လီဗာပူးအတွက် ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ ဖာမင်နိုက အစားထိုးလို့ရတယ်ဆိုတာနဲ့ ဖာမင်နိုက အစားထိုးမရနိုင်ဘူးဆိုတဲ့ မတူညီတဲ့ အမြင်နှစ်ခုဟာ ဆွေးနွေးစရာ ခေါင်းစဉ်အဖြစ် ဒီအပတ်တွေမှာ ထွက်ပေးလို့နေပပါတယ်။

ဖာမင်နိုကို ၂၀၁၁ ခုနှစ်က ဘရာဇီးကနေ ဥရောပကလပ် ဟော့ဖင်ဟိန်းကို မထင်မရှား လူငယ်လေးတစ်ဦးအဖြစ်နဲ့ ခေါ်ယူလာခဲ့ပြီး နေရာတစ်နေရာအတွက် စတင်ပေးခဲ့သူ Lutz Pfannenstiel က ဖာမင်နိုဟာ လီဗာပူးရဲ့ မရှိမဖြစ် တန်ဖိုးအကြီးဆုံး ကစားသမားပါလို့ ညွှန်းဆိုပါတယ်။

Lutz က ” လူတိုင်းက မာနေးနဲ့ ဆာလက်တို့ရဲ့ သွင်းဂိုးတွေအကြောင်းပဲ အမြဲတမ်း ချီးကျူးပြောဆိုကြတယ်။ ကျနော်အတွက်ကတော့ ဖာမင်နိုက လီဗာပူးရဲ့ မရှိမဖြစ် အရေးပါဆုံး ကစားသမားဖြစ်ပါတယ်။ နေရာလွတ်တွေကို သူဖြည့်ပေးပြီး အသင်းအတွက် ကြိုးစားပေးမှုက လီဗာပူးကို ပြည့်စုံနေစေတာပါ ” လို့ Goal နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တယ်။

လီဗာပူးကွင်းလယ်လူဟောင်း မာဖီကတော့ ဖာမင်နိုက အရေးပါလွန်းပြီး လီဗာပူးကစားပုံကို သက်ရောက်မှု ကြီးတာက မှန်ကန်ပေမယ့် ဘရာဇီးသားဟာ အစားထိုးမရတဲ့ ကစားသမားတော့ မဟုတ်ဘူးဆိုတာကို အတိတ်ကက နာမည်ကျော် တိုက်စစ်သမာေးတွနဲ့ နှိုင်းယှဉ်ပြခဲ့တာဖြစ်ပါတယ်။

မာဖီက ” ဖာမင်နိုလို ဂိုးတွေသွင်းနိုင်တဲ့ တိုက်စစ်သမားက ရှာလို့ရပါတယ်။ သူ့လို ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်စွမ်းကောင်းပြီး အသင်းကို ပိုကောင်းစေမယ့် ကစားသမား ဆိုရင်တော့ မရှိနိုင်သလောက်ပါပဲ။ ဒါပေမယ့် ကစားသမားတွေကတော့ ရှိနေကြဆဲပါ။

ဖာမင်နိုက လီဗာပူးရဲ့ အစွန်နှစ်ဦးနဲ့ တွဲဘက်ကစားရတဲ့ ကစားဟန်ကို ပြည့်စုံစေတဲ့ တိုက်စစ်သမားတစ်ယောက်ပါ။ လီဗာပူးတိုက်စစ် သုံးယောက်တန်းက အရမ်းကို ထက်မြက်တယ်ဆိုတာ မြင်နိုင်တာပဲ မဟုတ်လား။ ဒါပေမယ့် ဖာမင်နိုလို ကစားသမားမျိုး မရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ သူက အရမ်းကို ထူးချွန်တယ်၊ တန်ဖိုးဖြတ်ခက်ပြီး အံ့မခန်းတဲ့ ကစားသမားပါ။ ဒါပေမယ့် ကီဗင်ကီးဂန်း မရှိတော့ချိန်မှာ ကင်နီဒဲလ်ကလစ် ရောက်လာတာပါပဲ။

