ဒီကနေ့ တနင်္ဂနွေနေ့ လေ့ကျင့်ရေးမှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့ ပြန်လည် ပါဝင်လာမှာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲအမှီ ကြံ့ခိုင်မှု ကောင်းနေဖို့ မန်နေဂျာကလော့ပ်က မျှော်လင့်နေပါတယ်။

ဟန်ဒါဆန်ဟာ ၁၆ သင်းအဆင့် ရံှူးထွက် ပထမအကျော့အဖြစ် မက်ဒရစ်မြေမှာ သွားကစားစဉ် တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်တယ်။ အဲ့ကတည်းက အနားယူနေရတာဖြစ်ပြီး ဘုန်းမောက်ပွဲကြိုမှာ ပြန်လည် ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ရေးတွေကို လုပ်နိုင်ခဲ့ကာ ဒီကနေ့မှာတော့ စီနီယာအသင်းနဲ့ လေ့ကျင့်ရေး ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်ကတော့ ဘုန်းမောက်ပွဲကြိုမှာ အသေးစား ဒဏ်ရာရနိုင်တဲ့ အနေအထားကို မြင်ခဲ့ရတာကြောင့် အနားပေးခဲ့ခြင်းဖြစ်တယ်။ သူကလည်း အခြေအနေကောင်းနေပြီး တီကိုနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ် မျှော်လင့်ထားရပါတယ်။

ကလော့ပ်ကပဲ “ ကျနော် ကြားထားတာတော့ ရိုဘိုက တီကိုပွဲမှာ ပါဝင်နိုင်လောက်ပါတယ်။ အဲ့လို လုပ်နိုင်မလား မသိသေးပေမယ့် ရိုဘိုကို ဒီကနေ့ပွဲမှာ အနားပေးလိုက်ရတာက ကောင်းမွန်ပြီး ဒဏ်ရာကလည်း ပြဿနာ မဟုတ်နိုင်ပါဘူး။ မနေ့က လေ့ကျင့်ရေးအပြီးမှာ ကြံ့ခိုင်မှုကိစ္စ နည်းနည်း ခံစားခဲ့ရတာဖြစ်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။

ဟန်ဒိုက အနားယူနေရပြီး ဒီအခြေအနေမှာ အတိအကျတော့ မသိပါဘူး။ ဒါပေမယ့် မနက်ဖြန်မှာတော့ သူ လေ့ကျင့်ရေး ပြန်ဆင်းမှာပါ။ အဲ့မှာ အခြေအနေ ကောင်းရင်တော့ သူ့ကို ထည့်သုံးဖို့ စဉ်းစားမှာပါ။ သူ ပြန်လာတာကောင်းပါတယ်။ အခြားသူတွေလည်း အဆင်ပြေနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘုန်းမောက်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာတော့ မန်နေဂျာကလော့ပ်က ဂိုးသမား အယ်လီဆန်ဟာ တင်ပါး ဒဏ်ရာရနေတာကြောင့် အမှတ်ပေးပွဲကို လွဲမှာဖြစ်သလို တီကိုနဲ့ပွဲကိုလည်း လွဲမယ်လို့ ပြောဆိုထားပါတယ်။ အသေးစိတ်ကိုတော့ တီကိုပွဲကြိုမှပဲ ထပ်မံ ကြေညာပေးသွားဖွယ် ရှိနေပါတယ်။

ZAWGYI

ဒီကေန႔ တနဂၤေႏြေန႔ ေလ့က်င့္ေရးမွာေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္တို႔ ျပန္လည္ ပါဝင္လာမွာျဖစ္ျပီး ခ်န္ပီယံလိဂ္ပြဲအမွီ ၾကံ႕ခိုင္မႈ ေကာင္းေနဖို႔ မန္ေနဂ်ာကေလာ့ပ္က ေမွ်ာ္လင့္ေနပါတယ္။

ဟန္ဒါဆန္ဟာ ၁၆ သင္းအဆင့္ ရံွဴးထြက္ ပထမအေက်ာ့အျဖစ္ မက္ဒရစ္ေျမမွာ သြားကစားစဥ္ တံေကာက္ေၾကာဒဏ္ရာ ရခဲ့တာျဖစ္တယ္။ အဲ့ကတည္းက အနားယူေနရတာျဖစ္ျပီး ဘုန္းေမာက္ပြဲၾကိဳမွာ ျပန္လည္ ၾကံ႕ခိုင္မႈဆိုင္ရာ ေလ့က်င့္ေရးေတြကို လုပ္ႏုိင္ခဲ့ကာ ဒီကေန႔မွာေတာ့ စီနီယာအသင္းနဲ႔ ေလ့က်င့္ေရး ျပန္လုပ္ႏုိုင္မွာ ျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္ကေတာ့ ဘုန္းေမာက္ပြဲၾကိဳမွာ အေသးစား ဒဏ္ရာရႏုိင္တဲ့ အေနအထားကို ျမင္ခဲ့ရတာေၾကာင့္ အနားေပးခဲ့ျခင္းျဖစ္တယ္။ သူကလည္း အေျခအေနေကာင္းေနျပီး တီကိုနဲ႔ပြဲမွာ ပါဝင္ကစားႏုိင္မယ္ ေမွ်ာ္လင့္ထားရပါတယ္။

ကေလာ့ပ္ကပဲ “ က်ေနာ္ ၾကားထားတာေတာ့ ရိုဘိုက တီကိုပြဲမွာ ပါဝင္ႏုိင္ေလာက္ပါတယ္။ အဲ့လို လုပ္ႏုိင္မလား မသိေသးေပမယ့္ ရိုဘိုကို ဒီကေန႔ပြဲမွာ အနားေပးလိုက္ရတာက ေကာင္းမြန္ျပီး ဒဏ္ရာကလည္း ျပႆနာ မဟုတ္ႏုိင္ပါဘူး။ မေန႔က ေလ့က်င့္ေရးအျပီးမွာ ၾကံ႕ခိုင္မႈကိစၥ နည္းနည္း ခံစားခဲ့ရတာျဖစ္ျပီး ေထြေထြထူးထူးေတာ့ မရွိပါဘူး။

ဟန္ဒိုက အနားယူေနရျပီး ဒီအေျခအေနမွာ အတိအက်ေတာ့ မသိပါဘူး။ ဒါေပမယ့္ မနက္ျဖန္မွာေတာ့ သူ ေလ့က်င့္ေရး ျပန္ဆင္းမွာပါ။ အဲ့မွာ အေျခအေန ေကာင္းရင္ေတာ့ သူ႔ကို ထည့္သံုးဖို႔ စဥ္းစားမွာပါ။ သူ ျပန္လာတာေကာင္းပါတယ္။ အျခားသူေတြလည္း အဆင္ေျပေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဘုန္းေမာက္ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က ဂိုးသမား အယ္လီဆန္ဟာ တင္ပါး ဒဏ္ရာရေနတာေၾကာင့္ အမွတ္ေပးပြဲကို လြဲမွာျဖစ္သလို တီကိုနဲ႔ပြဲကိုလည္း လြဲမယ္လို႔ ေျပာဆိုထားပါတယ္။ အေသးစိတ္ကိုေတာ့ တီကိုပြဲၾကိဳမွပဲ ထပ္မံ ေၾကညာေပးသြားဖြယ္ ရွိေနပါတယ္။