လီဗာပူးရဲ့ ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်အောင်မြင်မှုမှာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ဟားမန်းကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ယာဂင်ကလော့ပ်ရဲ့အသင်း ဂရုစိုက်ဖို့ လိုအပ်တယ်လို့ သတိပေးစကား ပြောဆိုလိုက်ပါတယ်။

များစွာသော ပရိသတ်တွေက မတ်လ ၁၁ ရက်နေ့ အန်ဖီးကွင်းမှာ အက်သလက်တီကို ကို ဧည့်ခံတဲ့ပွဲအတွင်း အသင်းဘက်က ရလဒ်ကောင်း ရယူနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဟားမန်းကတော့ အခြေအနေက ပြောသလောက် မလွယ်ပဲ တီကိုက လီဗာပူးကို ခက်ခဲစေမယ့် အသင်းဖြစ်ကြောင်း သတိပေးစကား ဆိုလိုက်တာပါ။

ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ယူပြခဲ့တဲ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် တီကိုနဲ့ပွဲမှာ ဂိုးပေါက် တစ်ကြိမ်တောင် မတည့်ခဲ့သလို ဒီတစ်ကြိမ် အိမ်ကွင်းမှာလည်း လီဗာပူးကို ခက်ခဲမှုတွေပေးဖို့ တီကိုဘက်က ကြိုးစားလာမယ်လို့ သူက ဆိုပါတယ်။

ဟားမန်းက ” အက်သလက်တီကိုကို အရေးနိမ့်ခဲ့တာက လီဗာပူးအတွက် ခက်ခဲပါတယ်။ ဘာစီလိုနာကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး ဒုတိယအကျော့မှာ ၄-၀ နဲ့ အနိုင်ရခဲ့တော့ လူတိုင်းက လီဗာပူးက နောက်တစ်ကြိမ် ထပ်လုပ်နိုင်မှာပဲလို့ ထင်နေကြတယ်။ ဒါပေမယ့်လို့ မက်ဒရစ်ကပွဲမှာ ဂိုးပေါက် တစ်ကြိမ်တောင်မှ မတည့်ခဲ့တာကို သတိပြုမိဖို့ လိုပါတယ်။

ဒါက ထူးခြားသတင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးက ဒီရာသီ ချန်ပီယံလိဂ်မှာ အဝေးကွင်း ရလဒ်တွေ မကောင်းတာကို မြင်ထားရတာပါ။ အက်သလက်တီကိုက လီဗာပူးကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားမှာပါ။ အရမ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဒုတိယအကျော့ကို မြင်ရဖို့ ကျနော် မျှော်လင့်ထားပါတယ် ” လို့ သူ့ရဲ့အမြင်ကို ဖွင့်ဟခဲ့တယ်။

လီဗာပူးဟာ ဒုတိယအကျော့အဖြစ် အန်ဖီးမှာ ယှဉ်ပြိုင်ကစားရာမှာတော့ အနည်းဆုံး တစ်ဂိုးသွင်းဖို့လိုသလို ပေးဂိုးတစ်ဂိုး ခွင့်ပြုရမယ်ဆိုရင် တီကိုထက် ၂ ဂိုးအသာရနေမှပဲ ပွဲချိန်တွင်း ရလဒ်နဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ၂၀၀၅ ခုႏွစ္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမွာ အေရးပါတဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ ဟားမန္းကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ယာဂင္ကေလာ့ပ္ရဲ႕အသင္း ဂရုစိုက္ဖို႔ လိုအပ္တယ္လို႔ သတိေပးစကား ေျပာဆိုလိုက္ပါတယ္။

မ်ားစြာေသာ ပရိသတ္ေတြက မတ္လ ၁၁ ရက္ေန႔ အန္ဖီးကြင္းမွာ အက္သလက္တီကို ကို ဧည့္ခံတဲ့ပြဲအတြင္း အသင္းဘက္က ရလဒ္ေကာင္း ရယူႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ ဟားမန္းကေတာ့ အေျခအေနက ေျပာသေလာက္ မလြယ္ပဲ တီကိုက လီဗာပူးကို ခက္ခဲေစမယ့္ အသင္းျဖစ္ေၾကာင္း သတိေပးစကား ဆိုလိုက္တာပါ။

ဘာစီလိုနာကို ၄-၀ နဲ႔ အႏုိင္ယူျပခဲ့တဲ့ အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ေပမယ့္ တီကိုနဲ႔ပြဲမွာ ဂိုးေပါက္ တစ္ၾကိမ္ေတာင္ မတည့္ခဲ့သလို ဒီတစ္ၾကိမ္ အိမ္ကြင္းမွာလည္း လီဗာပူးကို ခက္ခဲမႈေတြေပးဖို႔ တီကိုဘက္က ၾကိဳးစားလာမယ္လို႔ သူက ဆိုပါတယ္။

ဟားမန္းက ” အက္သလက္တီကိုကို အေရးနိမ့္ခဲ့တာက လီဗာပူးအတြက္ ခက္ခဲပါတယ္။ ဘာစီလိုနာကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားျပီး ဒုတိယအေက်ာ့မွာ ၄-၀ နဲ႔ အႏုိင္ရခဲ့ေတာ့ လူတိုင္းက လီဗာပူးက ေနာက္တစ္ၾကိမ္ ထပ္လုပ္ႏုိင္မွာပဲလို႔ ထင္ေနၾကတယ္။ ဒါေပမယ့္လို႔ မက္ဒရစ္ကပြဲမွာ ဂိုးေပါက္ တစ္ၾကိမ္ေတာင္မွ မတည့္ခဲ့တာကို သတိျပဳမိဖို႔ လိုပါတယ္။

ဒါက ထူးျခားသတင္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လီဗာပူးက ဒီရာသီ ခ်န္ပီယံလိဂ္မွာ အေဝးကြင္း ရလဒ္ေတြ မေကာင္းတာကို ျမင္ထားရတာပါ။ အက္သလက္တီကိုက လီဗာပူးကို ဒုကၡေပးႏုိင္ဖို႔ ၾကိဳးစားမွာပါ။ အရမ္ကို စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဒုတိယအေက်ာ့ကို ျမင္ရဖို႔ က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ သူ႔ရဲ႕အျမင္ကို ဖြင့္ဟခဲ့တယ္။

လီဗာပူးဟာ ဒုတိယအေက်ာ့အျဖစ္ အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရာမွာေတာ့ အနည္းဆံုး တစ္ဂိုးသြင္းဖို႔လိုသလို ေပးဂိုးတစ္ဂိုး ခြင့္ျပဳရမယ္ဆိုရင္ တီကိုထက္ ၂ ဂိုးအသာရေနမွပဲ ပြဲခ်ိန္တြင္း ရလဒ္နဲ႔ ေနာက္တစ္ဆင့္ကို တက္လွမ္းနုိင္မွာ ျဖစ္ပါတယ္။