လီဗာပူးအသင်းက မနှစ်က ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ကျော်ဖြတ်ခဲ့မှုကို တည်းဖြတ်ထားတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး ” ဘာလုပ်ရမယ်ဆိုတာ အားလုံး သိကြတယ် မဟုတ်လား ” ဆိုကာ ပွဲကြို နိုးဆော်မှုကို ပြုလုပ်လိုက်ပါတယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က ” အန်ဖီးကွင်းက ပရိသတ်တွေကတော့ ငါတို့ကို နောက်တစ်ဆင့်ကို ပို့ပေးမှာပါ ဆိုတာမျိုး စဉ်းစားနေရမှာ မဟုတ်ဘူး။ ငါတို့က ရာနှုန်းပြည့်ကို အာရုံစိုက် ယှဉ်ပြိုင်ကြရမယ် ” လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

မန်နေဂျာကလော့ပ်က “ ရံှူးလို့ ထွက်ရမှာကို ကြောက်နေရင် ငါတို့ လွတ်လွတ်လပ်လပ် ကစားရမှာ မဟုတ်ဘူး။ ငါတို့ လွတ်လပ်စွာ ကစားဖို့ လိုတယ်။ တီကိုက ခံစစ်ကောင်းတယ်ဆိုတာ ငါတို့အားလုံး သိပါတယ် “ လို့ တုန့်ပြန်ပါတယ်။

စပိန်ဘက်ကတော့ အန်ဖီးမှာ တီကိုဟာ တိုက်စစ်အားပြု ကစားလိမ့်မယ်လို့ ဂိမ်းပလန်ကို ဖော်ပြနေကြပြီး အင်္ဂလန်ဘက်က ပရိသတ်တွေကတော့ နောက်ထပ် ပြက်လုံးကောင်း မရှိတော့ဘူးလားလို့ တုန့်ပြန်နေကြပါတယ်။

အက်သလက်တီကိုနဲ့ ပွဲပြီးရင်တော့ အင်္ဂလန်ရဲ့ ဥရောပဂုဏ်ဆောင် လီဗာပူးဟာ အင်္ဂလန်ကလပ်တွေထဲ ပထမဆုံးအသင်းအဖြစ် ဥရောပပြိုင်ပွဲ ပွဲ ၄၀၀ ပြည့်မှာဖြစ်ပါတယ်။

ဟန်ဒို လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပြီး ချန်ပီယံလိဂ်ပွဲအတွက် လူစာရင်းထဲ ထည့်မလားကို ပွဲမတိုင်ခင် အဖြေပေးမှာ မဟုတ်ဘူးလို့ မန်နေဂျာကလော့ပ်က ပွဲကြိုမှာ ပြောပါတယ်။ ရော်ဘတ်ဆန် ပါနိုင်မှာဖြစ်ပြီး အယ်လီဆန်ကတော့ ချန်ပီယံလိဂ်လွဲမှာဖြစ်ပြီး အဲဗာတန်နဲ့ အမှတ်ပေးပွဲကိုလည်း ဆက်လွဲဦးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျင်မီရပ်နက်က ဂျော်ဒန်ဟန်ဒါဆန်ဟာ မန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ တယ်ဖီဖုန်းခွက်လိုဖြစ်ပြီး မန်နေဂျာဆန္ဒရှိတာကို ကွင်းထဲမှာ လမ်းညွှန်တဲ့ ခေါင်းဆောင်ကောင်းလို့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ချီးကျူးလိုက်ပါတယ်။

လာလီဂါ၊ စီးရီးအေနဲ့ လီဂူးဝမ်း ပြိုင်ပွဲတွေ အားလုံးဟာ လာမယ့် ပွဲကစလို့ ပရိသတ်မပါတဲ့ ကွင်းပိတ်ပွဲတွေပဲ ကစားဖို့ အတည်ပြု ဆုံးဖြတ်လိုက်ပါပြီ။ ပရီးမီးယားလိဂ်ကလည်း မကြာခင်မှာ အဆုံးအဖြတ်တစ်ခု ပြုလုပ်လာနိုင်ပါတယ်။

လီဗာပူး ယူ-၂၃ မန်နေဂျာဟောင်း နေးခရစ်ချ်လေဟာ လိဂ်ဝမ်းကလပ် ဘလက်ပပူးအသင်း တရားဝင်မန်နေဂျာအဖြစ် ပထမဆုံးပွဲကို ဒီမနက်က ဖလတ်ဝုဒ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ဝ-၀ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းက မႏွစ္က ခ်န္ပီယံလိဂ္မွာ ဘာစီလိုနာကို ေက်ာ္ျဖတ္ခဲ့မႈကို တည္းျဖတ္ထားတဲ့ ဗီဒီယိုတစ္ခုကို တင္ခဲ့ျပီး ” ဘာလုပ္ရမယ္ဆိုတာ အားလံုး သိၾကတယ္ မဟုတ္လား ” ဆိုကာ ပြဲၾကိဳ ႏိုးေဆာ္မႈကို ျပဳလုပ္လိုက္ပါတယ္။

