လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေပေမယ့် အန်းဖီးမှာ ချီးကျူး အသိအမှတ် ပြုခြင်းများ မခံယူနေရဘူး ဆိုတဲ့ မှတ်ချက်များအပေါ် ကလော့ပ်က ရယ်မောပြီး တုန့်ပြန်ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။

ဆာလက်ဟာ လီဗာပူးအသင်းထံ ၂၀၁၇ နွေမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းအတွက် ၁၃၇ ပွဲ ကစားပြီးချိန်မှာ ၈၉ ဂိုးထိ ခြေစွမ်းပြ စွမ်းဆောင်ထားပါတယ်။ ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း ၇၂ ပွဲ ကစားပြီးချိန်မှာတင် ဂိုး ၅၀ ပြည့်ခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတချောက် နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ အန်ဒီကိုးလ်တို့နောက် စတုတ္ထမြောက် အမြန်ဆုံး သွင်းဂိုး ၅၀ ပြည့်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဆာလက်က ဒီရာသီမှာလည်း လီဗာပူးအတွက် ၁၈ ဂိုး သွင်းယူထားပြီး ကလော့ပ်ကိုယ်တိုင် ချီးကျူးမှုတွေ ပြုလုပ်ဖူးသူ ဖြစ်ပါတယ်။

” (ဆာလက်က) အသိအမှတ်ပြု မခံရဘူး.. ဟုတ်လား။ ကျနော်တော့ အဲဒီလို မခံစားမိပါဘူး တကယ်ပါ။ သနားစရာတွေ ဖြစ်ကုန်တော့မှာပဲ (ရယ်မောလျက်) လူတိုင်းက သူ့အရည်အချင်းကို သိကြပါတယ်။

သူက ၃ ရာသီဆက် ၄၄ ဂိုး သွင်းနိုင်ခဲ့ရင် တကယ်ကို လန်းမှာပါ။ မနှစ်က ကျနေ်ာတို့ လိဂ်မှာ ဗိုလ်စွဲခဲ့သင့်ရင် ပို နာမည်ကြီးမှာပေါ့။ ကစားသမား တစ်ဦး အနေနဲ့ကတော့ သူက ခြွင်းချက်ကို မရှိအောင် ထူးချွန်တဲ့ သူပါ။ ဒီလို အရည်အချင်းတွေကလည်း တကယ်ကို ရပ်တန့်လို့ မရနိုင်ဘူး။

သူက ပွဲတိုင်းလိုလို ကစားချင်ပြီး ဘယ်နှပွဲလောက်ရော လွဲချော်ခဲ့လဲ ကနော် မမှတ်မိဘူး။ ဒါပေမယ့် သူက သူပဲ။ သူက ပင်ကိုယ်အရကို ဂိုးသွင်းတဲ့ တိုက်စစ်မှူး တစ်ဦးပါ။ ” လို့ ကလော့ပ်က ဖြေကြားခဲ့ပါတယ်။

ဆာလက်ဟာ ၎င်းရဲ့ လီဗာပူးနဲ့ ပွဲဦးထွက် နှစ်ရာသီကတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု နှစ်ကြိမ်ဆက် ရယူခဲ့ပြီး ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း ၁၄ ဂိုး သွင်းထားပြီး ဂိုးအများဆုံး သွင်းထားတဲ့ ဗာဒီနဲ့ ၃ ဂိုး အကွာမှာ ရှိပါတယ်။

Zawgyi – လီဗာပူး တိုက္စစ္မွဴး မိုဟာမက္ ဆာလက္ဟာ အသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ေပးေနေပမယ့္ အန္းဖီးမွာ ခ်ီးက်ဴး အသိအမွတ္ ျပဳျခင္းမ်ား မခံယူေနရဘူး ဆိုတဲ့ မွတ္ခ်က္မ်ားအေပၚ ကေလာ့ပ္က ရယ္ေမာျပီး တုန္႔ျပန္ေျဖၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။

ဆာလက္ဟာ လီဗာပူးအသင္းထံ ၂၀၁၇ ေႏြမွာ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး အသင္းအတြက္ ၁၃၇ ပြဲ ကစားျပီးခ်ိန္မွာ ၈၉ ဂိုးထိ ေျခစြမ္းျပ စြမ္းေဆာင္ထားပါတယ္။ ပရီးမီးယားလိဂ္မွာ ဆိုရင္လည္း ၇၂ ပြဲ ကစားျပီးခ်ိန္မွာတင္ ဂိုး ၅၀ ျပည့္ခဲ့တာ ျဖစ္ျပီး ျပိဳင္ပြဲ သမိုင္းတေခ်ာက္ နစၥတယ္ရြိဳင္း၊ အလန္ရွီးယား၊ အန္ဒီကိုးလ္တို႔ေနာက္ စတုတၳေျမာက္ အျမန္ဆံုး သြင္းဂိုး ၅၀ ျပည့္တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

ဆာလက္က ဒီရာသီမွာလည္း လီဗာပူးအတြက္ ၁၈ ဂိုး သြင္းယူထားျပီး ကေလာ့ပ္ကိုုယ္တိုင္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ဖူးသူ ျဖစ္ပါတယ္။

” (ဆာလက္က) အသိအမွတ္ျပဳ မခံရဘူး.. ဟုတ္လား။ က်ေနာ္ေတာ့ အဲဒီလို မခံစားမိပါဘူး တကယ္ပါ။ သနားစရာေတြ ျဖစ္ကုန္ေတာ့မွာပဲ (ရယ္ေမာလ်က္) လူတိုင္းက သူ႔အရည္အခ်င္းကို သိၾကပါတယ္။

သူက ၃ ရာသီဆက္ ၄၄ ဂိုး သြင္းနိုင္ခဲ့ရင္ တကယ္ကို လန္းမွာပါ။ မနွစ္က က်ေန္ာတို႔ လိဂ္မွာ ဗိုလ္စြဲခဲ့သင့္ရင္ ပို နာမည္ၾကီးမွာေပါ့။ ကစားသမား တစ္ဦး အေနနဲ႕ကေတာ့ သူက ျခြင္းခ်က္ကို မရွိေအာင္ ထူးခၽြန္တဲ့ သူပါ။ ဒီလို အရည္အခ်င္းေတြကလည္း တကယ္ကို ရပ္တန္႔လို႔ မရနုိင္ဘူး။

သူက ပြဲတိုင္းလိုလို ကစားခ်င္ျပီး ဘယ္နွပြဲေလာက္ေရာ လြဲေခ်ာ္ခဲ့လဲ ကေနာ္ မမွတ္မိဘူး။ ဒါေပမယ့္ သူက သူပဲ။ သူက ပင္ကိုယ္အရကို ဂိုးသြင္းတဲ့ တိုက္စစ္မွဴး တစ္ဦးပါ။ ” လို႔ ကေလာ့ပ္က ေျဖၾကားခဲ့ပါတယ္။

ဆာလက္ဟာ ၄င္းရဲ႕ လီဗာပူးနဲ႕ ပြဲဦးထြက္ နွစ္ရာသီကေတာ့ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆု နွစ္ၾကိမ္ဆက္ ရယူခဲ့ျပီး ျဖစ္ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာလည္း ၁၄ ဂိုး သြင္းထားျပီး ဂိုးအမ်ားဆံုး သြင္း္ထားတဲ့ ဗာဒီနဲ႕ ၃ ဂိုး အကြာမွာ ရွိပါတယ္။