အတ်ဒရီယန်ဟာ ဒီရာသီ လီဗာပူးအတွက် အမှတ်ပေးပွဲ ၁၁ ပွဲ ဝင်ကစားခဲ့ပြီး ၁၁ ပွဲ လုံး အနိုင်ရထားပါတယ်။ ဒါက ဒီရာသီ အာဆင်နယ်တစ်သင်းလုံး နိုင်ပွဲထက် ပိုများသလို ယူနိုက်တက်၊ စပါးတို့ရဲ့ နှိုင်းပွဲရထားမှုနဲ့ ညီမျှပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ခရော့နဲ့ ဖာဒီနန်တို့က လီဗာပူးအသင်းသား ဂျိမ်းမီလ်နာရဲ့ စိတ်ဓါတ် ပြင်းပြမှုနဲ့ နောက်ဆုံးချိန်ထိ မလျော့တဲ့ အားထုတ်မှုတွေကို အထူးချီးကျူးမှု လုပ်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ လီဗာပူးအတွက် သွင်းဂိုး အများဆုံး တိုက်စစ်သမား စာရင်းထဲ ဆွာရက်စ်ကို ကျော်လွန်ပြီး ဆာလက်က စတုတ္ထအဆင့်ကို ရောက်လာပါပြီ။ ဆာလက်ထက် ဂိုးပိုသွင်းသူဆိုလို့ ဖောင်လာ၊ ဂျရတ်၊ အိုဝင်လို ငယ်မွေးခြံပေါက် အသင်းသားတွေပဲ ကျန်ပါတော့တယ်။

ဆာလက်ဟာ မိုင်ကယ်အိုဝင်နောက်ပိုင်း သုံးရာသီဆက်တိုက် ပြိုင်ပွဲစုံမှာ ဂိုး ၂၀ သွင်းယူနိုင်တဲ့ ပထမဆုံးသော လီဗာပူးအသင်းသား ဖြစ်လာပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲ နောက်ဆုံး ၂၂ ပွဲကို ဆက်တိုက် အနိုင်ရထားပြီး ဒါဟာ အဆင့်မြင့်တန်းမှာတော့ အမြင့်ဆုံး အိမ်ကွင်း နိုင်ပွဲဆက်မှု စံချိန် ဖြစ်ပါတယ်။

ဘုန်းမောက်မန်နေဂျာ ဟိုဝီက ဒီအခြေအနေမှာ လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းပါလို့ ဆိုလိုက်ပါတယ်။ သူတို့အသင်းက နှလုံးသားနဲ့ ပွဲကို ကစားခဲ့ပေမယ့် အန်ဖီးမှာ လီဗာပူးထံက ရမှတ်ခွဲယူဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ဝန်ခံလိုက်ပါတယ်။

VAR နဲ့ ပက်သက်ပြီး ကလော့ပ်က “ VAR မှာလည်း ပြဿနာရှိတယ်ဆိုတာကို မြင်သာစေခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ဖြစ်ရပ်ကို သေချာ မမြင်ခဲ့ပါဘူး။ ကျနော် ဘေးက မိုက်ဒင်းက VAR ကြည့်နေပါတယ်၊ ကြည့်နေပါတယ်လို့ ပြောပေမယ့် VAR က ဖြစ်ရပ်က မရှင်းလင်းဘူး လို့ ဆိုခဲ့ပါတယ် ” ဆိုပြီး မှတ်ချက်ပေးလိုက်ပါတယ်။

ဒီကနေ့မှာ ဟန်ဒါဆန်နဲ့ ရော်ဘတ်ဆန်တို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းမှာဖြစ်ပြီး သူတို့ရဲ့ အခြေအနေကို သိရမှာဖြစ်ပါတယ်။ အယ်လီဆန်ကတော့ ပါဝင်သွားနိုင်မှာ မဟုတ်ပါဘူး။

ဟယ်ရီဝဲလ်ဆန်က နွေမှာတော့ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ရပါလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ကုန်ခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုမှာ အငှားကစားသမား ခြေစွမ်းကောင်းတွေ ပြထားနိုင်တဲ့အပေါ် အကောင်းမြင်ပြီး ပရီးမီးယားလိဂ်မှာ အလုပ်ဆက်လုပ်ဖို့ လုံလောက်နေပြီလို့ ခံစားရကြောင်း ထုတ်ပြောပါတယ်။

