လီဗာပူးက ဝက်ဟမ်းအသင်းကို ၃-၂ နဲ့ အနိုင်ရခဲ့တာကြောင့် လက်ကျန် ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲမှာ ၄ ပွဲ အနိုင်ရရုံနဲ့တင် အမှတ်ပေးဖလားကို အနိုင်ရရှိတော့မှာ ဖြစ်ပါတယ်။

တိုက်စစ်မှူးဆာလက်ဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ရော်ဘီဖောင်လာ (၁၂၈ ဂိုး)၊ စတီဗင်ဂျရတ် (၁၂၀ ဂိုး)၊ မိုင်ကယ်အိုဝင် (၁၁၈ ဂိုး) တို့နောက်ပိုင်း သွင်းဂိုးအများဆုံးအဖြစ် ၆၉ ဂိုးထိ သွင်းယူထားနိုင်ပါပြီ။

ထရန့်ဟာ ဒီရာသီမှာ လီဗာပူးအသင်းဖော်တွေအတွက် ဂိုးထောက်ပံံ့မှု ၁၂ ကြိမ်ထိ လုပ်ပေးနိုင်ခဲ့ပြီဖြစ်ပြီး ဒီရာသီ အမြင့်ဆုံးဖြစ်တဲ့ ဒီဘရိုင်းထက် ၄ ကြိမ်ပဲ လျော့နည်းပါတော့တယ်။

ကာရေဂါက “ လီဗာပူးမှာ ဆာလက်က ပုံမှန်ထက်ပိုနည်းတဲ့ အသိအမှတ်ပြုမှုတွေပဲ ရနေပါတယ်။ သူက ကမ္ဘာအဆင့် တောင်ပံသမားဖြစ်ပေမယ့် လီဗာပူးပရိသတ်တွေက အသိအမှတ်ပြုမှု နည်းပါတယ်။ အကယ်လို့ ဆာလက်ကိုရောင်းပြီး ကြီးမားတဲ့ အသုံးစရိတ် ယူမလားလို့ မေးရင် ပရိသတ်တွေက YES လို့ ပြန်ဖြေကြမှာပါ ” လို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲအဆက်ဆုံး (၁၈ ပွဲ) စံချိန်ကို လိုက်မှီခဲ့ပြီဖြစ်ပြီး အိမ်ကွင်း (၂၁ ပွဲ) ဆက် နိုင်ပွဲဆက်တဲ့ စံချိန်ကို ရရှိခဲ့ပါပြီ။ ဒါ့အပြင် အဆင့်မြင့်တန်း သမိုင်းမှာတော့ ဒုတိယမြောက် နိုင်ပွဲ အရှည်ကြာဆုံး မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

မန်စီးတီးရဲ့ နိုင်ပွဲအဆက်ဆုံး (၁၈) ပွဲစံချိန်ကို လိုက်မှီတာနဲ့ ပက်သက်လို့ ကလော့ပ်က ” မန်စီးတီး လုပ်ခဲ့ချိန်တုန်းက သူတို့ကို လိုက်မှီဖို့နဲ့ ကျော်လွန်အောင် လုပ်နိုင်မယ်လို့ ငါ လုံးဝ မထင်ခဲ့ဘူး။ အခုတော့ လုပ်နိုင်ခဲ့ပါပြီ တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ ” လို့ ဝန်ခံလိုက်ပါတယ်။

လီဗာပူးအသင်း ၁-၂ နဲ့ အရေးနိမ့်နေချိန်မှာ အသင်းပရိသတ်တွေရဲ့ တခဲနက် အားပေးမှုအပေါ် ချီးကျူးမှုတွေရှိနေပါတယ်။ လီဗာပူးဟာ နောက်ကနေ ပြန်လိုက်ကစားခဲ့ရပေမယ့် အားပေးမှုကောင်းတွေကြောင့် ရလဒ်ကောင်းကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ခဲ့တဲ့ ချိန်ဘာလိန်ရဲ့ စွမ်းဆောင်ရည်တွေက အတော်လေးကို ထူးချွန်ခဲ့တာဖြစ်ပြီး အင်္ဂလန်သား ကွင်းလယ်လူရဲ့ ကစားကွက်အတွင်း ပူးပေါင်းပါဝင်မှုအပေါ် ချီးကျူးမှုတွေ များနေပါတယ်။

ZAWGYI

လီဗာပူးက ဝက္ဟမ္းအသင္းကို ၃-၂ နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ လက္က်န္ ပရီးမီးယားလိဂ္ပြဲ ၁၁ ပြဲမွာ ၄ ပြဲ အႏုိင္ရရံုနဲ႔တင္ အမွတ္ေပးဖလားကို အႏုိင္ရရွိေတာ့မွာ ျဖစ္ပါတယ္။

