လီဗာပူးနဲ့ ဘုန်းမောက်ပွဲမှာ ပြိုင်ဘက်အသင်း တိုက်စစ်သမား ကော်လမ် ဝဲလ်ဆန်ဟာ ဘောလုံးရယူဖို့ ကြိုးစားနေစဉ် ဂိုးမက်စ်ကို စောင့်တွန်းခဲ့ပြီး သွင်းဂိုးအတွက် လမ်းကြောင်းစတင်မှုကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်က ဘုန်းမောက် ဦးဆောင်ဂိုးရဖို့ အကူအညီဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်နဲ့ ကင်မရာရုပ်သံကနေ စောင့်ကြည့်နေတဲ့ ဒိုင်လူကြီးတွေက ဖောင်းအဖြစ် မသက်မှတ်ပေးတာကို ကလော့ပ်က အတော်လေး ဒေါသထွက်ခဲ့တယ်။ ပွဲအပြီးမှာ ကလော့ပ်က သူ့ရဲ့ ဒေါသက အတော်ကိုကြီးနေပေမယ့် လီဗာပူးအသင်း ဝေဖန်ခံရမှုတွေ မဖြစ်စေဖို့ အံကြိတ်ပြီး ပါးစပ်ကို တင်းတင်းပိတ်ထားပါမယ်လို့ ဆိုသွားပါတယ်။

ကလော့ပ်က ” ငါ့ရဲ့အမြင်အရ ပြောရရင် အဲ့တာက ဖောင်းပဲ။ ဘယ်လိုဖြစ်ပြီး ဖောင်းမဟုတ်တော့တာလည်း ငါမသိဘူး။ အရင်အပတ်တွေကလည်း ဒီလို ထူးထူးဆန်းဆန်း အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပြီးပြီ။ ပွဲပြီးတော့ ဘယ်သူကမှ စကားမပြောတော့ဘူး။ ဝတ်ဖိုဒ့်ကို ရင်ဆိုင်တဲ့ပွဲမှာ ထရန့်ကို ဒန်နီ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ဘယ်သူကမှ စကားထဲထည့်ပြီး မပြောကြဘူးနော်။

ငါတို့ကလည်း ဒါကို ပြောနေလို့ မရဘူး။ ဘာလို့လည်းဆိုတော့ လူတွေက ငါတို့က အရမ်းဆိုးတဲ့ အရံှူးသမားတွေလို့ ပြောကုန်လိမ့်မယ် (ရံှူးမဲမဲတယ်လို့ မြင်ကုန်မယ်)။ ရံှူးတဲ့အပေါ် ငါ့ရဲ့ ခံစားချက်တွေက ကောင်းနေတာ မဟုတ်ဘူး။ ဒါပေမယ့် အသင်းကို ဝေဖန်ကြမှာ ဆိုးတဲ့အတွက် ဒီလို ဖြစ်ရပ်တွေကို ငါထည့်မပြောတော့ဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်ဒိုင်နဲ့ VAR ဆုံးဖြတ် အချျို့တွေမှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ ရနေခဲ့တာ အနည်းငယ် ကြာခဲ့ပါပြီ။ ဒါပေမယ့် ကလပ်အသင်းအတွက် အရေးကြီးဆုံးက နိုင်ပွဲသာလျင်ဖြစ်တယ်လို့ ကလော့ပ်က မြင်ပါတယ်။ လူတိုင်းက လွယ်လွယ်လေး တွေးတတ်ကြပေမယ့် ယုံကြည်မှုဆိုတာ အိပ်ကပ်ထဲ အမြဲထည့်သွားလို့ရတာမျိုး မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါသေးတယ်။

” ငါ့ကောင်တွေက တကယ်လုပ်ရတာပါ။ ငါက ဝင်ကစားရတာ မဟုတ်ပဲ သူတို့တွေက ကစားရတာပါ။ ဒီမတိုင်ခင်ကလည်း ပြောခဲ့တယ်။ ယုံကြည်မှုဆိုတာက မင်းအိပ်ကပ်ထဲကိုထည့်ပြီး ဘဝတစ်လျှောက်လုံး ယူသွားလို့ရတာမျိုး မဟုတ်ဘူးကွ။ ယုံကြည်မှုဆိုတာ ရှိလာနိုင်တယ်၊ ပျော်ကွယ်သွားနိုင်တာမျိုးပဲ။

