ကွင်းလယ်လူ ဝဲလ်ဆန်က အန်ဖီးကွင်းက လီဗာပူးနဲ့ ဘုန်းမောက်ပွဲကို လီဗာပူးဂျာစီ ဝတ်ဆင်ပြီး ကြည့်ရှုခဲ့တာက ဘယ်လို သဘောထားမှ မပါဝင်ပဲ ချမ်းနေချိန်မှာ ကွင်းအောက်က ဘုန်းမောက်အသင်းကို ဒုက္ခမပေးလိုတာကြောင့် အနားက အသင်းဝန်ထမ်းထံက အနွေးထည် တောင်းဝတ်ခဲ့ခြင်းပဲဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အဆိုပါမြင်ကွင်းက လီဗာပူးပရိသတ်တွေကို နှစ်သက်စေခဲ့ပေမယ့် တစ်ဘက်မှာကလည်း အငှားကစားနေတဲ့ ဘုန်းမောက်အသင်း ပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်နေရတာပါ။ ဝဲလ်ဆန်ကတော့ အခြေအနေအရ ယူဝတ်ခဲ့ခြင်းပဲဖြစ်ကြောင်းကို ရှင်းပြခဲ့တာဖြစ်တယ်။

ဝဲလ်ဆန်ကပဲ ” ဘုန်းမောက်အသင်းပရိသတ်တွေက အဝေးကွင်းကို လိုက်ပါ အားပေးကြပြီး အသင်းဖော်တွေကလည်း အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ ရလဒ်က ဒီထက်တော့ ပိုပြီး ထိုက်တန်ခဲ့ပေမယ့် မရလိုက်ဘူး။ ဆက်ပြီးတော့ ကြိုးစားသွားရမှာပါပဲ။ တီဗီမှာ ကျနော်ကို လီဗာပူးဂျာစီနဲ့ တွေ့လိုက်တာအတွက် ဘုန်းမောက်ပရိသတ်တွေက ဒေါသထွက်နေကြတယ်လို့ သိရတယ်။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော်က ချမ်းနေလို့ အနားက လီဗာပူးအသင်း ဝန်ထမ်းကို ဂျက်ကတ်တစ်ထည် တောင်းခဲ့တာပါ။ ဘုန်းမောက်အသင်းသားတွေ ကွင်းထဲမှာ ကြိုးစားနေချိန်မှာ ကျနော် အနှောက်အယှက် မပေးချင်လို့ လီဗာပူးတာဝန်ရှိသူကိုပဲ အနွေးထည် တောင်းခဲ့တာဖြစ်ပြီး ဒါထက် မပိုပါဘူး။ နောက်အပတ်မှာ ပြန်လည် ကစားရဖို့ မစောင့်နိုင်တော့ပါဘူး ” လို့ လူမှုကွန်ယက်ကနေတစ်ဆင့် ရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

ဝဲလ်ဆန်ဟာ ပုံမှန်ပွဲကစားခွင့်အတွက် လီဗာပူးကနေ ဘုန်းမောက်ကို တစ်ရာသီ အငှားထွက်နေတာပါ။ နှစ်သင်း စာချုပ်မျာ အပြီးသတ် ခေါ်ယူခွင့် မပါဝင်ပေမယ့် အသက် ၂၂ နှစ်အရွယ် ကစားသမားလေးရဲ့ အနာဂတ်ကို နွေမှာ ကလပ်ဘက်က ညိနှိုင်း ဆုံးဖြတ်ပေးမှာဖြစ်တယ်။

ဝဲလ်ဆန်ကပဲ “ နွေမှာတော့ ဆုံးဖြတ်ချက် လုပ်ရမယ်လို့ ခံစားမိနေပါတယ်။ ဒီရာသီ အငှားထွက်မှုက အကောင်းမြင်လို့ရပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရခဲ့ပြီဖြစ်ပြီး ဆက်ပြီးလည်း အလုပ်လုပ်ဖို့ အာရုံစိုက်နေတယ်။ နွေကျရင် ဝေလ်းအသင်းနဲ့ ဆက်သွယ်မှု လုပ်ရပါမယ်။ အဲ့တာပြီးရင်တော့ အနာဂတ်အတွက် ဆုံးဖြတ်ရမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ကြင္းလယ္လူ ဝဲလ္ဆန္က အန္ဖီးကြင္းက လီဗာပူးနဲ႔ ဘုန္းေမာက္ပြဲကို လီဗာပူးဂ်ာစီ ဝတ္ဆင္ျပီး ၾကည့္ရႈခဲ့တာက ဘယ္လို သေဘာထားမွ မပါဝင္ပဲ ခ်မ္းေနခ်ိန္မွာ ကြင္းေအာက္က ဘုန္းေမာက္အသင္းကို ဒုကၡမေပးလိုတာေၾကာင့္ အနားက အသင္းဝန္ထမ္းထံက အေႏြးထည္ ေတာင္းဝတ္ခဲ့ျခင္းပဲျဖစ္တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။

