အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုဒ်ဒါဘီကို ကွင်းလယ် ဒိုင်လူကြီးအဖြစ် မာတင် အက်ကင်ဆန်က တာဝန်ယူမယ်လို့ အတည်ပြုလိုက်ပါပြီ။

လီဗာပူးကစားသမားဟောင်းကြီး ဂါစီယာက အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲဟာ လီဗာပူးအတွက်ကော၊ အက်သလက်တီကိုအတွက်ပါ ခက်ခဲတဲ့ ပွဲကောင်းဖြစ်လာမယ်လို့ ကြိုတင် ခန့်မှန်းလိုက်ပါတယ်။

အက်သလက်တီကို ညာအစွန်လူ ထရစ်ပီယာက အန်ဖီးကွင်းဟာ သိပ်ကောင်းတဲ့ အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းတစ်ကွင်းဖြစ်ပြီး ဒီတစ်ကြိမ် သွားရောက် ရင်ဆိုင်မှုမှာ အန်ဖီးရဲ့ အင်အားကို သတိထားဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

အီတလီဘက်က ဘောလုံးပွဲတွေ အပါအဝင် အားကစားပွဲတိုင်းကို ရပ်နားလိုက်တဲ့ ဒီကနေ့မှာပဲ စပိန်ဘက်က လာလီဂါပွဲတွေကို ကွင်းပိတ်ကန်ဖို့အတွက် အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

လီဗာပူးနဲ့ အက်သလက်တီကိုပွဲကို နယ်သာလန်သား ဒိုင်လူကြီး Danny Makkelie က ကိုင်တွယ်မှာဖြစ်ပါတယ်။ သူဟာ လီဗာပူးက ဆဲလ်ဘတ်ကို အဝေးကွင်းမှာ ၂-၀ အနိုင်ရတဲ့ပွဲနဲ့ မနှစ်ကရာသီ ပေါ်တိုကို ၄-၁ နဲ့ အနိုင်ရတဲ့ပွဲတွေမှာ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အက်သလက်တီကိုပွဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။ ဟန်ဒါဆန်ဟာ ပထမအကျော့မှာ ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း အနားယူနေရသူဖြစ်ပါတယ်။

ဒေါ့မွန်အသင်းမှာ တောက်ပနေတဲ့ ဆယ်ကျော်သက် တိုက်စစ်သမားလေး ဟာလန်က အိပ်မက်ဆိုးအဖြစ် ရင်ဆိုင်ရခက်ခဲတဲ့ ခံစစ်သမားအဖြစ် လီဗာပူးခံစစ်သမား ဗန်ဒိုက်ကို ညွှန်းဆိုသွားပါတယ်။

ဂရိကလပ် အိုလံပီယာကိုစ့်နဲ့ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖော်ရက် အသင်းပိုင်ရှင်က သူဟာ ကိုရိုးနာဗိုင်းရပ် ကူးစက်ခံနေရတယ်လို့ ကြေညာလိုက်ပါတယ်။ ဒီကိစ္စကို ဗြိတိန်ဘက်က ချက်ခြင်း ဝင်ရောက် ကိုင်တွယ်မှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

အက်သလက်တီကိုအသင်းဟာ လီဗာပူးကို လာရောက်မယ့် ကစားသမား ၂၅ ဦးစာရင်းကို ကြေညာလိုက်ပြီဖြစ်ပြီး ကော်စတာ၊ မိုရာတာ၊ ဖီလစ်၊ ထရစ်ပီယာ၊ သောမက်စ် လီမာတို့ကစလို အဓိက ကစားသမားတွေ အားလုံး ပါဝင်လာပါတယ်။

ZAWGYI

အဲဗာတန္နဲ႔ လီဗာပူးတို႔ရဲ႕ မာေဆးဆိုဒ္ဒါဘီကို ကြင္းလယ္ ဒိုင္လူၾကီးအျဖစ္ မာတင္ အက္ကင္ဆန္က တာဝန္ယူမယ္လို႔ အတည္ျပဳလုိက္ပါျပီ။

