ဒီအပတ်မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ကြိုးစားရမှာပါ။

ပထမအကျော့ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းပွဲမှာ ၂ ဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေသလို အနည်းဆုံး ၁ ဂိုးသွင်းကာ ပြိုင်ဘက်ကို ဂိုးမပေးရဖို့ လိုအပ်နေတာဖြစ်တယ်။ မန်နေဂျာယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို ကိုင်တွယ်တဲ့ ကာလတစ်လျှောက်မှာ မည်သည့် ဥရောပပွဲကိုမဆို နှစ်ကျော့ပိုင်း ရလဒ်မှာ အရံှူးမရှိပဲ ဗိုလ်လုပွဲကို ၃ ကြိမ် တိုင်တိုင် တက်ရောက်ထားနိုင်တာဖြစ်တယ်။

ပထမအကျော့မှာ လီဗာပူးတိုက်စစ်က ခြိမ်းခြောက်နိုင်စွမ်း မဲ့ခဲ့ပေမယ့် အန်ဖီးကွင်းမှာတော့ သေချာပေါက် ဂိုးရယူနိုင်လိမ့်မယ်လို့ အိုဝင်က မြင်ပါတယ်။

မိုင်ကယ်အိုဝင်က ” ပထမအကျော့ မက်ဒရစ်မှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့တာက အရမ်းကို စိတ်ပျက်ဖွယ် ရလဒ်ဖြစ်တယ်လို့ လီဗာပူးဘက်က ခံစားခံရပါတယ်။ အခုချိန်မှာတော့ အန်ဖီးမှာ တီကိုရဲ့ နည်းစနစ်က အလုပ်ဖြစ်မယ်လို့ ကျနော်ကတော့ မမြင်ပါဘူး။

လီဗာပူးအသင်းဟာ ဥရောပပွဲတွေကို အသင်းပရိသတ်တွေရှေ့မှာ ဧည့်ခံကစားတိုင်း ဂိုးရယူနိုင်ခဲ့မြဲ ဖြစ်ပါတယ်။ ပထမအကျော့ရလဒ်ကို ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေက အကောင်းဆုံး တုန့်ပြန်ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် လုံလောက်တဲ့ အားသာချက်ကို ရယူသွားနိုင်မယ်လို့ မြင်ပါတယ် ” လို့ သုံးသပ် ပြောဆိုခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ တီကိုတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲမှာတော့ ပထမအကျော့ကို ခြေဖျက်ပြီး လီဗာပူးကပဲ နောက်တစ်ဆင့်ကို တက်သွားပါလိမ့်မယ်လို့ အိုဝင်က ခန့်မှန်းသွားခဲ့ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္ျပိဳင္ဘက္ အက္သလက္တီကို မက္ဒရစ္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားျပီး ကြာတားဖိုင္နယ္ကို တက္ေရာက္ႏုိင္ဖို႔ ၾကိဳးစားရမွာပါ။

ပထမအေက်ာ့ကို ၁-၀ နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ အိမ္ကြင္းပြဲမွာ ၂ ဂိုးျပတ္ အႏုိင္ရဖို႔ လိုအပ္ေနသလို အနည္းဆံုး ၁ ဂိုးသြင္းကာ ျပိဳင္ဘက္ကို ဂိုးမေပးရဖို႔ လိုအပ္ေနတာျဖစ္တယ္။ မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ လီဗာပူးအသင္းကို ကိုင္တြယ္တဲ့ ကာလတစ္ေလွ်ာက္မွာ မည္သည့္ ဥေရာပပြဲကိုမဆို ႏွစ္ေက်ာ့ပိုင္း ရလဒ္မွာ အရံွဴးမရွိပဲ ဗိုလ္လုပြဲကို ၃ ၾကိမ္ တိုင္တိုင္ တက္ေရာက္ထားႏုိင္တာျဖစ္တယ္။

ပထမအေက်ာ့မွာ လီဗာပူးတိုက္စစ္က ျခိမ္းေျခာက္ႏုိင္စြမ္း မဲ့ခဲ့ေပမယ့္ အန္ဖီးကြင္းမွာေတာ့ ေသခ်ာေပါက္ ဂိုးရယူႏုိင္လိမ့္မယ္လို႔ အိုဝင္က ျမင္ပါတယ္။

မိုင္ကယ္အိုဝင္က ” ပထမအေက်ာ့ မက္ဒရစ္မွာ ၁-၀ နဲ႔ အေရးနိမ့္ခဲ့တာက အရမ္းကို စိတ္ပ်က္ဖြယ္ ရလဒ္ျဖစ္တယ္လို႔ လီဗာပူးဘက္က ခံစားခံရပါတယ္။ အခုခ်ိန္မွာေတာ့ အန္ဖီးမွာ တီကိုရဲ႕ နည္းစနစ္က အလုပ္ျဖစ္မယ္လို႔ က်ေနာ္ကေတာ့ မျမင္ပါဘူး။

လီဗာပူးအသင္းဟာ ဥေရာပပြဲေတြကို အသင္းပရိသတ္ေတြေရွ႔မွာ ဧည့္ခံကစားတိုင္း ဂိုးရယူႏုိင္ခဲ့ျမဲ ျဖစ္ပါတယ္။ ပထမအေက်ာ့ရလဒ္ကို ယာဂင္ကေလာ့ပ္ရဲ႕ အသင္းသားေတြက အေကာင္းဆံုး တုန္႔ျပန္ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ဖုိ႔အတြက္ လံုေလာက္တဲ့ အားသာခ်က္ကို ရယူသြားႏုိင္မယ္လို႔ ျမင္ပါတယ္ ” လို႔ သံုးသပ္ ေျပာဆိုခဲ့တာျဖစ္တယ္။

လီဗာပူးနဲ႔ တီကိုတို႔ရဲ႕ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ပြဲမွာေတာ့ ပထမအေက်ာ့ကို ေျခဖ်က္ျပီး လီဗာပူးကပဲ ေနာက္တစ္ဆင့္ကို တက္သြားပါလိမ့္မယ္လို႔ အိုဝင္က ခန္႔မွန္းသြားခဲ့ပါတယ္။