အန်ဖီးကွင်းက လီဗာပူးနဲ့ ဘုန်းမောက်ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ရေးမှာတော့ မီလ်နာက အသင်းဖော်တွေကို မှာတမ်းခြွေနေခဲ့ပြီး အဆိုပါ ဖြစ်ရပ်ကို ဗြိတိန် ရုပ်သံဌာနဖြစ်တဲ့ BT ကနေပြီး အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဟန်ဒါဆန် မပါနိုင်ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မီလ်နာက သွေးပူလေ့ကျင့်ရေး လုပ်စဉ်မှာ အသင်းဖော်တွေဖြစ်တဲ့ ဝိုက်နယ်ဒမ်၊ ဗန်ဒိုက်တို့နဲ့တကွ အသင်းဖော်တွေကို အမှာစကား ဆိုနေတာဖြစ်တယ်။

မီလ်နာက ” ငါတို့ ဘောလုံးရံှူးတာနဲ့ ပြိုင်ဘက်တွေက ဝိုင်းလာလိမ့်မယ်။ အဲ့ခါကျရင် ဖြစ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပြီး ဧရိယာထဲက ထွက်ရမယ်။ အမြင့်ဆုံး အရှိန်တင်ပြီး ပွဲကို ကစားရမယ်။ ဘယ်အသင်းဂိုးဂိုး အရေးမကြီးဘူး။ သူတို့ပဲ သွင်းသွင်း၊ ငါတို့ပဲသွင်းသွင်း ဂိုးနောက်ထပ် သွင်းနိုင်အောင် လုပ်ရမယ်။ ဘောလုံး ပြန်စတဲ့ အချိန်တိုင်းက ငါတို့အတွက် အရေးကြီးဆုံး အချိန်တွေပဲ ” စသဖြင့် မှာကြားနေခဲ့တာပါ။

ပွဲမစခင် ပွဲကြို သွေးပူမှာတင် မီလ်နာရဲ့ မှာကြားနေမှုကို BT က ရိုက်ကူးလိုက်နိုင်တာဖြစ်ပြီး ဒါကို အစီအစဉ် တင်ဆက်သူတွေအဖြစ် လုပ်ကိုင်နေခဲ့တဲ့ ခရော့၊ ဖာဒီနန်ကစလို ဘောလုံးသမားဟောင်းကြီးတွေက ချီးကျူးစကားတွေ ပြောဆိုခဲ့တာဖြစ်တယ်။ မီလ်နာရဲ့ အပြုအမှုက လီဗာပူးရဲ့ စိတ်ဓါတ်ကို ဖော်ပြနေတာလို့ ယူဆခဲ့ကြတာလည်းဖြစ်တယ်။

ပွဲအပြီးမှာ မီလ်နာက ” နှစ်ပွဲ သုံးပွဲလောက် ရလဒ်မကောင်းတာတွေ ကြုံတာနဲ့ လူတွေက ဟိုဟိုဒီဒီ စ ပြောတော့တာပဲ။ ဒါပေမယ့် ငါတို့က တည်တည်ငြိမ်ငြိမ် နေဖို့ပဲ ကြိုးစားတယ်။ ဘုန်းမေက်ပွဲမှာလည်း ပြိုင်ဘက်ကို ခွင့်မပြုချင်တဲ့ အခွင့်အရေး တချို့ ပေးလိုက်ရသေးတယ်။

ဒါပေမယ့် အသင်းက ကောင်လေးတွေရဲ့ နှလုံးသားနဲ့ နိုင်လို စိတ်ကို မေးခွန်းထုတ်ဖို့ မလိုပါဘူး။ ခင်ဗျားတို့ အမြဲ ကောင်းကောင်း ကစားနိုင်မှာ မဟုတ်ဘူး။ ဒီရာသီမှာ ကျနေ်ာတို့ အရင်ကလည်း ကြုံဖူးတယ် ဒါပေမယ့် နိုင်ပွဲကို အဲဒီကြားထဲက ရအောင် ရှာခဲ့တာပဲ။ ” လို့ မေနာက ဆိုပါတယ်။

မီလ်နာနဲ့အတူ လိဒ်ယူနိုက်တက်မှာ အတူကစားခဲ့ဖူးတဲ့ ခံစစ်မှူးဟောင်း ဖာဒီနန်ကဆိုရင် အနာဂတ်မှာ လီဗာပူးဟာ မီလ်နာရဲကနေရာမှ အစားထိုးဖို့ ခက်ခဲသွားလိမ့်မယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

အန္ဖီးကြင္းက လီဗာပူးနဲ႔ ဘုန္းေမာက္ပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ေရးမွာေတာ့ မီလ္နာက အသင္းေဖာ္ေတြကို မွာတမ္းေျခြေနခဲ့ျပီး အဆိုပါ ျဖစ္ရပ္ကို ျဗိတိန္ ရုပ္သံဌာနျဖစ္တဲ့ BT ကေနျပီး အမိအရ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။

