လီဗာပူး ကစားသမားဟောင်းကြီးဖြစ်ပြီး စပိန်သားလည်းဖြစ်တဲ့ လူးဝစ် ဂါစီယာက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်အဖြစ် အသင်းဟောင်း လီဗာပူးနဲ့ လာလီဂါကလပ် အက်သလက်တီကိုရဲ့ အဆုံးအဖြတ်ပွဲမှာ ရလဒ်ကောင်း ပိုင်ဆိုင်မယ့်အသင်းက လီဗာပူးဖြစ်လိမ့်မယ်လို့ သူ့အမြင်ကို ပြောဆိုပါတယ်။

ပထမအကျော့ကို တီကိုက ၁-၀ နဲ့ အနိုင်ထားပေမယ့် ဒုတိယအကျော့ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဥရောပ ပြိုင်ပွဲတွေမှာတော့ အန်ဖီးကွင်းရဲ့ အင်အားကြောင့် နောက်ထပ် အဆင့်တွေကို တက်ရောက်ဖို့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ခဲ့ဖူးတာဖြစ်တယ်။

၂၀၀၅ ချန်ပီယံလိဂ် အောင်မြင်မှုမှာ အရေးပါခဲ့သူ တစ်ဦးဖြစ်တဲ့ ဂါစီယာကပဲ “ ကျနော်ကတော့ နှစ်သင်းလုံးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါ ရိုးရိုးသားသား ပြောတာပါ။ စပိန်နဲ့ မက်ဒရစ်တွေမှာလည်း ဒီလိုပဲ ခံစားနေရပါတယ်။ အန်ဖီးက ခက်ခဲတဲ့ကွင်းဆိုတာနဲ့ အသင်း အများကြီးက ဒီကွင်းကနေ အနိုင်ရလဒ်နဲ့ ထွက်ခွာသွားခွင့် မရှိဘူးဆိုတာကို သူတို့ သိထားကြပါတယ်။ လီဗာပူးပရိသတ်တွေက အသင်းကို အမြဲတမ်း အကူအညီ ပေးနိုင်တာပါ။

ဆီမြွန်နီကလည်း ဒီလို အခြေအနေကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာကို သိတဲ့ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ မီထရိုပိုလီတီနိုမှာ တီကိုက သူတို့ ပုံမှန်လုပ်နေကျ ခံစစ်ကစားမှုကို အကောင်းဆုံး လုပ်နိုင်တာ မြင်ရပြီး အခွင့်အရေးကို စောင့်ကာ ကောင်တာတိုက်စစ်ကို အကောင်းဆုံး လုပ်နိုင်တယ်။ သူတို့ အဲ့လို ထပ်လုပ်နိုင်မယ်လို့ ထင်နေဆဲ ဖြစ်ပါလိမ့်မယ်။

အခြားတစ်ဘက်မှာလည်း လီဗာပူးက အန်ဖီးကွင်းမှာ ဂိုးတွေ သွင်းဖို့ လိုအပ်တဲ့ အနေအထားတွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တယ်။ လီဗာပူးက သွင်းဂိုး တစ်ဂိုး၊ နှစ်ဂိုးနဲ့ သုံးဂိုးလောက်ထိ လိုအပ်ချိန်မှာတောင် အန်ဖီးက ဘာလုပ်နိုင်သလဲဆိုတာကို သိထားပါတယ်။ ကျနော်ကတော့ အကောင်းမြင်ပါတယ်။ လီဗာပူးမှာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်တဲ့ ပါဝါ၊ အရည်အချင်းနဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။

ဘာမဆိုဖြစ်သွားနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ပြီး နှစ်သင်းလုံးက ဂိုးတွေ သွင်းယူနိုင်တဲ့ အရည်အချင်းရှိ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီအခြေအနေမှာတော့ လီဗာပူးက သွင်းဂိုးတွေကို ရယူဖို့ ခက်ခဲနေပေမယ့် နောက်တစ်ဆင့်ကို တက်ရောက်ဖို့တော့ လုပ်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ကစားသမားေဟာင္းၾကီးျဖစ္ျပီး စပိန္သားလည္းျဖစ္တဲ့ လူးဝစ္ ဂါစီယာက ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္အျဖစ္ အသင္းေဟာင္း လီဗာပူးနဲ႔ လာလီဂါကလပ္ အက္သလက္တီကိုရဲ႕ အဆံုးအျဖတ္ပြဲမွာ ရလဒ္ေကာင္း ပိုင္ဆုိင္မယ့္အသင္းက လီဗာပူးျဖစ္လိမ့္မယ္လို႔ သူ႔အျမင္ကို ေျပာဆိုပါတယ္။

