လီဗာပူးဟာ နွေအပြောင်းအရွှေ့မှာတော့ ကစားသမားကောင်း အချို့ကို ခေါ်ယူသွားမှာဖြစ်ပြီး အဓိက အားဖြင့် တိုက်စစ်ပိုင်းကို သေချာပေါက် ဖြည့်တင်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လီဗာပူးက ဦးစားပေးအဖြစ် တီမိုဝါနာကို ချိန်ရွယ်နေတာဖစ်ပြီး ဂျာမနီတိုက်စစ်သမားဟာ ယာဂင်ကလော့ပ်ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ သတင်းတွေကို အကောင်းမြင်မှုတွေ တုန့်ပြန်ထားတာပါ။ နောက်ဆက်တွဲအားဖြင့် လိုက်ဇစ်အသင်းဟာ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် ဝါနာကို ၎င်းတို့ရဲ့ ပွဲထွက်လူစာရင်းကနေ ထုတ်ပယ်ထားခဲ့ပြီဖြစ်ပါတယ်။

ဝုဒ်ဘတ်ကို သရေကျတဲ့ပွဲမှာ ဝါနာကို အရန်စာရင်းမှာပဲ ထားခဲ့ပေမယ့် လူစားဝင် ကစားသမားအဖြစ် ထုတ်သုံးခဲ့ပြီး ဒီကိစ္စဟာ လူပြောများစရာ ကိစ္စ ဖြစ်လာခဲ့တယ်။ ပွဲအပြီးမှာ ဝါနာက ” ကျနော်က ထိပ်တန်းအသင်းတစ်သင်းမှာ ကစားနိုင်စွမ်း ရှိမယ်လို့ ထင်ပါတယ် ” လို့ အင်္ဂလန်ကို ပြောင်းမယ်ကိစ္စတွေကို ရည်ရွယ်ပြီး ပြောပါတယ်။

“ ထိပ်တန်းအသင်းတွေမှာ ခြားနားတဲ့ နည်းလမ်းတွေ ရှိမှာပါ။ ကိုယ်က ချန်ပီယံဖြစ်ဖို့နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲထံ သွားရောက်ဖို့အပြင် ဆုဖလားတွေကို အနိုင်ရဖို့ လိုပါမယ်။ ရရမယ်ဆိုတဲ့ စကားလုံးကို သုံးလိုက်တည်းက ဖိအားတွေက လုံးဝ မတူတော့ပဲ ပိုများလာပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဝါနာတစ်ဦးတည်းကပဲ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်း ထွက်နေတာကို ကျေနပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီရာသီ ဘင်ဖီကာမှာ တောက်ပနေပြီး ကိုယ်တိုင် ၁၅ ဂိုး သွင်းယူထားတဲ့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမား ဗင်နီးဆီးရက်စ်ကိုလည်း လီဗာပူးက စိတ်ဝင်စားနေသေးတာပါ။

ဗင်နီးဆီးရက်စ်ကတော့ “ လီဗာပူးနဲ့ သတင်းတွေကို ပျော်ပါတယ်။ ဒါပေမယ့် လက်တလောကိုပဲ အာရုံစိုက်ထားတယ်။ ကျနော် ပျော်ပေမယ့် နေ့စဉ်ရလဒ်တွေက ပိုပြီး ချိမြိန်ပါတယ်။ လက်ရှိကိုပဲ အာရုံစိုက်ထားပြီး မှန်ကန်တဲ့ အခြေအနေမှပဲ မနက်ဖြန်ကို အာရုံစိုက်မှာပါ။ ကျနော် ပိုပြီး အာရုံစိုက်မယ်ဆိုင် ပိုပြီး အောင်မြင်မှာဖြစ်ပြီး ဒါက ကျနေ်ာကို တွန်းအားပေးနိုင်စွမ်း ရှိနေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ ေႏြအေျပာင္းအေရႊ႔မွာေတာ့ ကစားသမားေကာင္း အခ်ိဳ႕ကို ေခၚယူသြားမွာျဖစ္ျပီး အဓိက အားျဖင့္ တိုက္စစ္ပိုင္းကို ေသခ်ာေပါက္ ျဖည့္တင္းမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

