လီဗာပူးအသင်း နောက်ဆုံး ရင်ဆိုင်ထားတဲ့ ဘုန်းမောက်အသင်းဟာ ကလပ်အသင်း လူငယ်တွေဖြစ်တဲ့ အိုဘ် (၁၅ သန်း)၊ ဆိုလန်ကီ (၁၉ သန်း) နဲ့ စမစ် (၄ သန်း) တို့ကို ခေါ်ယူထားတဲ့ ကလပ်အသင်းပါ။

လီဗာပူးဟာ လူငယ်ကြယ်ပွင့် ဝဲလ်ဆန်ကိုလည်း ဘုန်းမောက်ထံ အငှားချထားပြီး လာမယ့်နွေမှာ ရောင်းထုတ်မယ်ဆိုရင် ပေါင် ၂၅-၃၅ သန်းလောက်ထိကို ရနိုင်တာဖြစ်တယ်။ ဒါတွေအားလုံးကို လီဗာပူးကစား ဒါရိုက်တာ မိုင်ကယ် အဒ်ဝပ်က စီမံပေးနေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်က သူလုပ်ခဲ့တဲ့ အပြောင်းအရွှေ့ တစ်ခုကြောင့် လီဗာပူးက ပေါင် ၂၁ သန်းလောက် ရနိုင်ဖွယ်လည်း ရှိနေပါတယ်။

၂၀၁၃ ခုနှစ်က လီဗာပူးအသင်းဟာ ဆီးဗီးလား လူငယ်ကြယ်ပွင့်လေး လူးဝစ် အယ်ဘာတိုကို ပေါင် ၆.၈ သန်းထိ ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ စပိန်သားလေးဟာ လီဗာပူးစီနီယာအသင်းအတွက် ၉ ပွဲ ကစားပေးခဲ့ပြီး ဂိုးရယူနိုင်ခဲ့ခြင်း မရှိကာ မာလာဂါနဲ့ ဒီပိုတီပို့အသင်းတွေထံ အငှားထွက်ကစားခဲ့ရပါသေးတယ်။

၂၀၁၆ ခုနှစ်မှာတော့ သူဟာ ပေါင် ၄.၃ သန်းအပြင် ထပ်တိုးသဘောတူညီမှုတွေနဲ့ စီးရီးအေကလပ် လာဇီယိုကို ပြောင်းရွှေ့ခဲ့ပါတယ်။ လီဗာပူးနဲ့ လာဇီယိုကြား စာချုပ်မှာတော့ အယ်ဘာတိုရဲ့ အနာဂတ် အပြောင်းအရွှေ့ကနေ လီဗာပူးကို ၃၀% အကျိုးခစားခွင့် ပေးဖို့ဆိုတဲ့ သဘောတူညီမှု ပါဝင်ခဲ့တာပါ။

ဒီကနေ့မှာတော့ အယ်ဘာတိုက စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ရှိနေပြီး သူ့ကို ခေါ်ယူဖို့ ထိပ်တန်းကလပ်တွေက စိတ်ဝင်စားလာနေပြီဖြစ်တယ်။ လာဇီယိုဘက်က ကစားသမားကို ပေါင် ၈၇ သန်း တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေး ပါဝင်မယ့် သက်တမ်းတိုးစာချုပ်ကို ပေးပို့ထားပြီဖြစ်တယ်။ အဆိုပါ စာချုပ်ကို အယ်ဘာတိုက လက်မှတ်မထိုးဘူးဆိုရင် နွေမှာ ပေါင် ၆၉ သန်းနဲ့ ရောင်းထုတ်သွားမှာပါ။

ဒါဆိုရင်တော့ စာချုပ်ပါ အချက်အလက်အရ လီဗာပူးကို ပြောင်းရွှေ့ကြေးရဲ့ ၃၀% ကို ခွဲပေးရမှာဖြစ်ပြီး လီဗာပူးက ပေါင် ၂၁ သန်းကို ခံစားခွင့်ရမှာဖြစ်ပါတယ်။ နွေမှာတော့ ဝဲလ်ဆန်၊ ဂရုဂျစ်တို့ရဲ့ ကိစ္စတွေလည်း စီမံဖို့ ရှိနေသေးလို့ အဒ်ဝပ်ကတော့ ပါးနပ် လည်ဝယ်တဲ့ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်ပြဦးမယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း ေနာက္ဆံုး ရင္ဆိုင္ထားတဲ့ ဘုန္းေမာက္အသင္းဟာ ကလပ္အသင္း လူငယ္ေတြျဖစ္တဲ့ အိုဘ္ (၁၅ သန္း)၊ ဆိုလန္ကီ (၁၉ သန္း) နဲ႔ စမစ္ (၄ သန္း) တို႔ကို ေခၚယူထားတဲ့ ကလပ္အသင္းပါ။