ပထမအေက်ာ့ကို တီကိုက ၁-၀ နဲ႔ အႏုိင္ထားေပမယ့္ ဒုတိယအေက်ာ့ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ ဥေရာပ ျပိဳင္ပြဲေတြမွာေတာ့ အန္ဖီးကြင္းရဲ႕ အင္အားေၾကာင့္ ေနာက္ထပ္ အဆင့္ေတြကို တက္ေရာက္ဖို႔ အလားအလာေကာင္းေတြကို ပိုင္ဆိုင္ခဲ့ဖူးတာျဖစ္တယ္။

၂၀၀၅ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈမွာ အေရးပါခဲ့သူ တစ္ဦးျဖစ္တဲ့ ဂါစီယာကပဲ “ က်ေနာ္ကေတာ့ ႏွစ္သင္းလံုးအတြက္ ခက္ခဲတဲ့ပြဲ ျဖစ္လာမယ္လို႔ ထင္ပါတယ္။ ဒါ ရိုးရိုးသားသား ေျပာတာပါ။ စပိန္နဲ႔ မက္ဒရစ္ေတြမွာလည္း ဒီလိုပဲ ခံစားေနရပါတယ္။ အန္ဖီးက ခက္ခဲတဲ့ကြင္းဆိုတာနဲ႔ အသင္း အမ်ားၾကီးက ဒီကြင္းကေန အႏုိင္ရလဒ္နဲ႔ ထြက္ခြာသြားခြင့္ မရွိဘူးဆိုတာကို သူတို႔ သိထားၾကပါတယ္။ လီဗာပူးပရိသတ္ေတြက အသင္းကို အျမဲတမ္း အကူအညီ ေပးႏုိင္တာပါ။

ဆီျမြန္နီကလည္း ဒီလို အေျခအေနကို ဘယ္လို ရင္ဆိုင္ရမယ္ဆိုတာကို သိတဲ့ မန္ေနဂ်ာတစ္ဦး ျဖစ္ပါတယ္။ မီထရိုပိုလီတီႏိုမွာ တီကိုက သူတို႔ ပံုမွန္လုပ္ေနက် ခံစစ္ကစားမႈကို အေကာင္းဆံုး လုပ္ႏုိင္တာ ျမင္ရျပီး အခြင့္အေရးကို ေစာင့္ကာ ေကာင္တာတိုက္စစ္ကို အေကာင္းဆံုး လုပ္ႏုိင္တယ္။ သူတို႔ အဲ့လို ထပ္လုပ္ႏုိင္မယ္လို႔ ထင္ေနဆဲ ျဖစ္ပါလိမ့္မယ္။

အျခားတစ္ဘက္မွာလည္း လီဗာပူးက အန္ဖီးကြင္းမွာ ဂိုးေတြ သြင္းဖို႔ လိုအပ္တဲ့ အေနအထားေတြမွာ ဂိုးေတြ သြင္းယူႏုိင္ခဲ့တယ္။ လီဗာပူးက သြင္းဂိုး တစ္ဂိုး၊ ႏွစ္ဂိုးနဲ႔ သံုးဂိုးေလာက္ထိ လိုအပ္ခ်ိန္မွာေတာင္ အန္ဖီးက ဘာလုပ္ႏုိင္သလဲဆိုတာကို သိထားပါတယ္။ က်ေနာ္ကေတာ့ အေကာင္းျမင္ပါတယ္။ လီဗာပူးမွာ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္တဲ့ ပါဝါ၊ အရည္အခ်င္းနဲ႔ အလားအလာေကာင္းေတြ ရွိေနပါတယ္။

ဘာမဆိုျဖစ္သြားႏုိင္တဲ့ ပြဲတစ္ပြဲျဖစ္ျပီး ႏွစ္သင္းလံုးက ဂိုးေတြ သြင္းယူႏုိင္တဲ့ အရည္အခ်င္းရွိ ကစားသမားေတြကို ပိုင္ဆုိင္ထားပါတယ္။ ဒီအေျခအေနမွာေတာ့ လီဗာပူးက သြင္းဂိုးေတြကို ရယူဖို႔ ခက္ခဲေနေပမယ့္ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ေတာ့ လုပ္ႏုိင္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။