ဟန္ဒါဆန္ မပါႏုိင္ခ်ိန္မွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ မီလ္နာက ေသြးပူေလ့က်င့္ေရး လုပ္စဥ္မွာ အသင္းေဖာ္ေတြျဖစ္တဲ့ ဝိုက္နယ္ဒမ္၊ ဗန္ဒိုက္တို႔နဲ႔တကြ အသင္းေဖာ္ေတြကို အမွာစကား ဆိုေနတာျဖစ္တယ္။

မီလ္နာက ” ငါတို႔ ေဘာလံုးရံွဴးတာနဲ႔ ျပိဳင္ဘက္ေတြက ဝိုင္းလာလိမ့္မယ္။ အဲ့ခါက်ရင္ ျဖစ္ႏုိင္သေလာက္ အစြမ္းကုန္ ၾကိဳးစားျပီး ဧရိယာထဲက ထြက္ရမယ္။ အျမင့္ဆံုး အရွိန္တင္ျပီး ပြဲကို ကစားရမယ္။ ဘယ္အသင္းဂိုးဂိုး အေရးမၾကီးဘူး။ သူတို႔ပဲ သြင္းသြင္း၊ ငါတုိ႔ပဲသြင္းသြင္း ဂိုးေနာက္ထပ္ သြင္းႏုိင္ေအာင္ လုပ္ရမယ္။ ေဘာလံုး ျပန္စတဲ့ အခ်ိန္တိုင္းက ငါတို႔အတြက္ အေရးၾကီးဆံုး အခ်ိန္ေတြပဲ ” စသျဖင့္ မွာၾကားေနခဲ့တာပါ။

ပြဲမစခင္ ပြဲၾကိဳ ေသြးပူမွာတင္ မီလ္နာရဲ႕ မွာၾကားေနမႈကို BT က ရိုက္ကူးလိုက္ႏုိင္တာျဖစ္ျပီး ဒါကို အစီအစဥ္ တင္ဆက္သူေတြအျဖစ္ လုပ္ကိုင္ေနခဲ့တဲ့ ခေရာ့၊ ဖာဒီနန္ကစလို ေဘာလံုးသမားေဟာင္းၾကီးေတြက ခ်ီးက်ဴးစကားေတြ ေျပာဆိုခဲ့တာျဖစ္တယ္။ မီလ္နာရဲ႕ အျပဳအမႈက လီဗာပူးရဲ႕ စိတ္ဓါတ္ကို ေဖာ္ျပေနတာလို႔ ယူဆခဲ့ၾကတာလည္းျဖစ္တယ္။

ပြဲအျပီးမွာ မီလ္နာက ” နွစ္ပြဲ သံုးပြဲေလာက္ ရလဒ္မေကာင္းတာေတြ ၾကံဳတာနဲ႕ လူေတြက ဟိုဟိုဒီဒီ စ ေျပာေတာ့တာပဲ။ ဒါေပမယ့္ ငါတို႔က တည္တည္ျငိမ္ျငိမ္ ေနဖို႔ပဲ ၾကိဳးစားတယ္။ ဘုန္းေမက္ပြဲမွာလည္း ျပိဳင္ဘက္ကို ခြင့္မျပဳခ်င္တဲ့ အခြင့္အေရး တခ်ိဳ႕ ေပးလိုက္ရေသးတယ္။

ဒါေပမယ့္ အသင္းက ေကာင္ေလးေတြရဲ႕ နွလံုးသားနဲ႕ နိုင္လို စိတ္ကို ေမးခြန္းထုတ္ဖို႔ မလိုပါဘူး။ ခင္ဗ်ားတို႔ အျမဲ ေကာင္းေကာင္း ကစားနုိင္မွာ မဟုတ္ဘူး။ ဒီရာသီမွာ က်ေန္ာတုိ႔ အရင္ကလည္း ၾကံဳဖူးတယ္ ဒါေပမယ့္ နုိင္ပြဲကို အဲဒီၾကားထဲက ရေအာင္ ရွာခဲ့တာပဲ။ ” လို႔ ေမနာက ဆိုပါတယ္။

မီလ္နာနဲ႔အတူ လိဒ္ယူႏုိက္တက္မွာ အတူကစားခဲ့ဖူးတဲ့ ခံစစ္မွဴးေဟာင္း ဖာဒီနန္ကဆိုရင္ အနာဂတ္မွာ လီဗာပူးဟာ မီလ္နာရဲကေနရာမွ အစားထိုးဖို႔ ခက္ခဲသြားလိမ့္မယ္လို႔ ပြဲအျပီးမွာ မွတ္ခ်က္ေပးခဲ့ေသးတာျဖစ္ပါတယ္။