လီဗာပူးအသင်းဟာ ဒီတပတ်မှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံှးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် အက်သလက်တီကို မက်ဒရစ်ကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ၁-၀ နဲ့ လီဗာပူးတို့ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ အနိုင်ယူနိုင်မှ နောက်တစ်ဆင့် တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရစ်ပ် ပြသနာကြောင့် ဥရောပ ပွဲစဉ် အချို့ကွင်းပိတ် ကျင်းပမှုတွေ ရှိမှာ ဖြစ်ပေမယ့် လီဗာပူးကတော့ ဒီပွဲစဉ်မှာ ပရိသတ်တွေ ဝင်ရောက် အားပေးခွင့် ရမှာ ဖြစ်ကြောင်း အတည်ပြုထားကာ မီးရှူးမီးပန်းနဲ့ ပစ်ပေါက်မှုတွေ၊ အားပေးမှုကြမ်းကြမ်းတွေ မလုပ်ဖို့ပါ သတိပေး တားမြစ်ထားပါတယ်။

လီဗာပူးနဲ့ အက်သလက်တီကို မက်ဒရစ်တို့ ပွဲစဉ် အတွက် စကိုင်းစပေါ့မှ ပင်တိုင်သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီတလော ရှုံးပွဲတွေကြောင့် ဖိအားဝင်နေတဲ့ လီဗာပူးက ဘုန်းမောက်နဲ့ ပွဲ ရလဒ်ကြောင့် သက်သာရရခဲ့ပြီ ထင်ပါတယ်။ ဒါက အောင်ပွဲကြီး ခံစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူး ရင်ဆိုင်ရမယ့် အက်သလက်တီက လာလီဂါမှာ ရုန်းကန်နေရဆဲ ဖြစ်ပြီး ဒါက လီဗာပူးကို ပို အားတက် ရုန်းအားကောင်းစေနိုင်မှာပါ။

ပြီးခဲ့တဲ့ အပတ်က ပွဲမှာ အက်သလက်တီကိုက ဆီဗီလာကို ဂိုးတချို့ သွင်းခဲ့ပါတယ်။ ဒီယေဂို ကော်စတာကို ပွဲထွက်ကနေ အနားပေးထား ခဲ့ပေမယ့် ဂျာအို ဖိလစ် ပြန်ကစားနိုင်ပြီး ဂိုးလည်း သွင်းခဲ့ပါတယ်။ အန်းဖီးမှာတော့ အက်သလက်တီကို ဒီလို အခွင့် ရဖို့ မလွယ်ပါဘူး။ အဆုံးအဖြတ်က အသင်းလိုက် စွမ်းဆောင်ရည်ပေါ် မူတည်တယ် ဆိုပေမယ့် တချို့ အရှုံးတွေ့ထားတဲ့ အသင်းတွေက ပြန်လာနိုင်ပါတယ်။

အက်သလက်တီကိုက လောလောဆယ် အသာစီးရထားပြီး လီဗာပူးကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူး နိုင်သွားလိမ့်မယ်လို့ ကျနော် ထင်တယ်။ လီဗာပူးက ပရီးမီးယားလိဂ်မှာ ဖလားသိမ်းဖို့ ပွဲသိမ်း ပွဲစဉ်တချို့ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် သူတို့ စိတ်ဓာတ်အင်အားက ကောင်းနေမှာ ဖြစ်ပြီး ဒီပွဲကြီးကနေ ကျော်ဖြတ်နိုင်ဖို့ လိုတယ်ဆိုာလည်း ကောင်းကောင်း သိနေကြတယ်။

အယ်လစ်ဆန်ကတော့ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အန်းဖီး အရှိန်ရှိနေမယ့် လီဗာပူးက ဒီပွဲမှာ ၂ ဂိုး ပြတ်လောက် အနိုင်ရမယ်လို့ မှန်းချက်ပါတယ်။ ဒါပေမယ့် ကော်စတာ ပြန်ဝင်ကစားပြီး လီဗာပူးကို ခြိမ်းခြောက်နိုင်မလားလည်း ချီတုံချတုံ ဖြစ်နေသေးတယ်။ ကျနေ်ာ့ ဂိုးခန့်မှန်းရလဒ်အပေါ် အပြည့်အဝတော့ စိတ်တိုင်းမကျမိဘူး။ ” လို့ ချာလီက သုံးသပ်သွားခဲ့ပါတယ်။

