လီဗာပူးကို ထွက်ခွာလာမယ့် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ပက်သက်ပြီး နောက်ဆုံးရ အခြေအနေတစ်ရပ်ကို စပိန်သတင်းဌာန AS က သတင်းတစ်ရပ် ထုတ်ပြန်လာပါတယ်။

ပထမအကျော့မှာ ၁-၀ နဲ့ အနိုင်ရထားတဲ့ မက်ဒရစ် အခြေစိုက် အသင်းမှာ ပြီးခဲ့တဲ့ ဆီးဗီးလာနဲ့ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး မိုရာတာ အခြေအနေ ကောင်းနေပါတယ်။ သူဟာ လီဗာပူးကို လာရောက်မယ့် တီကိုအသင်းရဲ့ အသင်းသားအဖြစ် ပါဝင်လာမှာဖြစ်ပြီး ပွဲထွက်ကစားပေးနိုင်ဖို့ကိုတောင် မျှော်လင့်ထားနိုင်တယ်လို့ သိရတယ်။

ဆီးဗီးလာပွဲမှာပဲ ကြွက်သားဒဏ်ရာမျိုး ရှိထားခဲ့တဲ့ လိုဒီဟာလည်း ကလပ်အသင်းနဲ့ လေ့ကျင့်ရေးတော့ မလုပ်နိုင်သေးပေမယ့် အခြေအနေ ကောင်းမွန်နေတယ်လို့ သိရတယ်။ သူတို့နည်းတူ ဒဏ်ရာပြဿနာ ရှိထားတဲ့ ထရစ်ပီယာနဲ့ ဖီလစ်တို့ကလည်း အသင်းလိုက် လေ့ကျင့်ရေးမှာ ထပ်မံပြီး ပါဝင်နိုင်ခဲ့ကြပါတယ်။

မန်နေဂျာ ဆီမြွန်နီဟာ သူ့ရဲ့ လူစာရင်းမှာ တိုက်စစ်သမား သောမက်စ် လီမာကိုလည်း ခေါ်ယူလာမှာပါ။ ပြင်သစ်သားဟာ ပထမအကျော့မှာတုန်းက ပါဝင်နိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်တယ်။ အက်ပန်ညို၊ ဆီးဗီးလာပွဲတွေကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး အသင်းနဲ့ ထပ်မံ ပူးပေါက်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

တိုက်စစ်သမား မိုရာတာပါ ပြန်ကစားနိုင်မှာဖြစ်လို့ မန်နေဂျာ ဆီမြွန်နီဟာ သူ့ရဲ့ အသင်းသား အားလုံးနီးပါးကို လီဗာပူးနဲ့ ဒုတိယအကျော့မှာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ဒီညပိုင်းမှာ မီဒီယာတွေ့ဆုံမှု ပြုလုပ်မှာဖြစ်ပြီ ဒဏ်ရာပြဿနာတွေ ရှိထားတဲ့ ဟန်ဒါဆန်၊ ရော်ဘတ်ဆန်နဲ့ အယ်လီဆန်တို့ရဲ့ အခြေအနေနဲ့ ပါဝင်ပေးနိုင်မလားအပေါ် အဖြေပြန်ဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးကို ထြက္ခြာလာမယ့္ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ပက္သက္ျပီး ေနာက္ဆံုးရ အေျခအေနတစ္ရပ္ကို စပိန္သတင္းဌာန AS က သတင္းတစ္ရပ္ ထုတ္ျပန္လာပါတယ္။

ပထမအေက်ာ့မွာ ၁-၀ နဲ႔ အႏုိင္ရထားတဲ့ မက္ဒရစ္ အေျခစိုက္ အသင္းမွာ ျပီးခဲ့တဲ့ ဆီးဗီးလာနဲ႔ပြဲအတြင္း ဒဏ္ရာရခဲ့တဲ့ တိုက္စစ္မွဴး မိုရာတာ အေျခအေန ေကာင္းေနပါတယ္။ သူဟာ လီဗာပူးကို လာေရာက္မယ့္ တီကိုအသင္းရဲ႕ အသင္းသားအျဖစ္ ပါဝင္လာမွာျဖစ္ျပီး ပြဲထြက္ကစားေပးႏုိင္ဖို႔ကိုေတာင္ ေမွ်ာ္လင့္ထားႏုိင္တယ္လို႔ သိရတယ္။

ဆီးဗီးလာပြဲမွာပဲ ၾကြက္သားဒဏ္ရာမ်ိဳး ရွိထားခဲ့တဲ့ လိုဒီဟာလည္း ကလပ္အသင္းနဲ႔ ေလ့က်င့္ေရးေတာ့ မလုပ္ႏုိင္ေသးေပမယ့္ အေျခအေန ေကာင္းမြန္ေနတယ္လို႔ သိရတယ္။ သူတို႔နည္းတူ ဒဏ္ရာျပႆနာ ရွိထားတဲ့ ထရစ္ပီယာနဲ႔ ဖီလစ္တို႔ကလည္း အသင္းလိုက္ ေလ့က်င့္ေရးမွာ ထပ္မံျပီး ပါဝင္ႏုိင္ခဲ့ၾကပါတယ္။

မန္ေနဂ်ာ ဆီျမြန္နီဟာ သူ႔ရဲ႕ လူစာရင္းမွာ တိုက္စစ္သမား ေသာမက္စ္ လီမာကိုလည္း ေခၚယူလာမွာပါ။ ျပင္သစ္သားဟာ ပထမအေက်ာ့မွာတုန္းက ပါဝင္ႏုိင္ခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရတာျဖစ္တယ္။ အက္ပန္ညိဳ၊ ဆီးဗီးလာပြဲေတြကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ျပီး အသင္းနဲ႔ ထပ္မံ ပူးေပါက္းႏုိင္ခဲ့ျပီျဖစ္ပါတယ္။

တိုက္စစ္သမား မိုရာတာပါ ျပန္ကစားႏုိင္မွာျဖစ္လို႔ မန္ေနဂ်ာ ဆီျမြန္နီဟာ သူ႔ရဲ႕ အသင္းသား အားလံုးနီးပါးကို လီဗာပူးနဲ႔ ဒုတိယအေက်ာ့မွာ အသံုးျပဳလို႔ရမွာျဖစ္ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဒီညပိုင္းမွာ မီဒီယာေတြ႔ဆံုမႈ ျပဳလုပ္မွာျဖစ္ျပီ ဒဏ္ရာျပႆနာေတြ ရွိထားတဲ့ ဟန္ဒါဆန္၊ ေရာ္ဘတ္ဆန္နဲ႔ အယ္လီဆန္တို႔ရဲ႕ အေျခအေနနဲ႔ ပါဝင္ေပးႏုိင္မလားအေပၚ အေျဖျပန္ဖြယ္ ရွိပါတယ္။