မန်ချက်စတာဒါဘီမှာ ယူနိုက်တက်အနိုင်ရပြီး မန်စီးတီး အရေးနိမ့်သွားတာကြောင့် သချာၤနည်းအရ လက်ကျန် ၉ ပွဲအနက် ၂ ပွဲနိုင်ရင်ကို လီဗာပူးက အမှတ်ပေးဖလား ချန်ပီယံဖြစ်ပါပြီ။

ဒေါ့မွန်ကွင်းလယ်လူ ချန်က ” ဒေါ့မွန်ကို မပြောင်းခင် ပရီးမီးယားလိဂ်ကလပ် သုံးသင်းထံက ကမ်းလှမ်းမှုကို ရခဲ့ပြီး တစ်သင်းက ယူနိုက်တက်ဖြစ်တယ်။ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့တာက ကျနော်က လီဗာပူးကစားသမားအဖြစ် ရှိခဲ့ဖူးလို့ ဖြစ်ပါတယ်။ ကျနော်က အရေးပါပြီး ကျနော်ကို လိုအပ်တဲ့ အသင်းကိုပဲ သွားလိုပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ကြားရက်မှာတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့ အမှတ်ပေးပွဲ ကစားရဖို့ရှိပြီး အဆိုပါပွဲကို မန်စီးတီးက အရေးနိမ့်ခဲ့မယ်ဆိုရင် လီဗာပူးဟာ ပြိုင်ဘက် အဲဗာတန်ကွင်းထံ သွားရောက်ရမှာဖြစ်ပြီး အနိုင်ရပါက ချန်ပီယံဖြစ်မှာ ဖြစ်ပါတယ်။ မာဆေးဆိုဒ်သားတွေကတော့ အဆိုပါ အချက်အတွက် ပွဲစဆူနေကြပါတယ်။

ဂျာမနီသတင်းတွေကတော့ လီဗာပူးဟာ နွေမှာ ဝါနာကို ခေါ်ယူပြီးရင် လိုက်ဇစ်ကို အငှားပြန်ချပေးနိုင်တယ်လို့ ဖော်ပြနေကြတယ်။ လီဗာပူးသတင်းထောက်တွေဘက်ကတော့ လာမယ့်ရာသီ တိုက်စစ်ပိုင်းဖြည့်ဖို့ အပြီးသတ် ခေါ်ယူမှုတွေကိုပဲ လီဗာပူးက စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

ဂျိမ်းမီလ်နာက “ လူရှေ့ထွက်ပြီး ထင်ပေါ်ရတာက ကျနော်ရဲ့ စရိုက်မဟုတ်ဘူး။ ဖြစ်နိုင်ရင် နောက်ကွယ်မှာပဲ နေလိုတယ်။ ကျနော် လုပ်နေတာတွေက အသင်းကို ကူညီပေးဖို့ပါပဲ။ ကစားရတယ်၊ မကစားရဘူးဆိုတာက အရမ်းကြီး အရေးကြီးတာ မဟုတ်ပါဘူး ” လို့ တုန့်ပြန်ပါတယ်။

အသက် ၃၄ နှစ် ကွင်းလယ်လူတစ်ဦးကို ကလပ်အသင်းက ၂ နှစ်စာချုပ်ဖြင့် သက်တမ်းတိုးတာက ကွင်းတွင်း ကွင်းပြင်မှာ မီလ်နာရဲ့ စွမ်းဆောင်နိုင်မှုက ဘယ်လောက်ထိ မြင့်မားတယ်ဆိုတာကို နားလည်ထားတာကြောင့်လို့ ကလော့ပ်က ဆိုပါတယ်။

ဂျင်မီရပ်နက်က သွင်းဂိုးတွေ ပျောက်ဆုံးနေတဲ့ ဖာမင်နိုဟာ ကလော့ပ်ရဲ့ ၄-၃-၃ စနစ်ကို အကောင်းဆုံး ပုံဖော်နေတဲ့ စစ်မှန်တဲ့ နံပါတ် ၉ တိုက်စစ်သမားအဖြစ် ချီးကျူးလိုက်ပါတယ်။ ဖာမင်နိုရဲ့ ကိုယ်ကျိုးမငဲ့မှုနဲ့ ဗဟိုကနေ လုပ်ဆောင်မှုတွေကို သူက အသိအမှတ် ပြုလိုက်တာပါ။

ပရီးမီးယားလိဂ်ဟာ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ကွင်းပိတ်ကန်မှုတွေကို စတင်သွားဖွယ် ရှိနေပါတယ်။ ပွဲစတင်ချိန်မှာ နှစ်ဘက်အသင်းသားတွေ လက်ဆွဲနုတ်ဆက်ရခြင်း မရှိတော့တာကိုတော့ စတင်ထားနှင့်နေပါပြီ။

ZAWGYI

မန္ခ်က္စတာဒါဘီမွာ ယူႏိုက္တက္အႏုိင္ရျပီး မန္စီးတီး အေရးနိမ့္သြားတာေၾကာင့္ သခ်ာၤနည္းအရ လက္က်န္ ၉ ပြဲအနက္ ၂ ပြဲႏုိင္ရင္ကို လီဗာပူးက အမွတ္ေပးဖလား ခ်န္ပီယံျဖစ္ပါျပီ။