လူးဝစ်ဆွာရက်စ် ထွက်ခွာသွားတော့ လူတိုင်းက အိုး ဘုရားသခင် သူ့နေရာမှာ ဘယ်လိုမှ အစားမထိုးနိုင်တော့ဘူး လို့ ပြောကြတာပါပဲ။ အဲ့နောက်တော့ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့ ရှိလာတာပါပဲ။ ဖာမင်နိုက ဆွာရက်စ်နည်းတူ အချစ်ခံရပါတယ်။ အီရန်ရှပ် မရှိတော့ အယ်ဒရစ် ရောက်လာတယ် ဂိုးတွေသွင်းတယ်။ ဘောလုံးဆိုတာက ဆက်သွားရတာပပါ။ ဖာမင်နိုက အစားထိုးလို့ရလားဆိုရင် ဘယ်အသင်းသားမဆို အစားထိုးလို့ ရပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေအတွက်ကတော့ ဖာမင်နိုဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူးဖြစ်ပြီး ရာသီကုန်မှာ ဖြူဖွေးနေတဲ့ သွားတွေပေါ်အောင် ပြုံးရယ်ဟာ အမှတ်ပေးဖလား ကိုင်မြောက်နေတဲ့ ဘရာဇီးသားကို အန်ဖီးကွင်းမှာ မြင်ရဖို့က အရေးကြီးဆုံး ဖြစ်နေပါလိမ့်မယ်။

ZAWGYI

လီဗာပူးအတြက္ ယာဂင္ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ ဖာမင္ႏိုက အစားထိုးလို႔ရတယ္ဆိုတာနဲ႔ ဖာမင္ႏိုက အစားထိုးမရႏုိင္ဘူးဆိုတဲ့ မတူညီတဲ့ အျမင္နွစ္ခုဟာ ေဆြးေႏြးစရာ ေခါင္းစဥ္အျဖစ္ ဒီအပတ္ေတြမွာ ထြက္ေပးလို႔ေနပပါတယ္။

ဖာမင္ႏိုကို ၂၀၁၁ ခုႏွစ္က ဘရာဇီးကေန ဥေရာပကလပ္ ေဟာ့ဖင္ဟိန္းကို မထင္မရွား လူငယ္ေလးတစ္ဦးအျဖစ္နဲ႔ ေခၚယူလာခဲ့ျပီး ေနရာတစ္ေနရာအတြက္ စတင္ေပးခဲ့သူ Lutz Pfannenstiel က ဖာမင္ႏိုဟာ လီဗာပူးရဲ႕ မရွိမျဖစ္ တန္ဖိုးအၾကီးဆံုး ကစားသမားပါလို႔ ညႊန္းဆိုပါတယ္။

Lutz က ” လူတိုင္းက မာေနးနဲ႔ ဆာလက္တို႔ရဲ႕ သြင္းဂိုးေတြအေၾကာင္းပဲ အျမဲတမ္း ခ်ီးက်ဴးေျပာဆိုၾကတယ္။ က်ေနာ္အတြက္ကေတာ့ ဖာမင္ႏိုက လီဗာပူးရဲ႕ မရွိမျဖစ္ အေရးပါဆံုး ကစားသမားျဖစ္ပါတယ္။ ေနရာလြတ္ေတြကို သူျဖည့္ေပးျပီး အသင္းအတြက္ ၾကိဳးစားေပးမႈက လီဗာပူးကို ျပည့္စံုေနေစတာပါ ” လို႔ Goal နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုခဲ့တယ္။

