လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အဖြစ် နော်ဝစ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားခဲ့ပြီး လူစာရင်း ကစားသမား မာနေးရဲ့ တစ်လုံးတည်သော သွင်းဂိုးဖြင့် အနိုင်ရကာ အမှတ်ပေးဇယားကို ရမှတ် ၂၅ မှတ်ထိ ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲပြီးရင် အက်သလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိနေတဲ့ လီဗာပူးဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့ တိုက်စစ်သမား မာနေး၊ ကွင်းလယ်လူ ဖာဘင်ညိုတို့ကို အရန်မှာပဲ ထားပြီး ကြံ့ခိုင်မှု ကောင်းနေတဲ့ ကီတာ၊ ချိန်ဘာလိန်တို့ကို ကွင်းလယ်နဲ့ ဘယ်တောင်ပံမှာ ထားရှိတာကလွဲလို့ အပြောင်းအလဲ မလုပ်ခဲ့ပါဘူး။

ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် တိုက်စစ်ထိုးဖောက်မှုက ထင်သလောက် မကောင်းခဲ့ပါဘူး။ တိုက်စစ်ပိုင်း ဟန်ချက်မညီဖြစ်နေခဲ့သလို ကွင်းလယ်ကလည်း တွဲဘက်ကစားနိုင်စွမ်း နည်းနေခဲ့တာပါ။ လီဗာပူးဟာ ညာအစွန်က ထရန့်ကို အတော်လေး အားပြုနေရပြီး ပထမပိုင်းမှာ ဘောလုံး ထိချက်အများအပြားက ထရန့်ထံကလာတာကို မြင်တွေ့ထားရတယ်။

လီဗာပူးရဲ့ ကစားပုံက ဆိုးရွားတာ မဟုတ်ပဲ ကွင်းလယ်က ကီတာက တစ်ဦးချင်း မဆိုးပေမယ့် ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်တို့နဲ့ တွဲဘက် မကစားနိုင်ပဲ ပေးမှုတွေ မတိကျဖြစ်နေတာပါ။ သူ့နည်းတူ ဘယ်အစွန်က ချိန်ဘာလိန်ကလည်း အသင်းဖော် တိုက်စစ်သမားတွေနဲ့ တွဲဘက်နိုင်စွမ်း နည်းပါးနေခဲ့တာဖြစ်တယ်။

ပထမပိုင်းအတွင်း ဖာမင်နို ကစားကွက်ခင်းပေးမှုတွေ အတော်ကို ထူးချွန်ခဲ့ပြီး သူကိုယ်တိုင် ဧရိယာထဲ စွမ်းစွမ်းတမံ ကြိုးစားမှုတစ်ကြိမ်က ဂိုးပေါက်မတည့်ခဲ့သလို ဝိုက်နယ်ဒမ်အတွက် ဖန်တီးပေးမှု တစ်ကြိမ်က လက်ဖျားခါလောက်ပေမယ့် ဂိုးသွင်းနိုင်စရာ အနေအထား မရောက်ခဲ့ပါဘူး။

နော်ဝစ်ဘက်က ကြိုးစား ထိုးဖောက်မှုတွေ ရှိခဲ့ကာ သူတို့ရဲ့ ရုန်းကစားမှုက လီဗာပူးကို ဒုက္ခတွေ ပေးနိုင်ခဲ့တာဖြစ်တယ်။ ပထမပိုင်းအတွင်း အကောင်းဆုံး ထိုးဖောက်မှုတစ်ကြိမ် လုပ်နိုင်ခဲ့ကာ အယ်လီဆန် အတော်လေး ကောင်းလွန်းတာကြောင့် သက်သာရာရခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးကစားပုံက အရမ်း မတက်လာခဲ့ပါဘူး။ ထိုးဖောက်မှုတွေ လုပ်ပေမယ့် အဆုံးသတ်ကောင်းတွေ မြင်ရအောင်တော့ မဟုတ်ခဲ့ဘူး။ တစ်ကြိမ်အားဖြင့် ဆာလက် ဧရိယာထဲ ကန်သွင်းရာက ပြန်ထွက်လာမှုကို ကီတာ ပိတ်သွင်းတာက ဂိုးသမားလက်ထဲ ပြန်ရောက်သွားခဲ့တာက အဖွင့်ဂိုးရဖို့ ကြာရှည်စေခဲ့တယ်။

