ဘင်ဖီကာတိုက်စစ်သမား ကားလိုစ် ဗင်နီဆီးယက်စ်က လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေကို ပျော်ရွှင်မိတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမယ့်လို့ အနာဂတ်ထက် လက်ရှိ ကစားနေရတဲ့ ဘင်ဖီကာအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုခဲ့ပါတယ်။

ရိန်းဂျားမန်နေဂျာ စတီဗင်ဂျရတ်ဟာ စကော့ကလပ်အတွက် မှန်ကန်တဲ့ မန်နေဂျာတစ်ဦးဖြစ်ပြီး လက်တလော အခြေအနေဆိုးတွေက နေရုန်းထွက်လာနိုင်လိမ့်မယ်လို့ ကလပ်အသင်းဖော်ဟောင်း ဖော်လာနဲ့ လက်ရွေးစင်အသင်းဖော်ဟောင်း လမ်းပတ်တို့က ထောက်ခံစကား ပြောဆိုလိုက်ပါတယ်။

မန်စီးတီးတိုက်စစ်သမား စတာလင်က လာမယ့်ရာသီမှာ အမှတ်ပေးဖလားကို ပြိုင်ဆိုင်ဖို့ ကြီးကြီးမားမား တုန့်ပြန်ပြမယ်လို့ လီဗာပူးအသင်းကို သတိပေးစကား ပြောဆိုပါတယ်။

လီဗာပူး ရလဒ်တွေ မတည်ငြိမ်ဖြစ်နေခြင်းက ချန်ပီယံလိဂ်မှာ ဘာလွှမ်းမိုးမှုမှာ ရှိနေမှာ မဟုတ်ပဲ နှစ်သင်းက အကောင်းဆုံး ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တီကိုက အရင်နှစ်ရာသီတွေကနေ သင်ခန်းစာ ယူနိုင်ရမယ်လို့ ကိုကီက ထုတ်ပြောလာပါတယ်။

ခံစစ်မှူး ဗန်ဒိုက်က ပြိုင်ဘက်အသင်းသားတွေက လီဗာပူးရဲ့ ခံစစ်ကို ချိုးဖျက်ဖို့ရာ သူ့ကိုယ်ထက် သူ့ရဲ့တွဲဘက် ခံစစ်သမားတွေကို ဖိအားပေးလာတဲ့အပေါ် သတိပြုမိကြောင်း ထုတ်ပြောလာပါတယ်။ အထူးသဖြင့် second ball တွေက အရမ်းကို အရေးကြီးနေတယ်လို့ ဆိုပါတယ်။

ဆာလက်က လီဗာပူးအတွက် အမှတ်ပေးပွဲ ၁၀၀ မြောက်မှာ သွင်းဂိုး ၇၀ ရခဲ့တာအတွက် အားရ ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး နောက်ထပ် အမှတ်ပေးပွဲ သုံးပွဲကို အနိုင်ယူဖို့နဲ့ ရာသီကုန်ထိ အကောင်းဆုံး ကစားဖို့ ကြိုးစားမယ်လို့ ကတိပေးလိုက်ပါတယ်။

လာဇီယိုကွင်းလယ်လူ လူးဝစ် အယ်ဘာတိုရဲ့ အပြောင်းအရွှေ့ တရားဝင် ဖြစ်မြောက်လာပါက အသင်းဟောင်းဖြစ်တဲ့ လီဗာပူးအသင်းဟာ ပြောင်းရွှေ့ကြေးရဲ့ ၃၀% ကို ခံစားခွင့်ရမှာဖြစ်ပါတယ်။

မီလ်နာရဲ့ လိဒ်အသင်းမှ အတူတွဲဘက်ကစားဖူးတဲ့ အသင်းဖော်ဟောင်းဖြစ်သူ ဖာဒီနန်က ကစားသမားကြီးကို လက်လွတ်ရမယ်ဆိုရင် ပြန်လည်အစားထိုးဖို့က လီဗာပူးအတွက် ခက်ခဲပါလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ZAWGYI

ဘင္ဖီကာတိုက္စစ္သမား ကားလိုစ္ ဗင္နီဆီးယက္စ္က လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြကို ေပ်ာ္ရႊင္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။ ဒါေပမယ့္လို႔ အနာဂတ္ထက္ လက္ရွိ ကစားေနရတဲ့ ဘင္ဖီကာအတြက္ပဲ အာရံုစိုက္ထားတယ္လို႔ ဆိုခဲ့ပါတယ္။