အဆိုပါျမင္ကြင္းက လီဗာပူးပရိသတ္ေတြကို ႏွစ္သက္ေစခဲ့ေပမယ့္ တစ္ဘက္မွာကလည္း အငွားကစားေနတဲ့ ဘုန္းေမာက္အသင္း ပရိသတ္ေတြရဲ႕ ေဒါသကို ရင္ဆိုင္ေနရတာပါ။ ဝဲလ္ဆန္ကေတာ့ အေျခအေနအရ ယူဝတ္ခဲ့ျခင္းပဲျဖစ္ေၾကာင္းကို ရွင္းျပခဲ့တာျဖစ္တယ္။

ဝဲလ္ဆန္ကပဲ ” ဘုန္းေမာက္အသင္းပရိသတ္ေတြက အေဝးကြင္းကို လိုက္ပါ အားေပးၾကျပီး အသင္းေဖာ္ေတြကလည္း အေကာင္းဆံုး လုပ္ေဆာင္ခဲ့ၾကပါတယ္။ ရလဒ္က ဒီထက္ေတာ့ ပိုျပီး ထိုက္တန္ခဲ့ေပမယ့္ မရလိုက္ဘူး။ ဆက္ျပီးေတာ့ ၾကိဳးစားသြားရမွာပါပဲ။ တီဗီမွာ က်ေနာ္ကို လီဗာပူးဂ်ာစီနဲ႔ ေတြ႔လိုက္တာအတြက္ ဘုန္းေမာက္ပရိသတ္ေတြက ေဒါသထြက္ေနၾကတယ္လို႔ သိရတယ္။

ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ က်ေနာ္က ခ်မ္းေနလို႔ အနားက လီဗာပူးအသင္း ဝန္ထမ္းကို ဂ်က္ကတ္တစ္ထည္ ေတာင္းခဲ့တာပါ။ ဘုန္းေမာက္အသင္းသားေတြ ကြင္းထဲမွာ ၾကိဳးစားေနခ်ိန္မွာ က်ေနာ္ အေႏွာက္အယွက္ မေပးခ်င္လို႔ လီဗာပူးတာဝန္ရွိသူကိုပဲ အေႏြးထည္ ေတာင္းခဲ့တာျဖစ္ျပီး ဒါထက္ မပိုပါဘူး။ ေနာက္အပတ္မွာ ျပန္လည္ ကစားရဖို႔ မေစာင့္ႏုိင္ေတာ့ပါဘူး ” လို႔ လူမႈကြန္ယက္ကေနတစ္ဆင့္ ရွင္းျပသြားခဲ့တာျဖစ္ပါတယ္။

ဝဲလ္ဆန္ဟာ ပံုမွန္ပြဲကစားခြင့္အတြက္ လီဗာပူးကေန ဘုန္းေမာက္ကို တစ္ရာသီ အငွားထြက္ေနတာပါ။ ႏွစ္သင္း စာခ်ဳပ္မ်ာ အျပီးသတ္ ေခၚယူခြင့္ မပါဝင္ေပမယ့္ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားေလးရဲ႕ အနာဂတ္ကို ေႏြမွာ ကလပ္ဘက္က ညိႏိႈင္း ဆံုးျဖတ္ေပးမွာျဖစ္တယ္။

ဝဲလ္ဆန္ကပဲ “ ေႏြမွာေတာ့ ဆံုးျဖတ္ခ်က္ လုပ္ရမယ္လို႔ ခံစားမိေနပါတယ္။ ဒီရာသီ အငွားထြက္မႈက အေကာင္းျမင္လို႔ရပါတယ္။ ပရီးမီးယားလိဂ္မွာ ကစားခြင့္ ရခဲ့ျပီျဖစ္ျပီး ဆက္ျပီးလည္း အလုပ္လုပ္ဖို႔ အာရံုစိုက္ေနတယ္။ ေႏြက်ရင္ ေဝလ္းအသင္းနဲ႔ ဆက္သြယ္မႈ လုပ္ရပါမယ္။ အဲ့တာျပီးရင္ေတာ့ အနာဂတ္အတြက္ ဆံုးျဖတ္ရမွာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။