စနေနေ့က ဘုန်းမောက်ကို နိုင်လိုက်တဲ့နောက် လီဗာပူးအသင်းဟာ နိုင်ပွဲရလိုစိတ်တွေ ပြန်လည် ရလာပြီ ဖြစ်ကြောင်း ဂိုးသမား အက်ဒရီယန်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ အခြေအနေကောင်းနေပေမယ့် ချန်ပီယံလိဂ်မှာတော့ မရေရာသေးဘဲ ရှုံးထွက် ပထမအကျော့မှာ အက်သလက်တီကို မက်ဒရစ်ကို ရှုံးနိမ့်ထားပြီး ဒုတိယအကျော့မှာ အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ဒီတပတ် ဘုန်းမောက်ကို နိုင်လိုက်တာက လီဗာပူးအသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်မယ်လို့လည်း ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။

လီဗာပူး ပွဲထွက် ဂိုးသမား အယ်လစ်ဆန်က ဒဏ်ရာ ရှိနေတာကြောင့် အက်သလက်တီကိုနဲ့ ပွဲမှာ အက်ဒရီယန် ပွဲထွက်ရဖွယ် ရှိပြီး ၎င်းက အသင်း နိုင်လိုစိတ်တွေ ပြန်ရနေပြီလို့ ယုံကြည်နေပါတယ်။

” ရလဒ်ဆိုး အနည်းငယ် နောက်ပိုင်းမှာ ဒီပွဲ (ဘုန်းမောက်နဲ့ပွဲ)က ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အားလုံးရဲ့ ယုံကြည်မှုက အနည်းငယ် လျော့ရဲနေခဲ့ပြီး ဒီပွဲမှာ နိုင်ပွဲ ရယူပြီးနောက် ကျနော်တို့ အသင်းသားတွေ နိုင်လိုစိတ် ပြန်တက်ကြွလာခဲ့ပြီ ထင်ပါတယ်။

အစောပိုင်းမှာ ဘုန်းမောက်ဘက် ဂိုးပေးလိုက်ရပေမယ့် ကျနော်တို့ အသင်း ပြန်လာနိုင်ခဲ့ပြီး ရာသီကုန်ထိ တိုက်ပွဲဝင်သွားမယ်ဆိုတာ ပြသ နိုင်ခဲ့တယ်။ နောက်ထပ် စိန်ခေါ်မှုကြီးတွေကလည်း ကျနေ်ာတို့ကို စောင့်ကြိုနေပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကျနော်တို့ အက်သလက်တီကို မက်ဒရစ်နဲ့ အန်းဖီးမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီးက ရှိနေတယ်။ မက်ဒရစ်မှာ ရထားတဲ့ အရှုံးရလဒ်ကနေ ကျနော်တို့ ပြန်လာဖို့ လိုတယ်။ အန်းဖီးမှာတော့ လုံး၀ ပေါက်ကွဲပြမှာ အသေအချာပါပဲ။ ပရိသတ်တွေကလည်း ပထမဦးဆုံး စက္ကန့်က စလို့ အသင်းကို အားပေးနေလိမ့်မယ်။ ” လို့ အက်ဒရီယန်က ပြောဆိုလိုက်ပါတယ်။

အက်ဒရီယန်ကပဲ လီဗာပူးက အက်သလက်တီကို မက်ဒရစ်အသင်း ကစားဟန်ကို သိထားပြီ ဖြစ်လို့ လာမယ့်ရက်တွေ အတွင်း ပြင်ဆင်လေ့ကျင့်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ZAWGYI

စေနေန႔က ဘုန္းေမာက္ကို နုိင္လိုက္တဲ့ေနာက္ လီဗာပူးအသင္းဟာ နိုင္ပြဲရလိုစိတ္ေတြ ျပန္လည္ ရလာျပီ ျဖစ္ေၾကာင္း ဂိုးသမား အက္ဒရီယန္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ အေျခအေနေကာင္းေနေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ မေရရာေသးဘဲ ရွံဳးထြက္ ပထမအေက်ာ့မွာ အက္သလက္တီကို မက္ဒရစ္ကို ရွံဳးနိမ့္ထားျပီး ဒုတိယအေက်ာ့မွာ အနိုင္ယူ ေက်ာ္ျဖတ္နုိင္ဖို႔ လိုအပ္ေနပါေသးတယ္။ ဒီတပတ္ ဘုန္းေမာက္ကို နုိင္လိုက္တာက လီဗာပူးအသင္း လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္နိုင္မယ္လို႔လည္း ပရိသတ္ေတြက ေမွ်ာ္လင့္ထားၾကပါတယ္။

လီဗာပူး ပြဲထြက္ ဂိုးသမား အယ္လစ္ဆန္က ဒဏ္ရာ ရွိေနတာေၾကာင့္ အက္သလက္တီကိုနဲ႕ ပြဲမွာ အက္ဒရီယန္ ပြဲထြက္ရဖြယ္ ရွိျပီး ၄ငး္က အသင္း နိုင္လိုစိတ္ေတြ ျပန္ရေနျပီလို႔ ယံုၾကည္ေနပါတယ္။

” ရလဒ္ဆိုး အနည္းငယ္ ေနာက္ပိုင္းမွာ ဒီပြဲ (ဘုန္းေမာက္နဲ႕ပြဲ)က ခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ အားလံုးရဲ႕ ယံုၾကည္မႈက အနည္းငယ္ ေလ်ာ့ရဲေနခဲ့ျပီး ဒီပြဲမွာ နုိင္ပြဲ ရယူျပီးေနာက္ က်ေနာ္တို႔ အသင္းသားေတြ နုိင္လိုစိတ္ ျပန္တက္ၾကြလာခဲ့ျပီ ထင္ပါတယ္။

အေစာပိုင္းမွာ ဘုန္းေမာက္ဘက္ ဂိုးေပးလိုက္ရေပမယ့္ က်ေနာ္တို႔ အသင္း ျပန္လာနိုင္ခဲ့ျပီး ရာသီကုန္ထိ တိုက္ပြဲ၀င္သြားမယ္ဆိုတာ ျပသ နုိင္ခဲ့တယ္။ ေနာက္ထပ္ စိန္ေခၚမႈၾကီးေတြကလည္း က်ေန္ာတို႔ကို ေစာင့္ၾကိဳေနပါတယ္။

ဗုဒၶဟူးေန႔မွာ က်ေနာ္တို႔ အက္သလက္တီကို မက္ဒရစ္နဲ႕ အန္းဖီးမွာ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈၾကီးက ရွိေနတယ္။ မက္ဒရစ္မွာ ရထားတဲ့ အရွံဳးရလဒ္ကေန က်ေနာ္တို႔ ျပန္လာဖို႔ လိုတယ္။ အန္းဖီးမွာေတာ့ လံုး၀ ေပါက္ကြဲျပမွာ အေသအခ်ာပါပဲ။ ပရိသတ္ေတြကလည္း ပထမဦးဆံုး စကၠန္႔က စလို႔ အသင္းကို အားေပးေနလိမ့္မယ္။ ” လို႔ အက္ဒရီယန္က ေျပာဆိုလိုက္ပါတယ္။

အက္ဒရီယန္ကပဲ လီဗာပူးက အက္သလက္တီကို မက္ဒရစ္အသင္း ကစားဟန္ကို သိထားျပီ ျဖစ္လို႔ လာမယ့္ရက္ေတြ အတြင္း ျပင္ဆင္ေလ့က်င့္သြားမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။