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ” အန္ဖီးကြင္းက ပရိသတ္ေတြကေတာ့ ငါတို႔ကို ေနာက္တစ္ဆင့္ကို ပို႔ေပးမွာပါ ဆိုတာမ်ိဳး စဥ္းစားေနရမွာ မဟုတ္ဘူး။ ငါတို႔က ရာႏႈန္းျပည့္ကို အာရံုစိုက္ ယွဥ္ျပိဳင္ၾကရမယ္ ” လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က “ ရံွဴးလို႔ ထြက္ရမွာကို ေၾကာက္ေနရင္ ငါတုိ႔ လြတ္လြတ္လပ္လပ္ ကစားရမွာ မဟုတ္ဘူး။ ငါတို႔ လြတ္လပ္စြာ ကစားဖို႔ လိုတယ္။ တီကိုက ခံစစ္ေကာင္းတယ္ဆိုတာ ငါတို႔အားလံုး သိပါတယ္ “ လို႔ တုန္႔ျပန္ပါတယ္။

စပိန္ဘက္ကေတာ့ အန္ဖီးမွာ တီကိုဟာ တိုက္စစ္အားျပဳ ကစားလိမ့္မယ္လို႔ ဂိမ္းပလန္ကို ေဖာ္ျပေနၾကျပီး အဂၤလန္ဘက္က ပရိသတ္ေတြကေတာ့ ေနာက္ထပ္ ျပက္လံုးေကာင္း မရွိေတာ့ဘူးလားလို႔ တုန္႔ျပန္ေနၾကပါတယ္။

အက္သလက္တီကိုနဲ႔ ပြဲျပီးရင္ေတာ့ အဂၤလန္ရဲ႕ ဥေရာပဂုဏ္ေဆာင္ လီဗာပူးဟာ အဂၤလန္ကလပ္ေတြထဲ ပထမဆံုးအသင္းအျဖစ္ ဥေရာပျပိဳင္ပြဲ ပြဲ ၄၀၀ ျပည့္မွာျဖစ္ပါတယ္။

ဟန္ဒို ေလ့က်င့္ေရး ျပန္ဆင္းေနၿပီျဖစ္ၿပီး ခ်န္ပီယံလိဂ္ပြဲအတြက္ လူစာရင္းထဲ ထည့္မလားကို ပြဲမတိုင္ခင္ အေျဖေပးမွာ မဟုတ္ဘူးလို႔ မန္ေနဂ်ာကေလာ့ပ္က ပြဲႀကိဳမွာ ေျပာပါတယ္။ ေရာ္ဘတ္ဆန္ ပါႏုိင္မွာျဖစ္ျပီး အယ္လီဆန္ကေတာ့ ခ်န္ပီယံလိဂ္လြဲမွာျဖစ္ၿပီး အဲဗာတန္နဲ႔ အမွတ္ေပးပြဲကိုလည္း ဆက္လြဲဦးမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်င္မီရပ္နက္က ေဂ်ာ္ဒန္ဟန္ဒါဆန္ဟာ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ တယ္ဖီဖုန္းခြက္လိုျဖစ္ျပီး မန္ေနဂ်ာဆႏၵရွိတာကို ကြင္းထဲမွာ လမ္းညႊန္တဲ့ ေခါင္းေဆာင္ေကာင္းလို႔ ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ ခ်ီးက်ဴးလိုက္ပါတယ္။

လာလီဂါ၊ စီးရီးေအနဲ႔ လီဂူးဝမ္း ၿပိဳင္ပြဲေတြ အားလုံးဟာ လာမယ့္ ပြဲကစလို႔ ပရိသတ္မပါတဲ့ ကြင္းပိတ္ပြဲေတြပဲ ကစားဖို႔ အတည္ျပဳ ဆုံးျဖတ္လိုက္ပါၿပီ။ ပရီးမီးယားလိဂ္ကလည္း မၾကာခင္မွာ အဆုံးအျဖတ္တစ္ခု ျပဳလုပ္လာႏိုင္ပါတယ္။

လီဗာပူး ယူ-၂၃ မန္ေနဂ်ာေဟာင္း ေနးခရစ္ခ်္ေလဟာ လိဂ္ဝမ္းကလပ္ ဘလက္ပပူးအသင္း တရားဝင္မန္ေနဂ်ာအျဖစ္ ပထမဆံုးပြဲကို ဒီမနက္က ဖလတ္ဝုဒ္အသင္းနဲ႔ ယွဥ္ျပိဳင္ခဲ့ျပီး ၀-၀ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။