အက်သလက်တီကို ခံစစ်သမား ထရစ်ပီယာက အန်ဖီကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲကြိုမှာ လီဗာပူးပရိသတ်တွေရဲ့ အိမ်ကွင်းအားပေးမှုကို အထင်ကြီးပါကြောင်း ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့ပါတယ်။

တီကိုက ပထမအကျော့ကို ၁-၀ နဲ့ အနိုင်ရထားခဲ့တာဖြစ်ပြီး ဒုတိယအကျော့ အန်ဖီးကွင်းရလဒ်ဟာ ပြတ်သားဖို့ လိုနေခဲ့တာပါ။ မနှစ်တုန်းကတော့ စပိန် ကလပ်တစ်သင်းဖြစ်တဲ့ ဘာစီလိုနာဟာ အန်ဖီးကွင်းမှာ အံ့အားသင့်ဖွယ် ရလဒ်နဲ့ အရေးနိမ့်ခဲ့သေးတာဖြစ်တယ်။ ဒါပေမယ့် မန်နေဂျာ ဆီမြွန်နီရဲ့ အသင်းဟာ အန်ဖီးမှာ ခံစစ်အားပြုတဲ့ ကစားဟန်နဲ့ ယှဉ်ပြိုင်ဖွယ် ရှိနေပါတယ်။

တီကိုကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့မှုဟာ လီဗာပူးကို အနည်းငယ် အခြေပျက်စေခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဝတ်ဖိုဒ့်နဲ့ ချယ်ဆီးတို့ကိုလည်း ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေမှာ အရေးနိမ့်ခဲ့သေးကာ ဒီရာသီအတွက် ပထမဆုံးအကြိမ် အဝေးကွင်း သုံးပွဲဆက် အရေးနိမ့်မှုကို လီဗာပူးက ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။

ထရစ်ပီယာက “ အန်ဖီးက ကစားဖို့ အကောင်းဆုံးသော ကွင်းတွေထဲက တစ်ကွင်းဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အရမ်းကို အံ့အားသင့်ဖို့ ကောင်းပါတယ်။ အန်ဖီးကွင်းရဲ့ အားပေးမှု အငွေ့အသက်တွေအကြောင်းကို အသင်းဖော်တွေနဲ့ ကျနော်တို့ စကားတွေ ပြောဖြစ်ခဲ့ကြပါသေးတယ်။

ဖြစ်နိုင်သလောက် လီဗာပူးဘက်က ခြိမ်းခြောက်မှုတွေ လုပ်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် ကျနေ်ာတို့မှာလည်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ သန်မာမှုတွေ ရှိထားပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းဖြစ်လာမှာဖြစ်ပြီး စိန်ခေါ်မှုအတွက် ကျနေ်ာတို့ဘက်က အဆင်သင့် ဖြစ်နေပါတယ်။ ကျနေ်ာတို့ရဲ့ ပရိသတ်တွေကလည်း အရေးပါလှပါတယ်။ နောက်တစ်ဆင့်ကို တက်ဖို့အတွက် လိုချင်တဲ့ ရလဒ်ကို ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အက္သလက္တီကို ခံစစ္သမား ထရစ္ပီယာက အန္ဖီကြင္းမွာ ယွဥ္ျပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲၾကိဳမွာ လီဗာပူးပရိသတ္ေတြရဲ႕ အိမ္ကြင္းအားေပးမႈကို အထင္ၾကီးပါေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈ လုပ္ခဲ့ပါတယ္။

တီကိုက ပထမအေက်ာ့ကို ၁-၀ နဲ႔ အႏုိင္ရထားခဲ့တာျဖစ္ျပီး ဒုတိယအေက်ာ့ အန္ဖီးကြင္းရလဒ္ဟာ ျပတ္သားဖို႔ လိုေနခဲ့တာပါ။ မႏွစ္တုန္းကေတာ့ စပိန္ ကလပ္တစ္သင္းျဖစ္တဲ့ ဘာစီလိုနာဟာ အန္ဖီးကြင္းမွာ အံ့အားသင့္ဖြယ္ ရလဒ္နဲ႔ အေရးနိမ့္ခဲ့ေသးတာျဖစ္တယ္။ ဒါေပမယ့္ မန္ေနဂ်ာ ဆီျမြန္နီရဲ႕ အသင္းဟာ အန္ဖီးမွာ ခံစစ္အားျပဳတဲ့ ကစားဟန္နဲ႔ ယွဥ္ျပိဳင္ဖြယ္ ရွိေနပါတယ္။

တီကိုကို အေဝးကြင္းမွာ အေရးနိမ့္ခဲ့မႈဟာ လီဗာပူးကို အနည္းငယ္ အေျခပ်က္ေစခဲ့ျပီး ေနာက္ဆက္တြဲအျဖစ္ ဝတ္ဖိုဒ့္နဲ႔ ခ်ယ္ဆီးတို႔ကိုလည္း ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားေတြမွာ အေရးနိမ့္ခဲ့ေသးကာ ဒီရာသီအတြက္ ပထမဆံုးအၾကိမ္ အေဝးကြင္း သံုးပြဲဆက္ အေရးနိမ့္မႈကို လီဗာပူးက ရင္ဆုိင္ခဲ့ရတာျဖစ္တယ္။

ထရစ္ပီယာက “ အန္ဖီးက ကစားဖို႔ အေကာင္းဆံုးေသာ ကြင္းေတြထဲက တစ္ကြင္းျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အရမ္းကို အံ့အားသင့္ဖို႔ ေကာင္းပါတယ္။ အန္ဖီးကြင္းရဲ႕ အားေပးမႈ အေငြ႔အသက္ေတြအေၾကာင္းကို အသင္းေဖာ္ေတြနဲ႔ က်ေနာ္တို႔ စကားေတြ ေျပာျဖစ္ခဲ့ၾကပါေသးတယ္။

ျဖစ္ႏုိင္သေလာက္ လီဗာပူးဘက္က ျခိမ္းေျခာက္မႈေတြ လုပ္ႏုိင္ဖို႔ ၾကိဳးစားပါလိမ့္မယ္။ ဒါေပမယ့္ က်ေန္ာတို႔မွာလည္း ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ဖို႔အတြက္ စိတ္ဓါတ္ပိုင္းဆိုင္ရာ သန္မာမႈေတြ ရွိထားပါတယ္။ ျပိဳင္ဆုိင္မႈ ျပင္းထန္တဲ့ ပြဲေကာင္းျဖစ္လာမွာျဖစ္ျပီး စိန္ေခၚမႈအတြက္ က်ေန္ာတုိ႔ဘက္က အဆင္သင့္ ျဖစ္ေနပါတယ္။ က်ေန္ာတို႔ရဲ႕ ပရိသတ္ေတြကလည္း အေရးပါလွပါတယ္။ ေနာက္တစ္ဆင့္ကို တက္ဖို႔အတြက္ လိုခ်င္တဲ့ ရလဒ္ကို ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။