ဒေါ့မွန်အသင်းမှာ တောက်ပနေတဲ့ ဆယ်ကျော်သက် တိုက်စစ်သမားလေး ဟာလန်က အိပ်မက်ဆိုးအဖြစ် ရင်ဆိုင်ရခက်ခဲတဲ့ ခံစစ်သမားအဖြစ် လီဗာပူးခံစစ်သမား ဗန်ဒိုက်ကို ညွှန်းဆိုသွားပါတယ်။

ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဟာလန်ဟာ ချန်ပီယံလိဂ်မှာ စတင်တောက်ပလာခဲ့သူဖြစ်တယ်။ သူ့ရဲ့ သွင်းဂိုး ရယူနိုင်စွမ်း မြင့်မားမှုကြောင့် ခံစစ်သမားတွေအတွက် ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာခဲ့ပေမယ့် ဟာလန်ကိုယ်တိုင်ကလည်း သူ ရင်ဆိုင်ဖို့ စိတ်ပျက်ရတဲ့ ခံစစ်သမားနာမည်ကို အမေးခံရစဉ်မှာ အခုလို ပြန်ဖြေခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးက ” ဗန်ဒိုက်ပါ။ ဗန်ဒိုက်က အရမ်းကောင်းတယ်၊ ပါဝါကောင်းတယ်၊ မြန်တယ်၊ ဘောလုံး ကိုင်ကစားနိုင်တဲ့ အရည်အချင်းကောင်းတွေရှိတယ်။ သူက မယုံနိုင်လောက်တဲ့ ကစားသမားကောင်းပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဟာလန်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၂ ပွဲကစားပြီး ကိုယ်တိုင် ဂိုး ၄၀ သွင်းယူကာ ဂိုးထောက်ပံ့မှု ၉ ကြိမ် ပြုလုပ်ထားနိုင်တာပါ။ သူဟာ အန်ဖီးကွင်းမှာ လီဗာပူးကို ၄-၃ နဲ့ အရေးနိမ့်စဉ် သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်စဉ်မှာတော့ ပုံမှန် ခြေစွမ်းအောက်ကို ကျဆင်းခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းကို အနာဂတ်မှာ ဟာလန်အား ခေါ်ယူသင့်တယ်လို့ ထောက်ပြမှုတွေ ရှိနေခဲ့ပြီး ဟာလန်ကိုယ်တိုင်က အနာဂတ်နဲ့ ပပက်သက်လို့ ” ဘာတွေဖြစ်မယ် မသိသေးပါဘူး။ ကျနော်မှာလည်း အိပ်မက်တွေ ရှိပါတယ်။ ဒါပေမယ့် ဒေါ့မွန်ကို ရောက်တာ မကြာသေးပါဘူး ဒီမှာ အရမ်းပျော်ပါတယ်။ ကစားရတဲ့ စက္ကန့်တိုင်းကို ပျော်ရွှင်နေပြီး အခြား ဘယ်လို အကြောင်းကိုမှ မတွေးထားပါဘူး ” လို့ ပြန်လည် ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေဒါ့မြန္အသင္းမွာ ေတာက္ပေနတဲ့ ဆယ္ေက်ာ္သက္ တိုက္စစ္သမားေလး ဟာလန္က အိပ္မက္ဆိုးအျဖစ္ ရင္ဆိုင္ရခက္ခဲတဲ့ ခံစစ္သမားအျဖစ္ လီဗာပူးခံစစ္သမား ဗန္ဒိုက္ကို ညႊန္းဆိုသြားပါတယ္။

ဆဲလ္ဘတ္ကေန ေဒါ့မြန္ကို ေျပာင္းေရႊ႔ခဲ့တဲ့ ဟာလန္ဟာ ခ်န္ပီယံလိဂ္မွာ စတင္ေတာက္ပလာခဲ့သူျဖစ္တယ္။ သူ႔ရဲ႕ သြင္းဂိုး ရယူႏုိင္စြမ္း ျမင့္မားမႈေၾကာင့္ ခံစစ္သမားေတြအတြက္ ခက္ခဲတဲ့ ျပိဳင္ဘက္ ျဖစ္လာခဲ့ေပမယ့္ ဟာလန္ကိုယ္တုိင္ကလည္း သူ ရင္ဆိုင္ဖို႔ စိတ္ပ်က္ရတဲ့ ခံစစ္သမားနာမည္ကို အေမးခံရစဥ္မွာ အခုလို ျပန္ေျဖခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ တိုက္စစ္မွဴးက ” ဗန္ဒိုက္ပါ။ ဗန္ဒိုက္က အရမ္းေကာင္းတယ္၊ ပါဝါေကာင္းတယ္၊ ျမန္တယ္၊ ေဘာလံုး ကိုင္ကစားႏုိင္တဲ့ အရည္အခ်င္းေကာင္းေတြရွိတယ္။ သူက မယံုႏုိင္ေလာက္တဲ့ ကစားသမားေကာင္းပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဟာလန္ဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု ၃၂ ပြဲကစားျပီး ကိုယ္တိုင္ ဂိုး ၄၀ သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၉ ၾကိမ္ ျပဳလုပ္ထားႏုိင္တာပါ။ သူဟာ အန္ဖီးကြင္းမွာ လီဗာပူးကို ၄-၃ နဲ႔ အေရးနိမ့္စဥ္ သြင္းဂိုးတစ္ဂိုး ရယူႏုိင္ခဲ့ေပမယ့္ အိမ္ကြင္းမွာ ၂-၀ နဲ႔ အေရးနိမ့္စဥ္မွာေတာ့ ပံုမွန္ ေျခစြမ္းေအာက္ကို က်ဆင္းခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းကို အနာဂတ္မွာ ဟာလန္အား ေခၚယူသင့္တယ္လို႔ ေထာက္ျပမႈေတြ ရွိေနခဲ့ျပီး ဟာလန္ကိုယ္တုိင္က အနာဂတ္နဲ႔ ပပက္သက္လို႔ ” ဘာေတြျဖစ္မယ္ မသိေသးပါဘူး။ က်ေနာ္မွာလည္း အိပ္မက္ေတြ ရွိပါတယ္။ ဒါေပမယ့္ ေဒါ့မြန္ကို ေရာက္တာ မၾကာေသးပါဘူး ဒီမွာ အရမ္းေပ်ာ္ပါတယ္။ ကစားရတဲ့ စကၠန္႔တိုင္းကို ေပ်ာ္ရႊင္ေနျပီး အျခား ဘယ္လို အေၾကာင္းကိုမွ မေတြးထားပါဘူး ” လို႔ ျပန္လည္ ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။