လီဗာပူးကစားသမားေဟာင္းၾကီး ဂါစီယာက အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ပြဲဟာ လီဗာပူးအတြက္ေကာ၊ အက္သလက္တီကိုအတြက္ပါ ခက္ခဲတဲ့ ပြဲေကာင္းျဖစ္လာမယ္လို႔ ၾကိဳတင္ ခန္႔မွန္းလိုက္ပါတယ္။

အက္သလက္တီကို ညာအစြန္လူ ထရစ္ပီယာက အန္ဖီးကြင္းဟာ သိပ္ေကာင္းတဲ့ အားေပးမႈေတြ ပိုင္ဆုိင္ထားတဲ့ ကြင္းတစ္ကြင္းျဖစ္ျပီး ဒီတစ္ၾကိမ္ သြားေရာက္ ရင္ဆိုင္မႈမွာ အန္ဖီးရဲ႕ အင္အားကို သတိထားဖို႔ အသင္းေဖာ္ေတြကို တိုက္တြန္းလိုက္ပါတယ္။

အီတလီဘက္က ေဘာလံုးပြဲေတြ အပါအဝင္ အားကစားပြဲတိုင္းကို ရပ္နားလိုက္တဲ့ ဒီကေန႔မွာပဲ စပိန္ဘက္က လာလီဂါပြဲေတြကို ကြင္းပိတ္ကန္ဖို႔အတြက္ အတည္ျပဳလိုက္ျပီျဖစ္ပါတယ္။

လီဗာပူးနဲ႔ အက္သလက္တီကိုပြဲကို နယ္သာလန္သား ဒိုင္လူၾကီး Danny Makkelie က ကိုင္တြယ္မွာျဖစ္ပါတယ္။ သူဟာ လီဗာပူးက ဆဲလ္ဘတ္ကို အေဝးကြင္းမွာ ၂-၀ အႏုိင္ရတဲ့ပြဲနဲ႔ မႏွစ္ကရာသီ ေပၚတုိကို ၄-၁ နဲ႔ အႏုိင္ရတဲ့ပြဲေတြမွာ ကိုင္တြယ္ခဲ့ဖူးသူ ျဖစ္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အက္သလက္တီကိုပြဲမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။ ဟန္ဒါဆန္ဟာ ပထမအေက်ာ့မွာ ဒဏ္ရာရခဲ့ျပီးေနာက္ပိုင္း အနားယူေနရသူျဖစ္ပါတယ္။

ေဒါ့မြန္အသင္းမွာ ေတာက္ပေနတဲ့ ဆယ္ေက်ာ္သက္ တိုက္စစ္သမားေလး ဟာလန္က အိပ္မက္ဆိုးအျဖစ္ ရင္ဆိုင္ရခက္ခဲတဲ့ ခံစစ္သမားအျဖစ္ လီဗာပူးခံစစ္သမား ဗန္ဒိုက္ကို ညႊန္းဆိုသြားပါတယ္။

ဂရိကလပ္ အိုလံပီယာကိုစ့္နဲ႔ ခ်န္ပီယံရွစ္ကလပ္ ေနာ္တင္ဟမ္ေဖာ္ရက္ အသင္းပိုင္ရွင္က သူဟာ ကိုရိုးနာဗိုင္းရပ္ ကူးစက္ခံေနရတယ္လို႔ ေၾကညာလုိက္ပါတယ္။ ဒီကိစၥကို ျဗိတိန္ဘက္က ခ်က္ျခင္း ဝင္ေရာက္ ကိုင္တြယ္မႈေတြ ျပဳလုပ္ဖို႔ ရွိေနပါတယ္။

အက္သလက္တီကိုအသင္းဟာ လီဗာပူးကို လာေရာက္မယ့္ ကစားသမား ၂၅ ဦးစာရင္းကို ေၾကညာလိုက္ျပီျဖစ္ျပီး ေကာ္စတာ၊ မိုရာတာ၊ ဖီလစ္၊ ထရစ္ပီယာ၊ ေသာမက္စ္ လီမာတို႔ကစလို အဓိက ကစားသမားေတြ အားလံုး ပါဝင္လာပါတယ္။