆက္လက္ ယွဥ္ျပိဳင္သြားမွာ ျဖစ္ပါတယ္။

ဗလန္စီယာနဲ႔ပြဲမွာ တီကိုဘက္က မိုရာတာ၊ ဆန္တီေယဂိုနဲ႔ ဂ်င္မီနက္စ္တို႔ ျပန္လည္ပါဝင္လာပါတယ္။ ဒဏ္ရာက သက္သာလာတဲ့ ကစားသမား အမ်ားအျပား ျမင္ရေပမယ့္ ေကာ္စတာကိုေတာ့ မေတြ႔ရပါဘူး။

ဆြမ္ဆီးအသင္းထံ အငွားထြက္ကစားေနတဲ့ ဘရူးစတားက ဟူးစီးတီးနဲ႔ပြဲမွာ သူ႔ရဲ႕ သံုးဂိုးေျမာက္ ခ်န္ပီယံရွစ္သြင္းဂိုးကို ရယူသြားႏုိင္ခဲ့ပါတယ္။