ဒီအပတ် အန်ဖီးကွင်းမှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ကို ဧည့်ခံပြီး ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ပထမအကျော့မှာတုန်းက လီဗာပူးက ၁-၀ နဲ့ အရေးနိမ့်ထားတာကြောင့် ဒုတိယအကျော့မှာ ပြိုင်ဘက်ကို ဂိုးမပေးရဖို့ လိုသလို ၂-၀ ရလဒ် (သို့) ၃-၁ ရလဒ်တွေနဲ့မှ နောက်တစ်ဆင့်ကို တက်မှာဖြစ်တယ်။ အနည်းဆုံးသော ကိုယ်က ၁ ဂိုးပဲ သွင်းနိုင်ရင်လည်း ပြိုင်ဘက်ကို ဂိုးမပေးရဖို့ လိုအပ်မှာဖြစ်ပါတယ်။

တီကို ကွင်းလယ်လူ ကိုကီက ” လီဗာပူးက ရံှူးပွဲအနည်းငယ် တွေ့ထားတယ် ဒါပေမယ့် ချန်ပီယံလိဂ်မှာတေ့ာ ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ပါဘူး။ တူရင်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကနေ ကျနေ်ာတို့ သင်ယူရပါမယ်။ အဲ့တာမျိုး ထပ်အဖြစ်ခံလို့ မရပါဘူး။ ဘယ်အချိန်မဆို အဲ့လို အဖြစ်ခံလို့ မဖြစ်ဘူး။ ကျနေ်ာတို့ ရန်လိုစွာ ကစားနိုင်ရင် လီဗာပူးကို ရင်ဆိုင်နိုင်ပါလိမ့်မယ်။

အန်ဖီးကွင်းမှာ သက်သောင့်သက်သာနဲ့ ကစားနေလို့ မရပါဘူး။ ဘာမဆိုဖြစ်နိုင်ပြီး ကျနေ်ာတို့ကလည်း ကိုယ်ဘာသာ အက်သလက်တီကိုတွေပါဆိုတာကို မေ့လို့ မရပါဘူး ” လို့ ဆိုပါတယ်။

လီဗာပူးဟာ နောက်ဆုံး ယှဉ်ပြိုင်ကစားတဲ့ အဝေးကွင်း သုံးပွဲဆက်ကို အရေးနိမ့်ခဲ့ပေမယ့် ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ရတဲ့ အိမ်ကွင်းပွဲကိုတော့ ၂-၁ နဲ့ အနိုင်ယူထားပါတယ်။ ပရီးမီးယားလိဂ်မှာတော့ လီဗာပူးရဲ့ အိမ်ကွင်း နိုင်ပွဲက ၂၂ ပွဲဆက်ထိကို ရှိလာနေခဲ့လို့ အိမ်ကွင်းအား ကောင်းတာကိုတော့ အထူး ပြောစရာ မလိုပါဘူး။

တီကိုကွင်းလယ်လူ မာကိုစ့် လော်ရန်တေကလည်း ” သူတို့ပွဲတွေကို ကျနော် မကြည့်ရဘူး။ ရလဒ်တွေကိုတော့ သိထားပါတယ်။ ဒါပေမယ့် ဒါက ချန်ပီယံလိဂ်ပါ ခြားနားတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်။ ဒီပွဲက ခက်ခဲပါလိမ့်မယ်။ မက်ဒရစ်မှာတော့ ကျနေ်ာတို့အတွက် ဖြစ်ခဲ့တယ်၊ အန်ဖီးမှာလည်း ကျနေ်ာတို့တွေ အကောင်းဆုံးကို မလျော့တမ်း လုပ်နိုင်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ အန္ဖီးကြင္းမွာေတာ့ လီဗာပူးဟာ ခ်န္ပီယံလိဂ္ျပိဳင္ဘက္ အက္သလက္တီကို မက္ဒရစ္ကို ဧည့္ခံျပီး ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ကို ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