လီဗာပူးက ဦးစားေပးအျဖစ္ တီမိုဝါနာကို ခ်ိန္ရြယ္ေနတာဖစ္ျပီး ဂ်ာမနီတိုက္စစ္သမားဟာ ယာဂင္ကေလာ့ပ္ရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ သတင္းေတြကို အေကာင္းျမင္မႈေတြ တုန္႔ျပန္ထားတာပါ။ ေနာက္ဆက္တြဲအားျဖင့္ လိုက္ဇစ္အသင္းဟာ ဒီရာသီ ပထမဆံုးအၾကိမ္အျဖစ္ ဝါနာကို ၄င္းတို႔ရဲ႕ ပြဲထြက္လူစာရင္းကေန ထုတ္ပယ္ထားခဲ့ျပီျဖစ္ပါတယ္။

ဝုဒ္ဘတ္ကို သေရက်တဲ့ပြဲမွာ ဝါနာကို အရန္စာရင္းမွာပဲ ထားခဲ့ေပမယ့္ လူစားဝင္ ကစားသမားအျဖစ္ ထုတ္သံုးခဲ့ျပီး ဒီကိစၥဟာ လူေျပာမ်ားစရာ ကိစၥ ျဖစ္လာခဲ့တယ္။ ပြဲအျပီးမွာ ဝါနာက ” က်ေနာ္က ထိပ္တန္းအသင္းတစ္သင္းမွာ ကစားႏိုင္စြမ္း ရွိမယ္လို႔ ထင္ပါတယ္ ” လို႔ အဂၤလန္ကို ေျပာင္းမယ္ကိစၥေတြကို ရည္ရြယ္ျပီး ေျပာပါတယ္။

“ ထိပ္တန္းအသင္းေတြမွာ ျခားနားတဲ့ နည္းလမ္းေတြ ရွိမွာပါ။ ကိုယ္က ခ်န္ပီယံျဖစ္ဖို႔နဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲထံ သြားေရာက္ဖို႔အျပင္ ဆုဖလားေတြကို အႏုိင္ရဖို႔ လိုပါမယ္။ ရရမယ္ဆိုတဲ့ စကားလံုးကို သံုးလိုက္တည္းက ဖိအားေတြက လံုးဝ မတူေတာ့ပဲ ပိုမ်ားလာပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဝါနာတစ္ဦးတည္းကပဲ လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္း ထြက္ေနတာကို ေက်နပ္ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒီရာသီ ဘင္ဖီကာမွာ ေတာက္ပေနျပီး ကိုယ္တိုင္ ၁၅ ဂိုး သြင္းယူထားတဲ့ အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္သမား ဗင္နီးဆီးရက္စ္ကိုလည္း လီဗာပူးက စိတ္ဝင္စားေနေသးတာပါ။

ဗင္နီးဆီးရက္စ္ကေတာ့ “ လီဗာပူးနဲ႔ သတင္းေတြကို ေပ်ာ္ပါတယ္။ ဒါေပမယ့္ လက္တေလာကိုပဲ အာရံုစိုက္ထားတယ္။ က်ေနာ္ ေပ်ာ္ေပမယ့္ ေန႔စဥ္ရလဒ္ေတြက ပိုျပီး ခ်ိျမိန္ပါတယ္။ လက္ရွိကိုပဲ အာရံုစိုက္ထားျပီး မွန္ကန္တဲ့ အေျခအေနမွပဲ မနက္ျဖန္ကို အာရံုစိုက္မွာပါ။ က်ေနာ္ ပိုျပီး အာရံုစိုက္မယ္ဆိုင္ ပိုျပီး ေအာင္ျမင္မွာျဖစ္ျပီး ဒါက က်ေန္ာကို တြန္းအားေပးႏုိင္စြမ္း ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။