လီဗာပူးဟာ လူငယ္ၾကယ္ပြင့့္ ဝဲလ္ဆန္ကိုလည္း ဘုန္းေမာက္ထံ အငွားခ်ထားျပီး လာမယ့္ေႏြမွာ ေရာင္းထုတ္မယ္ဆိုရင္ ေပါင္ ၂၅-၃၅ သန္းေလာက္ထိကို ရႏုိင္တာျဖစ္တယ္။ ဒါေတြအားလံုးကို လီဗာပူးကစား ဒါရိုက္တာ မိုင္ကယ္ အဒ္ဝပ္က စီမံေပးေနတာျဖစ္ျပီး ၂၀၁၆ ခုႏွစ္က သူလုပ္ခဲ့တဲ့ အေျပာင္းအေရႊ႔ တစ္ခုေၾကာင့္ လီဗာပူးက ေပါင္ ၂၁ သန္းေလာက္ ရႏုိင္ဖြယ္လည္း ရွိေနပါတယ္။

၂၀၁၃ ခုႏွစ္က လီဗာပူးအသင္းဟာ ဆီးဗီးလား လူငယ္ၾကယ္ပြင့္ေလး လူးဝစ္ အယ္ဘာတိုကို ေပါင္ ၆.၈ သန္းထိ ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူခ့ဲပါတယ္။ စပိန္သားေလးဟာ လီဗာပူးစီနီယာအသင္းအတြက္ ၉ ပြဲ ကစားေပးခဲ့ျပီး ဂိုးရယူႏုိင္ခဲ့ျခင္း မရွိကာ မာလာဂါနဲ႔ ဒီပိုတီပို႔အသင္းေတြထံ အငွားထြက္ကစားခဲ့ရပါေသးတယ္။

၂၀၁၆ ခုႏွစ္မွာေတာ့ သူဟာ ေပါင္ ၄.၃ သန္းအျပင္ ထပ္တိုးသေဘာတူညီမႈေတြနဲ႔ စီးရီးေအကလပ္ လာဇီယိုကို ေျပာင္းေရႊ႔ခဲ့ပါတယ္။ လီဗာပူးနဲ႔ လာဇီယိုၾကား စာခ်ဳပ္မွာေတာ့ အယ္ဘာတိုရဲ႕ အနာဂတ္ အေျပာင္းအေရႊ႔ကေန လီဗာပူးကို ၃၀% အက်ိဳးခစားခြင့္ ေပးဖို႔ဆိုတဲ့ သေဘာတူညီမႈ ပါဝင္ခဲ့တာပါ။

ဒီကေန႔မွာေတာ့ အယ္ဘာတိုက စီးရီးေအရဲ႕ အေကာင္းဆံုး ကြင္းလယ္တိုက္စစ္သမားေတြထဲက တစ္ဦးအျဖစ္ ရွိေနျပီး သူ႔ကို ေခၚယူဖို႔ ထိပ္တန္းကလပ္ေတြက စိတ္ဝင္စားလာေနျပီျဖစ္တယ္။ လာဇီယိုဘက္က ကစားသမားကို ေပါင္ ၈၇ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကး ပါဝင္မယ့္ သက္တမ္းတိုးစာခ်ဳပ္ကို ေပးပို႔ထားျပီျဖစ္တယ္။ အဆုိပါ စာခ်ဳပ္ကို အယ္ဘာတိုက လက္မွတ္မထိုးဘူးဆိုရင္ ေႏြမွာ ေပါင္ ၆၉ သန္းနဲ႔ ေရာင္းထုတ္သြားမွာပါ။

ဒါဆိုရင္ေတာ့ စာခ်ဳပ္ပါ အခ်က္အလက္အရ လီဗာပူးကို ေျပာင္းေရႊ႔ေၾကးရဲ႕ ၃၀% ကို ခြဲေပးရမွာျဖစ္ျပီး လီဗာပူးက ေပါင္ ၂၁ သန္းကို ခံစားခြင့္ရမွာျဖစ္ပါတယ္။ ေႏြမွာေတာ့ ဝဲလ္ဆန္၊ ဂရုဂ်စ္တို႔ရဲ႕ ကိစၥေတြလည္း စီမံဖို႔ ရွိေနေသးလို႔ အဒ္ဝပ္ကေတာ့ ပါးနပ္ လည္ဝယ္တဲ့ လႈပ္ရွားမႈေတြကို ဆက္လက္ လုပ္ေဆာင္ျပဦးမယ္လို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။