အက်သလက်တီကို မန်နေဂျာ ဒီယေဂို ဆီမြွန်နီက ဒီကနေ့ သူရင်ဆိုင်ရမယ့် လီဗာပူးအသင်းဟာ ခက်ခဲတဲ့ အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေ အများကြီး ရှိတဲ့အသင်းလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဒီပွဲအတွက် တီကိုနည်းတူ လီဗာပူးအသင်းမှာလည်း အဓိက တိုက်စစ် ကစားသမားတွေ အားလုံးနည်းပါး ကြံ့ခိုင်မှု ကောင်းနေပါတယ်။ ဆာဒီယိုမာနေး၊ ဆာလက်၊ ဖာမင်နိုတို့အပြင် ချိန်ဘာလိန်၊ ကီတာတို့ကလည်း ရွေးချယ်ခံဖို့အတွက် အဆင်သင့် ဖြစ်နေတာပါ။ ကွင်းလယ်မှာလည်း ဟန်ဒါဆန် ပြန်ကစားနိုင်မှာဖြစ်တယ်။

ဆီမြွန်နီက ” သူတို့က သူတို့ဘာသာအတွက် အကောင်းဆုံး လုပ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်တယ်။ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေ အများကြီး၊ တိုက်စစ်ဆင်မှု နည်းလမ်းတွေ အများကြီးနဲ့အတူ နာကျင်စေနိုင်တဲ့ အသင်းကောင်းဖြစ်ပါတယ်။

တစ်ကွင်းလုံးမှာ လီဗာပူးအသင်းရဲ့ နေရာချကစားမှုက အရမ်းကို ကောင်းပါတယ်။ သူတို့က ပြီးပြည့်စုံဖို့လည်း တကယ်ကို ပြင်းပြင်းထန်ထန် ကြိုးစားကြတဲ့ အသင်းဖြစ်တယ်။ လီဗာပူးကို ရင်ဆိုင်ကစားဖို့ ကျနေ်ာတို့ တော်တော်လေးကို ခက်ခက်ခဲခဲ ကစားရမှာ ဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီတစ်သင်းနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် လောလောဆယ်ထိတော့ အန်ဖီးကွင်းမှာ နှစ်သင်း ယှဉ်ပြိုင်တဲ့ပွဲကို ကွင်းထဲ ပရိသတ် ဝင်ခွင့် ပေးဖို့ ရှိနေပါတယ်။ ဒါပေမယ့် အခြေအနေ အချိန်အခါအရ ကွင်းပိတ်ပွဲ ဖြစ်သွားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။ ကိုရိုနာ နောက်ဆက်တွဲဟာ ဒီရက်ပိုင်းမှာ ဗြိတိန်ကို စတင် ရိုက်ခတ်လာနေပါတယ်။

ယူအီးအက်ဖ်အေကတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ကို ခေတ္တရပ်နားဖို့လည်း စဉ်းစားနေရပြီး စပိန်ကလပ်ဘက်က ဥရောပမှာ ကိုရိုနာ အပြင်းထန်ဆုံး အခြေအနေကို ရောက်နေတဲ့ အီတလီကိုသွားပြီး ဥရောပပွဲ ကစားဖို့ကို ငြင်းဆန်ထားမှုလည်း ရှိနေပါတယ်။

ZAWGYI

အက္သလက္တီကို မန္ေနဂ်ာ ဒီေယဂို ဆီျမြန္နီက ဒီကေန႔ သူရင္ဆုိင္ရမယ့္ လီဗာပူးအသင္းဟာ ခက္ခဲတဲ့ အသင္းျဖစ္ျပီး တိုက္စစ္ပိုင္းမွာ ေရြးခ်ယ္စရာေတြ အမ်ားၾကီး ရွိတဲ့အသင္းလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္။

ဒီပြဲအတြက္ တီကိုနည္းတူ လီဗာပူးအသင္းမွာလည္း အဓိက တိုက္စစ္ ကစားသမားေတြ အားလံုးနည္းပါး ၾကံ႕ခိုင္မႈ ေကာင္းေနပါတယ္။ ဆာဒီယိုမာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔အျပင္ ခ်ိန္ဘာလိန္၊ ကီတာတို႔ကလည္း ေရြးခ်ယ္ခံဖို႔အတြက္ အဆင္သင့္ ျဖစ္ေနတာပါ။ ကြင္းလယ္မွာလည္း ဟန္ဒါဆန္ ျပန္ကစားႏုိင္မွာျဖစ္တယ္။

ဆီျမြန္နီက ” သူတို႔က သူတို႔ဘာသာအတြက္ အေကာင္းဆံုး လုပ္ႏုိင္တဲ့ အသင္းတစ္သင္းျဖစ္တယ္။ တိုက္စစ္ပိုင္းမွာ ေရြးခ်ယ္စရာေတြ အမ်ားၾကီး၊ တိုက္စစ္ဆင္မႈ နည္းလမ္းေတြ အမ်ားၾကီးန႔ဲအတူ နာက်င္ေစႏုိင္တဲ့ အသင္းေကာင္းျဖစ္ပါတယ္။

တစ္ကြင္းလံုးမွာ လီဗာပူးအသင္းရဲ႕ ေနရာခ်ကစားမႈက အရမ္းကို ေကာင္းပါတယ္။ သူတို႔က ျပီးျပည့္စံုဖို႔လည္း တကယ္ကို ျပင္းျပင္းထန္ထန္ ၾကိဳးစားၾကတဲ့ အသင္းျဖစ္တယ္။ လီဗာပူးကို ရင္ဆိုင္ကစားဖို႔ က်ေန္ာတို႔ ေတာ္ေတာ္ေလးကို ခက္ခက္ခဲခဲ ကစားရမွာ ျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဒီတစ္သင္းနဲ႔ ဆက္စပ္ျပီး ေျပာရမယ္ဆိုရင္ ေလာေလာဆယ္ထိေတာ့ အန္ဖီးကြင္းမွာ ႏွစ္သင္း ယွဥ္ျပိဳင္တဲ့ပြဲကို ကြင္းထဲ ပရိသတ္ ဝင္ခြင့္ ေပးဖို႔ ရွိေနပါတယ္။ ဒါေပမယ့္ အေျခအေန အခ်ိန္အခါအရ ကြင္းပိတ္ပြဲ ျဖစ္သြားႏုိင္မလားဆိုတာကို ေစာင့္ၾကည့္ရမွာပါ။ ကိုရိုနာ ေနာက္ဆက္တြဲဟာ ဒီရက္ပိုင္းမွာ ျဗိတိန္ကို စတင္ ရိုက္ခတ္လာေနပါတယ္။

ယူအီးအက္ဖ္ေအကေတာ့ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ကို ေခတၱရပ္နားဖို႔လည္း စဥ္းစားေနရျပီး စပိန္ကလပ္ဘက္က ဥေရာပမွာ ကိုရိုနာ အျပင္းထန္ဆံုး အေျခအေနကို ေရာက္ေနတဲ့ အီတလီကိုသြားျပီး ဥေရာပပြဲ ကစားဖို႔ကို ျငင္းဆန္ထားမႈလည္း ရွိေနပါတယ္။