ချာလီနစ်ကိုးလပ်စ် ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၀ အက်သလက်တီကို မက်ဒရစ် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ည/ ကြာသပတေးနေ့ မနက်အစော မြန်မာအချိန် ၂း၃၀ နာရီမှာ ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းဟာ ဒီတပတ္မွာ ခ်န္ပီယံလိဂ္ ၁၆သင္း ရွံဳွးထြက္အဆင့္ ဒုတိယအေက်ာ့ ပြဲစဥ္ အျဖစ္ အက္သလက္တီကို မက္ဒရစ္ကို အိမ္ကြင္း အန္းဖီးမွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပထမအေက်ာ့မွာ ၁-၀ နဲ႕ လီဗာပူးတို႔ ရွံဳးနိမ့္ထားတာေၾကာင့္ ဒီပြဲမွာ အနုိင္ယူနိုင္မွ ေနာက္တစ္ဆင့္ တက္ေရာက္ နုိင္မွာ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရစ္ပ္ ျပသနာေၾကာင့္ ဥေရာပ ပြဲစဥ္ အခ်ိဳ႕ကြင္းပိတ္ က်င္းပမႈေတြ ရွိမွာ ျဖစ္ေပမယ့္ လီဗာပူးကေတာ့ ဒီပြဲစဥ္မွာ ပရိသတ္ေတြ ၀င္ေရာက္ အားေပးခြင့္ ရမွာ ျဖစ္ေၾကာင္း အတည္ျပဳထားကာ မီးရွဴးမီးပန္းနဲ႕ ပစ္ေပါက္မႈေတြ၊ အားေပးမႈၾကမ္းၾကမ္းေတြ မလုပ္ဖို႔ပါ သတိေပး တားျမစ္ထားပါတယ္။

လီဗာပူးနဲ႕ အက္သလက္တီကို မက္ဒရစ္တို႔ ပြဲစဥ္ အတြက္ စကိုင္းစေပါ့မွ ပင္တိုင္သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဒီတေလာ ရွံဳးပြဲေတြေၾကာင့္ ဖိအား၀င္ေနတဲ့ လီဗာပူးက ဘုန္းေမာက္နဲ႕ ပြဲ ရလဒ္ေၾကာင့္ သက္သာရရခဲ့ျပီ ထင္ပါတယ္။ ဒါက ေအာင္ပြဲၾကီး ခံစရာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လီဗာပူး ရင္ဆိုင္ရမယ့္ အက္သလက္တီက လာလီဂါမွာ ရုန္းကန္ေနရဆဲ ျဖစ္ျပီး ဒါက လီဗာပူးကို ပို အားတက္ ရုန္းအားေကာင္းေစနုိင္မွာပါ။

ျပီးခဲ့တဲ့ အပတ္က ပြဲမွာ အက္သလက္တီကိုက ဆီဗီလာကို ဂိုးတခ်ိဳ႕ သြင္းခဲ့ပါတယ္။ ဒီေယဂို ေကာ္စတာကို ပြဲထြက္ကေန အနားေပးထား ခဲ့ေပမယ့္ ဂ်ာအို ဖိလစ္ ျပန္ကစားနိုင္ျပီး ဂိုးလည္း သြင္းခဲ့ပါတယ္။ အန္းဖီးမွာေတာ့ အက္သလက္တီကို ဒီလို အခြင့္ ရဖို႔ မလြယ္ပါဘူး။ အဆံုးအျဖတ္က အသင္းလိုက္ စြမ္းေဆာင္ရည္ေပၚ မူတည္တယ္ ဆိုေပမယ့္ တခ်ိဳ႕ အရွံဳးေတြ႔ထားတဲ့ အသင္းေတြက ျပန္လာနိုင္ပါတယ္။

အက္သလက္တီကိုက ေလာေလာဆယ္ အသာစီးရထားျပီး လီဗာပူးကို ခပ္ၾကမ္းၾကမ္း ကိုင္တြယ္ပါလိမ့္မယ္။ ဒါေပမယ့္ လီဗာပူး နိုင္သြားလိမ့္မယ္လို႔ က်ေနာ္ ထင္တယ္။ လီဗာပူးက ပရီးမီးယားလိဂ္မွာ ဖလားသိမ္းဖို႔ ပြဲသိမ္း ပြဲစဥ္တခ်ိဳ႕ပဲ က်န္ပါေတာ့တယ္။ ဒါေၾကာင့္ သူတို႔ စိတ္ဓာတ္အင္အားက ေကာင္းေနမွာ ျဖစ္ျပီး ဒီပြဲၾကီးကေန ေက်ာ္ျဖတ္နုိင္ဖို႔ လိုတယ္ဆိုိာလည္း ေကာင္းေကာင္း သိေနၾကတယ္။

အယ္လစ္ဆန္ကေတာ့ ဒီပြဲမွာ ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အန္းဖီး အရွိန္ရွိေနမယ့္ လီဗာပူးက ဒီပြဲမွာ ၂ ဂိုး ျပတ္ေလာက္ အနုိင္ရမယ္လို႔ မွန္းခ်က္ပါတယ္။ ဒါေပမယ့္ ေကာ္စတာ ျပန္၀င္ကစားျပီး လီဗာပူးကို ျခိမ္းေျခာက္နုိင္မလားလည္း ခ်ီတုံခ်တံု ျဖစ္ေနေသးတယ္။ က်ေန္ာ့ ဂိုးခန္႔မွန္းရလဒ္အေပၚ အျပည့္အ၀ေတာ့ စိတ္တိုင္းမက်မိဘူး။ ” လို႔ ခ်ာလီက သံုးသပ္သြားခဲ့့ပါတယ္။

ခ်ာလီနစ္ကိုးလပ္စ္ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၂-၀ အက္သလက္တီကို မက္ဒရစ္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ယေန႔ည/ ၾကာသပေတးေန႔ မနက္အေစာ ျမန္မာအခ်ိန္ ၂း၃၀ နာရီမွာ ျဖစ္ပါတယ္။