လီဗာပူးအသင်းရဲ့ အမှတ်ပေးပွဲ ၁၀၀ ပြည့်ချိန်မှာ သွင်းဂိုးအများဆုံး စံချိန်ကို ရလိုက်တာအတွက် အားရကျေနပ်မိတယ်လို့ ဆာလက်က ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

ဘုန်းမောက်နဲ့ပွဲမှာ ခြေပဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာလက်ဟာ ဒီရာသီ လီဗာပူးအတွက် ပြိင်ပွဲစုံ သွင်းဂိုး ၂၀ ထိ ရယူပေးနိုင်ခဲ့တာပါ။ ဒါက ကလပ်အသင်း အကယ်ဒမီထွက် တိုက်စစ်သမားဖြစ်ပြီး ဘလွန်းဒီအော့ အနိုင်ဆုရှင် မိုင်ကယ်အိုဝင် နောက်ပိုင်း လီဗာပူးအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ ကို သုံးရာသီဆက်တိုက် သွင်းယူနိုင်တဲ့ တိုက်စစ်သမား ဖြစ်လာခဲ့ပါတယ်။

ပွဲ ၁၀၀ ပြည့်ချိန်မှာ သွင်းဂိုး ၇၀ ရယူနိုင်ခဲ့တဲ့ ဆာလက်ဟာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လယ်ခဲ့တဲ့ တောရက်စ်၊ ဆွာရက်စ် အစရှိတဲ့ ထိပ်တန်းတိုက်စစ်သမားတွေရဲ့ မှတ်တမ်းတွေကိုလည်း ကျော်ဖြတ်နိုင်ခဲ့တာဖြစ်တယ်။

ဆာလက်က “ ဟုတ်ပါတယ် ရိုးရိုးသားသားပြောရရင် အဲ့တာက သိပ်ကောင်းတာပါ။ ကျနော်က ဂိုးသွင်းရတာကို အမြဲတမ်း နှစ်သက်ပြီး အသင်းကို ရမှတ်တွေရအောင် ကူညီပေးလိုတာပါ။ ဘုန်းမောက်နဲ့ပွဲမှာ ၁-၀ နဲ့ အရေးနိမ့်နေချိန်မှာ ကျနေ်ာတို့ရဲ့ အကျင့်စရိုက်ကောင်းတွေကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

ကျနေ်ာတို့ တုန့်ပြန်ဖို့ လိုခဲ့ပြီး အကောင်းဆုံး လုပ်နိုင်ခဲ့သလို ရလဒ်ကောင်း ရဖို့လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လာမယ့် အမှတ်ပေးပွဲ သုံးပွဲကို ကျနေ်ာတို့ ဆက်လက် ကြိုးစားသွားရမှာဖြစ်ပြီး ရာသီကုန်ထိ အကောင်းဆုံး လုပ်ပြနိုင်ရမှာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ လီဗာပူးက ဆာလက်ကို ခေါ်ယူနိုင်ခဲ့တာက အောင်မြင်မှုတွေကို စတင်ဖို့အတွက် ခြေလှမ်းစခဲ့တာဖြစ်တယ်။ ဆာလက်ဟာ လီဗာပူးတိုက်စစ်ရဲ့ အဓိက လက်နက်ဖြစ်လာခဲ့သလို သူဟာလည်း လီဗာပူးနဲ့အတူ ကမ္ဘာအဆင့်ကို တက်လှမ်းလာခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အမွတ္ေပးပြဲ ၁၀၀ ျပည့္ခ်ိန္မွာ သြင္းဂိုးအမ်ားဆံုး စံခ်ိန္ကို ရလိုက္တာအတြက္ အားရေက်နပ္မိတယ္လို႔ ဆာလက္က ဝန္ခံစကား ေျပာဆိုလိုက္ပါတယ္။

ဘုန္းေမာက္နဲ႔ပြဲမွာ ေျခပဂိုးကို သြင္းယူေပးခဲ့တဲ့ ဆာလက္ဟာ ဒီရာသီ လီဗာပူးအတြက္ ျပိင္ပြဲစံု သြင္းဂိုး ၂၀ ထိ ရယူေပးႏုိင္ခဲ့တာပါ။ ဒါက ကလပ္အသင္း အကယ္ဒမီထြက္ တိုက္စစ္သမားျဖစ္ျပီး ဘလြန္းဒီေအာ့ အႏုိင္ဆုရွင္ မိုင္ကယ္အိုဝင္ ေနာက္ပိုင္း လီဗာပူးအတြက္ ျပိဳင္ပြဲစံု သြင္းဂိုး ၂၀ ကို သံုးရာသီဆက္တိုက္ သြင္းယူႏုိင္တဲ့ တိုက္စစ္သမား ျဖစ္လာခဲ့ပါတယ္။

ပြဲ ၁၀၀ ျပည့္ခ်ိန္မွာ သြင္းဂိုး ၇၀ ရယူႏုိင္ခဲ့တဲ့ ဆာလက္ဟာ လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္မွာ က်င္လယ္ခဲ့တဲ့ ေတာရက္စ္၊ ဆြာရက္စ္ အစရွိတဲ့ ထိပ္တန္းတိုက္စစ္သမားေတြရဲ႕ မွတ္တမ္းေတြကိုလည္း ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္တယ္။

ဆာလက္က “ ဟုတ္ပါတယ္ ရိုးရိုးသားသားေျပာရရင္ အဲ့တာက သိပ္ေကာင္းတာပါ။ က်ေနာ္က ဂိုးသြင္းရတာကို အျမဲတမ္း ႏွစ္သက္ျပီး အသင္းကို ရမွတ္ေတြရေအာင္ ကူညီေပးလိုတာပါ။ ဘုန္းေမာက္နဲ႔ပြဲမွာ ၁-၀ နဲ႔ အေရးနိမ့္ေနခ်ိန္မွာ က်ေန္ာတုိ႔ရဲ႕ အက်င့္စရိုက္ေကာင္းေတြကို ျပသႏုိင္ခဲ့တယ္လို႔ ထင္ပါတယ္။

က်ေန္ာတို႔ တုန္႔ျပန္ဖို႔ လိုခဲ့ျပီး အေကာင္းဆံုး လုပ္ႏုိင္ခဲ့သလို ရလဒ္ေကာင္း ရဖို႔လည္း စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ လာမယ့္ အမွတ္ေပးပြဲ သံုးပြဲကို က်ေန္ာတို႔ ဆက္လက္ ၾကိဳးစားသြားရမွာျဖစ္ျပီး ရာသီကုန္ထိ အေကာင္းဆံုး လုပ္ျပႏုိင္ရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္မွာ လီဗာပူးက ဆာလက္ကို ေခၚယူႏုိင္ခဲ့တာက ေအာင္ျမင္မႈေတြကို စတင္ဖို႔အတြက္ ေျခလွမ္းစခဲ့တာျဖစ္တယ္။ ဆာလက္ဟာ လီဗာပူးတိုက္စစ္ရဲ႕ အဓိက လက္နက္ျဖစ္လာခဲ့သလို သူဟာလည္း လီဗာပူးနဲ႔အတူ ကမၻာအဆင့္ကို တက္လွမ္းလာခဲ့တာျဖစ္ပါတယ္။