ရော်ဘတ်ဆန် “ ကလပ်ဟာ နှစ်ပေါင်း ၃၀ လောက် ခံစားခဲ့ရတယ်။ လီဗာပူးကို ထိပ်ဆုံးအဆင့်တွေထံ ပြန်ရောက်စေချင်ပါတယ်။ ဒါက ကျနေ်ာတို့ရဲ့ ရည်မှန်းချက်ဖြစ်ပြီး ကျနော်တို့က အရမ်းကို ရင်းနှီးကြတဲ့ အစုအဖွဲ့ဖြစ်တာကြောင့် အမှတ်ပေးဖလားကို အတူတကွ အောင်ပွဲခံတာထက် ပိုကောင်းမှာ မရှိတော့ပါဘူး။ ” လို့ဆိုပါတယ်။

ယူနိုက်တက်မန်နေဂျာဆိုးရှားက သူ့အသင်းဟာ လီဗာပူးအသင်းကို ယှဉ်ပြိုင်နိုင်ပြီလို့ ယုံကြည်နေကြောင်း မန်စီးတီးကို အနိုင်ယူအပြီးမှာ ထုတ်ပြောသွားပါတယ်။

အီတလီမှာ ပြည်တွင်းအားကစားပွဲတွေ အားလုံးကို သုံးရက် ရပ်နားဖို့ အာဏာပိုင်တွေက အမိန့်ချလိုက်ပါပြီ။ ကွင်းပိတ်ကန်နေပေမယ့် ပိုမိုထိရောက်တဲ့ နည်းလမ်းအဖြစ် နိုင်ငံအနှံ့အပြားကို ပိတ်ချမှုတွေ စတင်လိုက်တာဖြစ်ပါတယ်။

ဗြိတိန်ဟာ အီတလီမှာလို ဘောလုံးပြိုင်ပွဲတွေကို ရပ်နားလိုက်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့်လည်း ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ အကြံပေးချက်တွေကိုတော့ လိုက်နာမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်း တောင်ပံသမားဟောင်း ရီအဲရာက ပထမအကျော့မှာ တီကိုက လီဗာပူးကို ဂိုးသွင်းနိုင်ခဲ့ပေမယ့် အန်ဖီးကွင်းမှာတော့ အဲ့လို လုပ်ဖို့ မလွယ်ကူကြောင်းနဲ့ အန်ဖီးကွင်းမှာဆိုရင် ခြေစွမ်း မကောင်းရင်တောင် လီဗာပူးက အနိုင်ယူဖို့ ခက်တယ်လို့ ဆိုလိုက်ပါတယ်။

တီကိုမှာ ဒဏ်ရာပြဿနာတွေ အနည်းငယ် ရှိနေပြီး တိုက်စစ်မှူး မိုရာတာ ပါဝင်နိုင်မှာ မဟုတ်သလို လီမာနဲ့ လိုဒီတို့ကလည်း ရာနှုန်းပြည့် ကြံ့ခိုင်နေကြခြင်း မရှိပါဘူး။ ဖီလစ်နဲ့ ကော်စတာကတော့ ပါဝင်လာဖို့ များပါတယ်။

လီဗာပူးအသင်းဟာ မေလ ၁၈ ရက်နေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူးမြို့အတွင်း လည်ပတ်မှုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့်လို့ အသင်းပရိသတ် ၁ သန်းနီးပါး တက်ရောက်မယ့်လို့ ခန့်မှန်းထားတဲ့ အဆိုပါ ကိစ္စအတွက် ဆုံးဖြတ်မှုတွေကို ထပ်လုပ်ရဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းစီအီးအို ပီတာမိုးက အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုမှာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ရင်လည်း ကလပ်ရဲ့ Champions Wall က အမှတ်ပေးဖလား ၁၈ လုံးနေရာမှာ နံပါတ် ၁၉ ကိုပဲ ပြောင်းလဲတပ်ဆင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ZAWGYI