အလုပ်တွေလုပ်ပြီး ဒီခံစားချက်ကို ရှာဖွေရတယ်။ ငါတို့ အဆုံးထိ ကြိုးစားခဲ့တယ်။ အမြဲတမ်း အဲ့တာက အရေးကြီးဆုံးပဲ။ အခု ငါတို့ ၈၂ မှတ်ထိ ရထားပြီ ဒါ သိပ်ကောင်းတယ်။ ဆက်လက်ပြီး ယှဉ်ပြိုင်ဖို့လိုတယ်။ လူတိုင်းကို စစ်စစ်မှန်မှန် တိုက်ခိုက်လိုက်မယ်ကွာ ဒါက ဒီနေ့ ငါတို့လုပ်ခဲ့တာပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ဘုန္းေမာက္ပြဲမွာ ျပိဳင္ဘက္အသင္း တိုက္စစ္သမား ေကာ္လမ္ ဝဲလ္ဆန္ဟာ ေဘာလံုးရယူဖို႔ ၾကိဳးစားေနစဥ္ ဂိုးမက္စ္ကို ေစာင့္တြန္းခဲ့ျပီး သြင္းဂိုးအတြက္ လမ္းေၾကာင္းစတင္မႈကို ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါျဖစ္စဥ္က ဘုန္းေမာက္ ဦးေဆာင္ဂိုးရဖို႔ အကူအညီျဖစ္ခဲ့ျပီး ကြင္းလယ္ဒိုင္နဲ႔ ကင္မရာရုပ္သံကေန ေစာင့္ၾကည့္ေနတဲ့ ဒိုင္လူၾကီးေတြက ေဖာင္းအျဖစ္ မသက္မွတ္ေပးတာကို ကေလာ့ပ္က အေတာ္ေလး ေဒါသထြက္ခဲ့တယ္။ ပြဲအျပီးမွာ ကေလာ့ပ္က သူ႔ရဲ႕ ေဒါသက အေတာ္ကိုၾကီးေနေပမယ့္ လီဗာပူးအသင္း ေဝဖန္ခံရမႈေတြ မျဖစ္ေစဖို႔ အံၾကိတ္ျပီး ပါးစပ္ကို တင္းတင္းပိတ္ထားပါမယ္လို႔ ဆိုသြားပါတယ္။

ကေလာ့ပ္က ” ငါ့ရဲ႕အျမင္အရ ေျပာရရင္ အဲ့တာက ေဖာင္းပဲ။ ဘယ္လိုျဖစ္ျပီး ေဖာင္းမဟုတ္ေတာ့တာလည္း ငါမသိဘူး။ အရင္အပတ္ေတြကလည္း ဒီလို ထူးထူးဆန္းဆန္း အေျခအေနေတြကို ရင္ဆိုင္ခဲ့ရျပီးျပီ။ ပြဲျပီးေတာ့ ဘယ္သူကမွ စကားမေျပာေတာ့ဘူး။ ဝတ္ဖိုဒ့္ကို ရင္ဆုိင္တဲ့ပြဲမွာ ထရန္႔ကို ဒန္နီ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာကို ဘယ္သူကမွ စကားထဲထည့္ျပီး မေျပာၾကဘူးေနာ္။

ငါတို႔ကလည္း ဒါကို ေျပာေနလို႔ မရဘူး။ ဘာလို႔လည္းဆိုေတာ့ လူေတြက ငါတို႔က အရမ္းဆိုးတဲ့ အရံွဴးသမားေတြလို႔ ေျပာကုန္လိမ့္မယ္ (ရံွဴးမဲမဲတယ္လို႔ ျမင္ကုန္မယ္)။ ရံွဴးတဲ့အေပၚ ငါ့ရဲ႕ ခံစားခ်က္ေတြက ေကာင္းေနတာ မဟုတ္ဘူး။ ဒါေပမယ့္ အသင္းကို ေဝဖန္ၾကမွာ ဆိုးတဲ့အတြက္ ဒီလို ျဖစ္ရပ္ေတြကို ငါထည့္မေျပာေတာ့ဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းဟာ ကြင္းလယ္ဒိုင္နဲ႔ VAR ဆံုးျဖတ္ အခ််ိဳ႕ေတြမွာ အျငင္းပြားစရာ ဆံုးျဖတ္ခ်က္ေတြ ရေနခဲ့တာ အနည္းငယ္ ၾကာခဲ့ပါျပီ။ ဒါေပမယ့္ ကလပ္အသင္းအတြက္ အေရးၾကီးဆံုးက ႏုိင္ပြဲသာလ်င္ျဖစ္တယ္လို႔ ကေလာ့ပ္က ျမင္ပါတယ္။ လူတိုင္းက လြယ္လြယ္ေလး ေတြးတတ္ၾကေပမယ့္ ယံုၾကည္မႈဆိုတာ အိပ္ကပ္ထဲ အျမဲထည့္သြားလို႔ရတာမ်ိဳး မဟုတ္ဘူးလို႔ ကေလာ့ပ္က ဆိုပါေသးတယ္။

” ငါ့ေကာင္ေတြက တကယ္လုပ္ရတာပါ။ ငါက ဝင္ကစားရတာ မဟုတ္ပဲ သူတို႔ေတြက ကစားရတာပါ။ ဒီမတိုင္ခင္ကလည္း ေျပာခဲ့တယ္။ ယံုၾကည္မႈဆိုတာက မင္းအိပ္ကပ္ထဲကိုထည့္ျပီး ဘဝတစ္ေလွ်ာက္လံုး ယူသြားလို႔ရတာမ်ိဳး မဟုတ္ဘူးကြ။ ယံုၾကည္မႈဆိုတာ ရွိလာႏုိင္တယ္၊ ေပ်ာ္ကြယ္သြားႏုိင္တာမ်ိဳးပဲ။

အလုပ္ေတြလုပ္ျပီး ဒီခံစားခ်က္ကို ရွာေဖြရတယ္။ ငါတို႔ အဆံုးထိ ၾကိဳးစားခဲ့တယ္။ အျမဲတမ္း အဲ့တာက အေရးၾကီးဆံုးပဲ။ အခု ငါတို႔ ၈၂ မွတ္ထိ ရထားျပီ ဒါ သိပ္ေကာင္းတယ္။ ဆက္လက္ျပီး ယွဥ္ျပိဳင္ဖို႔လိုတယ္။ လူတိုင္းကို စစ္စစ္မွန္မွန္ တိုက္ခုိက္လုိက္မယ္ကြာ ဒါက ဒီေန႔ ငါတို႔လုပ္ခဲ့တာပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။