မန်စီးတီး တိုက်စစ်သမား စတာလင်က ဒီရာသီမှာ လီဗာပူးက အမှတ်ပေးဖလားကို အနိုင်ရပါက လာမယ့်ရာသီမှာ မန်စီးတီးက အရမ်းကို ကြီးမားတဲ့ တုန့်ပြန်မှုကို ပြန်လုပ်မှာကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒုတိယနေရာက မန်စီးတီးကို ၂ ပွဲ ပိုကစားပြီးချိန်မှာ ရမှတ် ၂၅ မှတ်ထိ အသာရထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာတော့ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ယူဖို့ ရေပန်းစားနေတာပါ။ မန်ချက်စတာဒါဘီပွဲကြို အင်တာဗျူးမှာတော့ စတာလင်က လီဗာပူးကို လာမယ့်ရာသီ စိန်ခေါ်မယ့်အကြောင်းကိုပါ ထည့်ပြောခဲ့တာဖြစ်တယ်။

စတာလင်က ” လိဂ်မှာ အသင်းတိုင်းထက် လီဗာပူးက ပိုကောင်းနေပြီး သူတို့က တည်ငြိမ်မှုလည်း ရှိတယ်။ ဒါကြောင့်လည်း လိဂ်မှာ ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေတာဖြစ်တယ်။ ကျနေ်ာတို့ကတော့ နှေးကွေးခဲ့ပြီး ကိုယ်ရဲ့ အဆင့်အတန်းကိုလည်း မထိန်းသိမ်းနိုင်ခဲ့ဘူး။ ကျနေ်ာတို့ ဘယ်နေရာကို ရောက်နိုင်လဲဆိုတာ သိထားပါတယ်။

အခုကနေစပြီး ရာသီကုန်ထိ ကျနေ်ာတို့က အစွမ်းကုန် ကြိုးစားရမှာဖြစ်ကာ ပွဲတွေကို အနိုင်ရရမှာဖြစ်တယ်။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခြေအနေကတော့ လီဗာပူးလက်ထဲမှာပါပဲ။ ကျနေ်ာတို့ နှစ်ရာသီဆက် အနိုင်ရခဲ့ပြီး လီဗာပူးက ရမှတ်အသာနဲ့ ဒီအခြေအနေမှာ အနိုင်ရနေတာ ဖြစ်ပါတယ်။

လီဗာပူးက အမှတ်ပေးဖလား ကိုင်မြောက်နိုင်ခဲ့ရင်တော့ အသင်းသားတွေက ထပ်ပြီး နာကျင်ရမှာပါ။ ဒါပေမယ့် ရာသီအကုန်မှာတော့ အသင်းသားတွေက အားလပ်ရက်တွေ ထွက်ခွာမှာပါ။ ပြီးရင်တော့ လာမယယ့်ရာသီမှာ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ပြန်လာမှာ ဖြစ်ပါတယ်။ အဲ့တာက အရမ်းကောင်းတဲ့ တုန့်ပြန်မှု ဖြစ်ပါလိမ့်မယ်။ ” လို့ ဆိုလိုက်တာဖြစ်ပါတယ်။

ZAWGYI

မန္စီးတီး တိုက္စစ္သမား စတာလင္က ဒီရာသီမွာ လီဗာပူးက အမွတ္ေပးဖလားကို အႏုိင္ရပါက လာမယ့္ရာသီမွာ မန္စီးတီးက အရမ္းကို ၾကီးမားတဲ့ တုန္႔ျပန္မႈကို ျပန္လုပ္မွာကို ရင္ဆိုင္ဖို႔ ျပင္ဆင္ထားသင့္ေၾကာင္း ေျပာဆိုလုိက္ပါတယ္။

လီဗာပူးဟာ ဒုတိယေနရာက မန္စီးတီးကို ၂ ပြဲ ပိုကစားျပီးခ်ိန္မွာ ရမွတ္ ၂၅ မွတ္ထိ အသာရထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာေတာ့ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ယူဖို႔ ေရပန္းစားေနတာပါ။ မန္ခ်က္စတာဒါဘီပြဲၾကိဳ အင္တာဗ်ဴးမွာေတာ့ စတာလင္က လီဗာပူးကို လာမယ့္ရာသီ စိန္ေခၚမယ့္အေၾကာင္းကိုပါ ထည့္ေျပာခဲ့တာျဖစ္တယ္။

စတာလင္က ” လိဂ္မွာ အသင္းတိုင္းထက္ လီဗာပူးက ပိုေကာင္းေနျပီး သူတို႔က တည္ျငိမ္မႈလည္း ရွိတယ္။ ဒါေၾကာင့္လည္း လိဂ္မွာ ထိပ္ဆံုးအဆင့္မွာ ရပ္တည္ေနတာျဖစ္တယ္။ က်ေန္ာတို႔ကေတာ့ ေႏွးေကြးခဲ့ျပီး ကိုယ္ရဲ႕ အဆင့္အတန္းကိုလည္း မထိန္းသိမ္းႏုိင္ခဲ့ဘူး။ က်ေန္ာတုိ႔ ဘယ္ေနရာကို ေရာက္ႏုိင္လဲဆိုတာ သိထားပါတယ္။

အခုကေနစျပီး ရာသီကုန္ထိ က်ေန္ာတို႔က အစြမ္းကုန္ ၾကိဳးစားရမွာျဖစ္ကာ ပြဲေတြကို အႏုိင္ရရမွာျဖစ္တယ္။ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ အေျခအေနကေတာ့ လီဗာပူးလက္ထဲမွာပါပဲ။ က်ေန္ာတို႔ ႏွစ္ရာသီဆက္ အႏုိင္ရခဲ့ျပီး လီဗာပူးက ရမွတ္အသာနဲ႔ ဒီအေျခအေနမွာ အႏုိင္ရေနတာ ျဖစ္ပါတယ္။

လီဗာပူးက အမွတ္ေပးဖလား ကိုင္ေျမာက္ႏုိင္ခဲ့ရင္ေတာ့ အသင္းသားေတြက ထပ္ျပီး နာက်င္ရမွာပါ။ ဒါေပမယ့္ ရာသီအကုန္မွာေတာ့ အသင္းသားေတြက အားလပ္ရက္ေတြ ထြက္ခြာမွာပါ။ ျပီးရင္ေတာ့ လာမယယ့္ရာသီမွာ အမွတ္ေပးဖလားကို စိန္ေခၚဖို႔ ျပန္လာမွာ ျဖစ္ပါတယ္။ အဲ့တာက အရမ္းေကာင္းတဲ့ တုန္႔ျပန္မႈ ျဖစ္ပါလိမ့္မယ္။ ” လို႔ ဆိုလိုက္တာျဖစ္ပါတယ္။