ေရာ္ဘတ္ဆန္ “ ကလပ္ဟာ ႏွစ္ေပါင္း ၃၀ ေလာက္ ခံစားခဲ့ရတယ္။ လီဗာပူးကို ထိပ္ဆံုးအဆင့္ေတြထံ ျပန္ေရာက္ေစခ်င္ပါတယ္။ ဒါက က်ေန္ာတို႔ရဲ႕ ရည္မွန္းခ်က္ျဖစ္ျပီး က်ေနာ္တို႔က အရမ္းကို ရင္းႏွီးၾကတဲ့ အစုအဖြဲ႔ျဖစ္တာေၾကာင့္ အမွတ္ေပးဖလားကို အတူတကြ ေအာင္ပြဲခံတာထက္ ပိုေကာင္းမွာ မရွိေတာ့ပါဘူး။ ” လို႔ဆိုပါတယ္။

ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားက သူ႔အသင္းဟာ လီဗာပူးအသင္းကို ယွဥ္ျပိဳင္ႏုိင္ျပီလို႔ ယံုၾကည္ေနေၾကာင္း မန္စီးတီးကို အႏုိင္ယူအျပီးမွာ ထုတ္ေျပာသြားပါတယ္။

အီတလီမွာ ျပည္တြင္းအားကစားပြဲေတြ အားလံုးကို သံုးရက္ ရပ္နားဖို႔ အာဏာပိုင္ေတြက အမိန္႔ခ်လိုက္ပါျပီ။ ကြင္းပိတ္ကန္ေနေပမယ့္ ပိုမိုထိေရာက္တဲ့ နည္းလမ္းအျဖစ္ ႏုိင္ငံအႏွံ႔အျပားကို ပိတ္ခ်မႈေတြ စတင္လိုက္တာျဖစ္ပါတယ္။

ျဗိတိန္ဟာ အီတလီမွာလို ေဘာလံုးျပိဳင္ပြဲေတြကို ရပ္နားလိုက္ဖို႔ အစီအစဥ္မရွိေသးပါဘူး။ ဒါေပမယ့္လည္း က်န္းမာေရးဆုိင္ရာ ပုဂၢိဳလ္ေတြရဲ႕ အၾကံေပးခ်က္ေတြကိုေတာ့ လိုက္နာမႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္း ေတာင္ပံသမားေဟာင္း ရီအဲရာက ပထမအေက်ာ့မွာ တီကိုက လီဗာပူးကို ဂိုးသြင္းႏုိင္ခဲ့ေပမယ့္ အန္ဖီးကြင္းမွာေတာ့ အဲ့လို လုပ္ဖို႔ မလြယ္ကူေၾကာင္းနဲ႔ အန္ဖီးကြင္းမွာဆိုရင္ ေျခစြမ္း မေကာင္းရင္ေတာင္ လီဗာပူးက အႏိုင္ယူဖို႔ ခက္တယ္လို႔ ဆိုလိုက္ပါတယ္။

တီကိုမွာ ဒဏ္ရာျပႆနာေတြ အနည္းငယ္ ရွိေနျပီး တိုက္စစ္မွဴး မိုရာတာ ပါဝင္ႏုိင္မွာ မဟုတ္သလို လီမာနဲ႔ လိုဒီတို႔ကလည္း ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနၾကျခင္း မရွိပါဘူး။ ဖီလစ္နဲ႔ ေကာ္စတာကေတာ့ ပါဝင္လာဖို႔ မ်ားပါတယ္။

လီဗာပူးအသင္းဟာ ေမလ ၁၈ ရက္ေန႔မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ လီဗာပူးၿမိဳ႕အတြင္း လည္ပတ္မႈလုပ္ဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္လို႔ အသင္းပရိသတ္ ၁ သန္းနီးပါး တက္ေရာက္မယ့္လို႔ ခန႔္မွန္းထားတဲ့ အဆိုပါ ကိစၥအတြက္ ဆုံးျဖတ္မႈေတြကို ထပ္လုပ္ရဖို႔ ရွိေနပါတယ္။

လီဗာပူးအသင္းစီအီးအို ပီတာမိုးက အသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးမႈမွာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရခဲ့ရင္လည္း ကလပ္ရဲ႕ Champions Wall က အမွတ္ေပးဖလား ၁၈ လုံးေနရာမွာ နံပါတ္ ၁၉ ကိုပဲ ေျပာင္းလဲတပ္ဆင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။