ပထမအေက်ာ့မွာတုန္းက လီဗာပူးက ၁-၀ နဲ႔ အေရးနိမ့္ထားတာေၾကာင့္ ဒုတိယအေက်ာ့မွာ ျပိဳင္ဘက္ကို ဂိုးမေပးရဖို႔ လိုသလို ၂-၀ ရလဒ္ (သို႔) ၃-၁ ရလဒ္ေတြနဲ႔မွ ေနာက္တစ္ဆင့္ကို တက္မွာျဖစ္တယ္။ အနည္းဆံုးေသာ ကိုယ္က ၁ ဂိုးပဲ သြင္းႏုိင္ရင္လည္း ျပိဳင္ဘက္ကို ဂိုးမေပးရဖို႔ လိုအပ္မွာျဖစ္ပါတယ္။

တီကို ကြင္းလယ္လူ ကိုကီက ” လီဗာပူးက ရံွဴးပြဲအနည္းငယ္ ေတြ႔ထားတယ္ ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာေတ့ာ ဘာသက္ေရာက္မႈမွ ရွိမွာ မဟုတ္ပါဘူး။ တူရင္မွာ ဘာျဖစ္ခဲ့တယ္ဆိုတာကေန က်ေန္ာတို႔ သင္ယူရပါမယ္။ အဲ့တာမ်ိဳး ထပ္အျဖစ္ခံလို႔ မရပါဘူး။ ဘယ္အခ်ိန္မဆို အဲ့လို အျဖစ္ခံလို႔ မျဖစ္ဘူး။ က်ေန္ာတို႔ ရန္လိုစြာ ကစားႏုိင္ရင္ လီဗာပူးကို ရင္ဆိုင္ႏုိင္ပါလိမ့္မယ္။

အန္ဖီးကြင္းမွာ သက္ေသာင့္သက္သာနဲ႔ ကစားေနလို႔ မရပါဘူး။ ဘာမဆိုျဖစ္ႏုိင္ျပီး က်ေန္ာတုိ႔ကလည္း ကိုယ္ဘာသာ အက္သလက္တီကိုေတြပါဆိုတာကို ေမ့လို႔ မရပါဘူး ” လို႔ ဆိုပါတယ္။

လီဗာပူးဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ကစားတဲ့ အေဝးကြင္း သံုးပြဲဆက္ကို အေရးနိမ့္ခဲ့ေပမယ့္ ဘုန္းေမာက္နဲ႔ ယွဥ္ျပိဳင္ရတဲ့ အိမ္ကြင္းပြဲကိုေတာ့ ၂-၁ နဲ႔ အႏုိင္ယူထားပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ လီဗာပူးရဲ႕ အိမ္ကြင္း ႏုိင္ပြဲက ၂၂ ပြဲဆက္ထိကို ရွိလာေနခဲ့လို႔ အိမ္ကြင္းအား ေကာင္းတာကိုေတာ့ အထူး ေျပာစရာ မလိုပါဘူး။

တီကိုကြင္းလယ္လူ မာကိုစ့္ ေလာ္ရန္ေတကလည္း ” သူတို႔ပြဲေတြကို က်ေနာ္ မၾကည့္ရဘူး။ ရလဒ္ေတြကိုေတာ့ သိထားပါတယ္။ ဒါေပမယ့္ ဒါက ခ်န္ပီယံလိဂ္ပါ ျခားနားတဲ့ ျပိဳင္ပြဲတစ္ရပ္ ျဖစ္ပါတယ္။ ဒီပြဲက ခက္ခဲပါလိမ့္မယ္။ မက္ဒရစ္မွာေတာ့ က်ေန္ာတို႔အတြက္ ျဖစ္ခဲ့တယ္၊ အန္ဖီးမွာလည္း က်ေန္ာတို႔ေတြ အေကာင္းဆံုးကို မေလ်ာ့တမ္း လုပ္ႏုိင္ရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။