ေဒါ့မြန္ကြင္းလယ္လူ ခ်န္က ” ေဒါ့မြန္ကို မေျပာင္းခင္ ပရီးမီးယားလိဂ္ကလပ္ သံုးသင္းထံက ကမ္းလွမ္းမႈကို ရခဲ့ျပီး တစ္သင္းက ယူႏုိက္တက္ျဖစ္တယ္။ ဒီကမ္းလွမ္းမႈကို လက္မခံခဲ့တာက က်ေနာ္က လီဗာပူးကစားသမားအျဖစ္ ရွိခဲ့ဖူးလို႔ ျဖစ္ပါတယ္။ က်ေနာ္က အေရးပါျပီး က်ေနာ္ကို လိုအပ္တဲ့ အသင္းကိုပဲ သြားလိုပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ၾကားရက္မွာေတာ့ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ အမွတ္ေပးပြဲ ကစားရဖို႔ရွိျပီး အဆိုပါပြဲကို မန္စီးတီးက အေရးနိမ့္ခဲ့မယ္ဆိုရင္ လီဗာပူးဟာ ျပိဳင္ဘက္ အဲဗာတန္ကြင္းထံ သြားေရာက္ရမွာျဖစ္ျပီး အႏုိင္ရပါက ခ်န္ပီယံျဖစ္မွာ ျဖစ္ပါတယ္။ မာေဆးဆိုဒ္သားေတြကေတာ့ အဆိုပါ အခ်က္အတြက္ ပြဲစဆူေနၾကပါတယ္။

ဂ်ာမနီသတင္းေတြကေတာ့ လီဗာပူးဟာ ေႏြမွာ ဝါနာကို ေခၚယူျပီးရင္ လိုက္ဇစ္ကို အငွားျပန္ခ်ေပးႏုိင္တယ္လို႔ ေဖာ္ျပေနၾကတယ္။ လီဗာပူးသတင္းေထာက္ေတြဘက္ကေတာ့ လာမယ့္ရာသီ တိုက္စစ္ပိုင္းျဖည့္ဖို႔ အျပီးသတ္ ေခၚယူမႈေတြကိုပဲ လီဗာပူးက စိတ္ဝင္စားတယ္လို႔ ဆိုပါတယ္။

ဂ်ိမ္းမီလ္နာက “ လူေရွ႔ထြက္ျပီး ထင္ေပၚရတာက က်ေနာ္ရဲ႕ စရိုက္မဟုတ္ဘူး။ ျဖစ္ႏုိင္ရင္ ေနာက္ကြယ္မွာပဲ ေနလိုတယ္။ က်ေနာ္ လုပ္ေနတာေတြက အသင္းကို ကူညီေပးဖို႔ပါပဲ။ ကစားရတယ္၊ မကစားရဘူးဆိုတာက အရမ္းၾကီး အေရးၾကီးတာ မဟုတ္ပါဘူး ” လို႔ တုန္႔ျပန္ပါတယ္။

အသက္ ၃၄ ႏွစ္ ကြင္းလယ္လူတစ္ဦးကို ကလပ္အသင္းက ၂ ႏွစ္စာခ်ဳပ္ျဖင့္ သက္တမ္းတိုးတာက ကြင္းတြင္း ကြင္းျပင္မွာ မီလ္နာရဲ႕ စြမ္းေဆာင္ႏုိင္မႈက ဘယ္ေလာက္ထိ ျမင့္မားတယ္ဆိုတာကို နားလည္ထားတာေၾကာင့္လို႔ ကေလာ့ပ္က ဆိုပါတယ္။

ဂ်င္မီရပ္နက္က သြင္းဂိုးေတြ ေပ်ာက္ဆံုးေနတဲ့ ဖာမင္ႏိုဟာ ကေလာ့ပ္ရဲ႕ ၄-၃-၃ စနစ္ကို အေကာင္းဆံုး ပံုေဖာ္ေနတဲ့ စစ္မွန္တဲ့ နံပါတ္ ၉ တိုက္စစ္သမားအျဖစ္ ခ်ီးက်ဴးလိုက္ပါတယ္။ ဖာမင္ႏိုရဲ႕ ကိုယ္က်ိဳးမငဲ့မႈနဲ႔ ဗဟိုကေန လုပ္ေဆာင္မႈေတြကို သူက အသိအမွတ္ ျပဳလိုက္တာပါ။

ပရီးမီးယားလိဂ္ဟာ လာမယ့္ သီတင္းပတ္ အနည္းငယ္အတြင္းမွာ ကြင္းပိတ္ကန္မႈေတြကို စတင္သြားဖြယ္ ရွိေနပါတယ္။ ပြဲစတင္ခ်ိန္မွာ ႏွစ္ဘက္အသင္းသားေတြ လက္ဆြဲႏုတ္ဆက္ရျခင္း မရွိေတာ့တာကိုေတာ့ စတင္ထားႏွင့္ေနပါျပီ။