လီဗာပူးကြင္းလယ္လူေဟာင္း မာဖီကေတာ့ ဖာမင္ႏိုက အေရးပါလြန္းျပီး လီဗာပူးကစားပံုကို သက္ေရာက္မႈ ၾကီးတာက မွန္ကန္ေပမယ့္ ဘရာဇီးသားဟာ အစားထိုးမရတဲ့ ကစားသမားေတာ့ မဟုတ္ဘူးဆိုတာကို အတိတ္ကက နာမည္ေက်ာ္ တုိက္စစ္သမာေးတြနဲ႔ နိႈင္းယွဥ္ျပခဲ့တာျဖစ္ပါတယ္။

မာဖီက ” ဖာမင္ႏိုလို ဂိုးေတြသြင္းႏုိင္တဲ့ တိုက္စစ္သမားက ရွာလို႔ရပါတယ္။ သူ႔လို ဂုိးေထာက္ပံ့မႈ လုပ္ေပးႏုိင္စြမ္းေကာင္းျပီး အသင္းကို ပိုေကာင္းေစမယ့္ ကစားသမား ဆုိရင္ေတာ့ မရွိႏုိင္သေလာက္ပါပဲ။ ဒါေပမယ့္ ကစားသမားေတြကေတာ့ ရွိေနၾကဆဲပါ။

ဖာမင္ႏိုက လီဗာပူးရဲ႕ အစြန္ႏွစ္ဦးနဲ႔ တြဲဘက္ကစားရတဲ့ ကစားဟန္ကို ျပည့္စံုေစတဲ့ တိုက္စစ္သမားတစ္ေယာက္ပါ။ လီဗာပူးတိုက္စစ္ သံုးေယာက္တန္းက အရမ္းကို ထက္ျမက္တယ္ဆိုတာ ျမင္ႏိုင္တာပဲ မဟုတ္လား။ ဒါေပမယ့္ ဖာမင္ႏိုလို ကစားသမားမ်ိဳး မရွိဘူးဆိုတာေတာ့ မဟုတ္ပါဘူး။ သူက အရမ္းကို ထူးခၽြန္တယ္၊ တန္ဖိုးျဖတ္ခက္ျပီး အံ့မခန္းတဲ့ ကစားသမားပါ။ ဒါေပမယ့္ ကီဗင္ကီးဂန္း မရွိေတာ့ခ်ိန္မွာ ကင္နီဒဲလ္ကလစ္ ေရာက္လာတာပါပဲ။

လူးဝစ္ဆြာရက္စ္ ထြက္ခြာသြားေတာ့ လူတိုင္းက အိုး ဘုရားသခင္ သူ႔ေနရာမွာ ဘယ္လိုမွ အစားမထိုးႏုိင္ေတာ့ဘူး လို႔ ေျပာၾကတာပါပဲ။ အဲ့ေနာက္ေတာ့ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔ ရွိလာတာပါပဲ။ ဖာမင္ႏိုက ဆြာရက္စ္နည္းတူ အခ်စ္ခံရပါတယ္။ အီရန္ရွပ္ မရွိေတာ့ အယ္ဒရစ္ ေရာက္လာတယ္ ဂိုးေတြသြင္းတယ္။ ေဘာလံုးဆိုတာက ဆက္သြားရတာပပါ။ ဖာမင္ႏိုက အစားထိုးလို႔ရလားဆိုရင္ ဘယ္အသင္းသားမဆို အစားထိုးလို႔ ရပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြအတြက္ကေတာ့ ဖာမင္ႏိုဟာ ကမၻာအေကာင္းဆံုး တိုက္စစ္မွဴးျဖစ္ျပီး ရာသီကုန္မွာ ျဖဴေဖြးေနတဲ့ သြားေတြေပၚေအာင္ ျပံဳးရယ္ဟာ အမွတ္ေပးဖလား ကိုင္ေျမာက္ေနတဲ့ ဘရာဇီးသားကို အန္ဖီးကြင္းမွာ ျမင္ရဖို႔က အေရးၾကီးဆံုး ျဖစ္ေနပါလိမ့္မယ္။