ရိန္းဂ်ားမန္ေနဂ်ာ စတီဗင္ဂ်ရတ္ဟာ စေကာ့ကလပ္အတြက္ မွန္ကန္တဲ့ မန္ေနဂ်ာတစ္ဦးျဖစ္ျပီး လက္တေလာ အေျခအေနဆိုးေတြက ေနရုန္းထြက္လာႏုိင္လိမ့္မယ္လို႔ ကလပ္အသင္းေဖာ္ေဟာင္း ေဖာ္လာနဲ႔ လက္ေရြးစင္အသင္းေဖာ္ေဟာင္း လမ္းပတ္တို႔က ေထာက္ခံစကား ေျပာဆုိလိုက္ပါတယ္။

မန္စီးတီးတိုက္စစ္သမား စတာလင္က လာမယ့္ရာသီမွာ အမွတ္ေပးဖလားကို ျပိဳင္ဆိုင္ဖို႔ ၾကီးၾကီးမားမား တုန္႔ျပန္ျပမယ္လို႔ လီဗာပူးအသင္းကို သတိေပးစကား ေျပာဆိုပါတယ္။

လီဗာပူး ရလဒ္ေတြ မတည္ျငိမ္ျဖစ္ေနျခင္းက ခ်န္ပီယံလိဂ္မွာ ဘာလႊမ္းမိုးမႈမွာ ရွိေနမွာ မဟုတ္ပဲ ႏွစ္သင္းက အေကာင္းဆံုး ယွဥ္ျပိဳင္ၾကမွာျဖစ္ျပီး တီကိုက အရင္ႏွစ္ရာသီေတြကေန သင္ခန္းစာ ယူႏုိင္ရမယ္လို႔ ကိုကီက ထုတ္ေျပာလာပါတယ္။

ခံစစ္မွဴး ဗန္ဒိုက္က ျပိဳင္ဘက္အသင္းသားေတြက လီဗာပူးရဲ႕ ခံစစ္ကို ခ်ိဳးဖ်က္ဖို႔ရာ သူ႔ကိုယ္ထက္ သူ႔ရဲ႕တြဲဘက္ ခံစစ္သမားေတြကို ဖိအားေပးလာတဲ့အေပၚ သတိျပဳမိေၾကာင္း ထုတ္ေျပာလာပါတယ္။ အထူးသျဖင့္ second ball ေတြက အရမ္းကို အေရးၾကီးေနတယ္လို႔ ဆိုပါတယ္။

ဆာလက္က လီဗာပူးအတြက္ အမွတ္ေပးပြဲ ၁၀၀ ေျမာက္မွာ သြင္းဂိုး ၇၀ ရခဲ့တာအတြက္ အားရ ေက်နပ္မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ျပီး ေနာက္ထပ္ အမွတ္ေပးပြဲ သံုးပြဲကို အႏုိင္ယူဖို႔နဲ႔ ရာသီကုန္ထိ အေကာင္းဆံုး ကစားဖို႔ ၾကိဳးစားမယ္လို႔ ကတိေပးလိုက္ပါတယ္။

လာဇီယိုကြင္းလယ္လူ လူးဝစ္ အယ္ဘာတိုရဲ႕ အေျပာင္းအေရႊ႔ တရားဝင္ ျဖစ္ေျမာက္လာပါက အသင္းေဟာင္းျဖစ္တဲ့ လီဗာပူးအသင္းဟာ ေျပာင္းေရႊ႔ေၾကးရဲ႕ ၃၀% ကို ခံစားခြင့္ရမွာျဖစ္ပါတယ္။

မီလ္္နာရဲ႕ လိဒ္အသင္းမွ အတူတြဲဘက္ကစားဖူးတဲ့ အသင္းေဖာ္ေဟာင္းျဖစ္သူ ဖာဒီနန္က ကစားသမားၾကီးကို လက္လြတ္ရမယ္ဆိုရင္ ျပန္လည္အစားထိုးဖို႔က လီဗာပူးအတြက္ ခက္ခဲပါလိမ့္မယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။