တိုက္စစ္မွဴးဆာလက္ဟာ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ ေရာ္ဘီေဖာင္လာ (၁၂၈ ဂိုး)၊ စတီဗင္ဂ်ရတ္ (၁၂၀ ဂိုး)၊ မုိင္ကယ္အိုဝင္ (၁၁၈ ဂိုး) တို႔ေနာက္ပိုင္း သြင္းဂိုးအမ်ားဆံုးအျဖစ္ ၆၉ ဂိုးထိ သြင္းယူထားႏုိင္ပါျပီ။

ကာေရဂါက “ လီဗာပူးမွာ ဆာလက္က ပံုမွန္ထက္ပိုနည္းတဲ့ အသိအမွတ္ျပဳမႈေတြပဲ ရေနပါတယ္။ သူက ကမၻာအဆင့္ ေတာင္ပံသမားျဖစ္ေပမယ့္ လီဗာပူးပရိသတ္ေတြက အသိအမွတ္ျပဳမႈ နည္းပါတယ္။ အကယ္လို႔ ဆာလက္ကိုေရာင္းျပီး ၾကီးမားတဲ့ အသံုးစရိတ္ ယူမလားလို႔ ေမးရင္ ပရိသတ္ေတြက YES လို႔ ျပန္ေျဖၾကမွာပါ ” လို႔ ထုတ္ေျပာလိုက္ပါတယ္။

ထရန္႔ဟာ ဒီရာသီမွာ လီဗာပူးအသင္းေဖာ္ေတြအတြက္ ဂိုးေထာက္ပံံ့မႈ ၁၂ ၾကိမ္ထိ လုပ္ေပးႏုိင္ခဲ့ျပီျဖစ္ျပီး ဒီရာသီ အျမင့္ဆံုးျဖစ္တဲ့ ဒီဘရိုင္းထက္ ၄ ၾကိမ္ပဲ ေလ်ာ့နည္းပါေတာ့တယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ ႏုိင္ပြဲအဆက္ဆံုး (၁၈ ပြဲ) စံခ်ိန္ကို လိုက္မွီခဲ့ျပီျဖစ္ျပီး အိမ္ကြင္း (၂၁ ပြဲ) ဆက္ ႏုိင္ပြဲဆက္တဲ့ စံခ်ိန္ကို ရရွိခဲ့ပါျပီ။ ဒါ့အျပင္ အဆင့္ျမင့္တန္း သမိုင္းမွာေတာ့ ဒုတိယေျမာက္ ႏုိုင္ပြဲ အရွည္ၾကာဆံုး မွတ္တမ္းကိုလည္း ပိုင္ဆိုင္ထားပါတယ္။

မန္စီးတီးရဲ႕ ႏုိင္ပြဲအဆက္ဆံုး (၁၈) ပြဲစံခ်ိန္ကို လိုက္မွီတာနဲ႔ ပက္သက္လို႔ ကေလာ့ပ္က ” မန္စီးတီး လုပ္ခဲ့ခ်ိန္တုန္းက သူတို႔ကို လိုက္မွီဖို႔နဲ႔ ေက်ာ္လြန္ေအာင္ လုပ္ႏုိင္မယ္လို႔ ငါ လံုးဝ မထင္ခဲ့ဘူး။ အခုေတာ့ လုပ္ႏုိင္ခဲ့ပါျပီ တကယ္ကို မယံုႏုိင္ေလာက္ေအာင္ပါပဲ ” လို႔ ဝန္ခံလိုက္ပါတယ္။

လီဗာပူးအသင္း ၁-၂ နဲ႔ အေရးနိမ့္ေနခ်ိန္မွာ အသင္းပရိသတ္ေတြရဲ႕ တခဲနက္ အားေပးမႈအေပၚ ခ်ီးက်ဴးမႈေတြရွိေနပါတယ္။ လီဗာပူးဟာ ေနာက္ကေန ျပန္လိုက္ကစားခဲ့ရေပမယ့္ အားေပးမႈေကာင္းေတြေၾကာင့္ ရလဒ္ေကာင္းကို ရယူႏုိင္ခဲ့တာျဖစ္ပါတယ္။

လူစားဝင္ကစားသမားအျဖစ္ ဝင္ေရာက္ခဲ့တဲ့ ခ်ိန္ဘာလိန္ရဲ႕ စြမ္းေဆာင္ရည္ေတြက အေတာ္ေလးကို ထူးခၽြန္ခဲ့တာျဖစ္ျပီး အဂၤလန္သား ကြင္းလယ္လူရဲ႕ ကစားကြက္အတြင္း ပူးေပါင္းပါဝင္မႈအေပၚ ခ်ီးက်ဴးမႈေတြ မ်ားေနပါတယ္။