လီဗာပူးက ဘောလုံးပေးမှု မတိကျခြင်း၊ တိုက်စစ်ပိုင်း ဟန်ချက်မညီခြင်း၊ နော်ဝစ်ဘက်က ကစားပုံ ကျစ်လစ် မာကျောမှုရှိခြင်းတွေကြောင့် အဖွင့်ဂိုးမရဖြစ်နေခဲ့ပေမယ့် ဖာဘင်ညိုနဲ့ မာနေးတို့က ဝိုက်နယ်ဒမ်နဲ့ ချိန်ဘာလိန်တို့နေရာ ဝင်လာပြီးနောက် လီဗာပူး ကစားပုံက ပိုမို တိုးတက် တည်ငြိမ်လာခဲ့တယ်။ ထိုးဖောက်မှု အများအပြား လုပ်လာနိုင်ပေမယ့် ဂိုးတော့ မဖြစ်ခဲ့ပါဘူး။

နော်ဝစ်ဘက်ကလည်း ပြန်လည် ထိုးဖောက်မှုတွေ တချက်တချက် လုပ်ခဲ့ကာ ဧရိယာထောင့်က ကန်သွင်းမှု အပြင်တိုင်ထိ ထွက်ခဲ့တာကလည်း ရင်ဖိုစရာဖြစ်ခဲ့တယ်။ မိနစ် ၈၀ ရောက်ခါနီးမှာ ဟန်ဒါဆန်ရဲ့ ပေးမှုကောင်းကို ဧရိယာထဲ မာနေး အကောင်းဆုံး ဖမ်းထိန်းပြီး လှည့်ထွက်ကာ အပြင်းကန်သွင်းရာက လီဗာပူး အဖွင့်ဂိုး ရခဲ့တာဖြစ်တယ်။

နောက်ပိုင်းမှာတော့ လီဗာပူးကပဲ ပွဲကို ထိန်းချုပ်သွားခဲ့ပြီး ပွဲအပြီးမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ကြားရက် မက်ဒရစ်မြေကို ဒဏ်ရာကင်းကင်းနဲ့ သွားရောက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၆ အျဖစ္ ေနာ္ဝစ္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားခဲ့ျပီး လူစာရင္း ကစားသမား မာေနးရဲ႕ တစ္လံုးတည္ေသာ သြင္းဂိုးျဖင့္ အႏုိင္ရကာ အမွတ္ေပးဇယားကို ရမွတ္ ၂၅ မွတ္ထိ ျဖတ္ႏုိင္ခဲ့ျပီျဖစ္ပါတယ္။

ဒီပြဲျပီးရင္ အက္သလက္တီကို မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲ ကစားရဖို႔ ရွိေနတဲ့ လီဗာပူးဟာ ဒဏ္ရာက ျပန္သက္သာလာတဲ့ တိုက္စစ္သမား မာေနး၊ ကြင္းလယ္လူ ဖာဘင္ညိဳတို႔ကို အရန္မွာပဲ ထားျပီး ၾကံ႕ခိုင္မႈ ေကာင္းေနတဲ့ ကီတာ၊ ခ်ိန္ဘာလိန္တို႔ကို ကြင္းလယ္နဲ႔ ဘယ္ေတာင္ပံမွာ ထားရွိတာကလြဲလို႔ အေျပာင္းအလဲ မလုပ္ခဲ့ပါဘူး။

ဒီပြဲမွာ လီဗာပူးက ေဘာလံုးပိုင္ဆုိင္မႈကို ထိန္းသိမ္းႏုိင္ခဲ့ေပမယ့္ တိုက္စစ္ထိုးေဖာက္မႈက ထင္သေလာက္ မေကာင္းခဲ့ပါဘူး။ တိုက္စစ္ပိုင္း ဟန္ခ်က္မညီျဖစ္ေနခဲ့သလို ကြင္းလယ္ကလည္း တြဲဘက္ကစားႏုိင္စြမ္း နည္းေနခဲ့တာပါ။ လီဗာပူးဟာ ညာအစြန္က ထရန္႔ကို အေတာ္ေလး အားျပဳေနရျပီး ပထမပိုင္းမွာ ေဘာလံုး ထိခ်က္အမ်ားအျပားက ထရန္႔ထံကလာတာကို ျမင္ေတြ႔ထားရတယ္။

လီဗာပူးရဲ႕ ကစားပံုက ဆိုးရြားတာ မဟုတ္ပဲ ကြင္းလယ္က ကီတာက တစ္ဦးခ်င္း မဆိုးေပမယ့္ ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္တို႔နဲ႔ တြဲဘက္ မကစားႏုိင္ပဲ ေပးမႈေတြ မတိက်ျဖစ္ေနတာပါ။ သူ႔နည္းတူ ဘယ္အစြန္က ခ်ိန္ဘာလိန္ကလည္း အသင္းေဖာ္ တိုက္စစ္သမားေတြနဲ႔ တြဲဘက္ႏုိင္စြမ္း နည္းပါးေနခဲ့တာျဖစ္တယ္။

ပထမပိုင္းအတြင္း ဖာမင္ႏို ကစားကြက္ခင္းေပးမႈေတြ အေတာ္ကို ထူးခၽြန္ခဲ့ျပီး သူကိုယ္တိုင္ ဧရိယာထဲ စြမ္းစြမ္းတမံ ၾကိဳးစားမႈတစ္ၾကိမ္က ဂိုးေပါက္မတည့္ခဲ့သလို ဝိုက္နယ္ဒမ္အတြက္ ဖန္တီးေပးမႈ တစ္ၾကိမ္က လက္ဖ်ားခါေလာက္ေပမယ့္ ဂိုးသြင္းႏုိင္စရာ အေနအထား မေရာက္ခဲ့ပါဘူး။

ေနာ္ဝစ္ဘက္က ၾကိဳးစား ထိုးေဖာက္မႈေတြ ရွိခဲ့ကာ သူတို႔ရဲ႕ ရုန္းကစားမႈက လီဗာပူးကို ဒုကၡေတြ ေပးႏုိင္ခဲ့တာျဖစ္တယ္။ ပထမပိုင္းအတြင္း အေကာင္းဆံုး ထိုးေဖာက္မႈတစ္ၾကိမ္ လုပ္ႏုိင္ခဲ့ကာ အယ္လီဆန္ အေတာ္ေလး ေကာင္းလြန္းတာေၾကာင့္ သက္သာရာရခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း လီဗာပူးကစားပံုက အရမ္း မတက္လာခဲ့ပါဘူး။ ထိုးေဖာက္မႈေတြ လုပ္ေပမယ့္ အဆံုးသတ္ေကာင္းေတြ ျမင္ရေအာင္ေတာ့ မဟုတ္ခဲ့ဘူး။ တစ္ၾကိမ္အားျဖင့္ ဆာလက္ ဧရိယာထဲ ကန္သြင္းရာက ျပန္ထြက္လာမႈကို ကီတာ ပိတ္သြင္းတာက ဂိုးသမားလက္ထဲ ျပန္ေရာက္သြားခဲ့တာက အဖြင့္ဂိုးရဖို႔ ၾကာရွည္ေစခဲ့တယ္။

လီဗာပူးက ေဘာလံုးေပးမႈ မတိက်ျခင္း၊ တိုက္စစ္ပိုင္း ဟန္ခ်က္မညီျခင္း၊ ေနာ္ဝစ္ဘက္က ကစားပံု က်စ္လစ္ မာေက်ာမႈရွိျခင္းေတြေၾကာင့္ အဖြင့္ဂိုးမရျဖစ္ေနခဲ့ေပမယ့္ ဖာဘင္ညိဳနဲ႔ မာေနးတို႔က ဝုိက္နယ္ဒမ္နဲ႔ ခ်ိန္ဘာလိန္တို႔ေနရာ ဝင္လာျပီးေနာက္ လီဗာပူး ကစားပံုက ပိုမို တိုးတက္ တည္ျငိမ္လာခဲ့တယ္။ ထိုးေဖာက္မႈ အမ်ားအျပား လုပ္လာႏုိင္ေပမယ့္ ဂိုးေတာ့ မျဖစ္ခဲ့ပါဘူး။

ေနာ္ဝစ္ဘက္ကလည္း ျပန္လည္ ထုိးေဖာက္မႈေတြ တခ်က္တခ်က္ လုပ္ခဲ့ကာ ဧရိယာေထာင့္က ကန္သြင္းမႈ အျပင္တိုင္ထိ ထြက္ခဲ့တာကလည္း ရင္ဖိုစရာျဖစ္ခဲ့တယ္။ မိနစ္ ၈၀ ေရာက္ခါနီးမွာ ဟန္ဒါဆန္ရဲ႕ ေပးမႈေကာင္းကို ဧရိယာထဲ မာေနး အေကာင္းဆံုး ဖမ္းထိန္းျပီး လွည့္ထြက္ကာ အျပင္းကန္သြင္းရာက လီဗာပူး အဖြင့္ဂိုး ရခဲ့တာျဖစ္တယ္။

ေနာက္ပိုင္းမွာေတာ့ လီဗာပူးကပဲ ပြဲကို ထိန္းခ်ဳပ္သြားခဲ့ျပီး ပြဲအျပီးမွာ ၁-၀ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရကာ ၾကားရက္ မက္ဒရစ္ေျမကို ဒဏ္ရာကင္းကင္းနဲ႔ သြားေရာက္ႏုိင္ေတာ့မွာပဲ ျဖစ္ပါတယ္။