ZAWGYI

အတ္ဒရီယန္ဟာ ဒီရာသီ လီဗာပူးအတြက္ အမွတ္ေပးပြဲ ၁၁ ပြဲ ဝင္ကစားခဲ့ျပီး ၁၁ ပြဲ လံုး အႏုိင္ရထားပါတယ္။ ဒါက ဒီရာသီ အာဆင္နယ္တစ္သင္းလံုး ႏုိင္ပြဲထက္ ပိုမ်ားသလို ယူႏုိက္တက္၊ စပါးတို႔ရဲ႕ ႏိႈင္းပြဲရထားမႈနဲ႔ ညီမွ်ပါတယ္။

ပရီးမီးယားလိဂ္ ကစားသမားေဟာင္းၾကီးေတြျဖစ္တဲ့ ခေရာ့နဲ႔ ဖာဒီနန္တို႔က လီဗာပူးအသင္းသား ဂ်ိမ္းမီလ္နာရဲ႕ စိတ္ဓါတ္ ျပင္းျပမႈနဲ႔ ေနာက္ဆံုးခ်ိန္ထိ မေလ်ာ့တဲ့ အားထုတ္မႈေတြကို အထူးခ်ီးက်ဴးမႈ လုပ္သြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ လီဗာပူးအတြက္ သြင္းဂိုး အမ်ားဆံုး တိုက္စစ္သမား စာရင္းထဲ ဆြာရက္စ္ကို ေက်ာ္လြန္ျပီး ဆာလက္က စတုတၳအဆင့္ကို ေရာက္လာပါျပီ။ ဆာလက္ထက္ ဂိုးပိုသြင္းသူဆိုလို႔ ေဖာင္လာ၊ ဂ်ရတ္၊ အိုဝင္လို ငယ္ေမြးျခံေပါက္ အသင္းသားေတြပဲ က်န္ပါေတာ့တယ္။

ဆာလက္ဟာ မုိင္ကယ္အိုဝင္ေနာက္ပိုင္း သံုးရာသီဆက္တိုက္ ျပိဳင္ပြဲစံုမွာ ဂိုး ၂၀ သြင္းယူႏုိင္တဲ့ ပထမဆံုးေသာ လီဗာပူးအသင္းသား ျဖစ္လာပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္မွာ အိမ္ကြင္းပြဲ ေနာက္ဆံုး ၂၂ ပြဲကို ဆက္တိုက္ အႏုိင္ရထားျပီး ဒါဟာ အဆင့္ျမင့္တန္းမွာေတာ့ အျမင့္ဆုံး အိမ္ကြင္း ႏုိင္ပြဲဆက္မႈ စံခ်ိန္ ျဖစ္ပါတယ္။

ဘုန္းေမာက္မန္ေနဂ်ာ ဟိုဝီက ဒီအေျခအေနမွာ လီဗာပူးက ကမၻာအေကာင္းဆံုး အသင္းပါလို႔ ဆိုလိုက္ပါတယ္။ သူတို႔အသင္းက ႏွလံုးသားနဲ႔ ပြဲကို ကစားခဲ့ေပမယ့္ အန္ဖီးမွာ လီဗာပူးထံက ရမွတ္ခြဲယူဖို႔ကေတာ့ မျဖစ္ႏုိင္ဘူးလို႔ ဝန္ခံလိုက္ပါတယ္။

VAR နဲ႔ ပက္သက္ျပီး ကေလာ့ပ္က “ VAR မွာလည္း ျပႆနာရွိတယ္ဆိုတာကို ျမင္သာေစခဲ့ပါတယ္။ ကြင္းလယ္ဒိုင္က ျဖစ္ရပ္ကို ေသခ်ာ မျမင္ခဲ့ပါဘူး။ က်ေနာ္ ေဘးက မိုက္ဒင္းက VAR ၾကည့္ေနပါတယ္၊ ၾကည့္ေနပါတယ္လို႔ ေျပာေပမယ့္ VAR က ျဖစ္ရပ္က မရွင္းလင္းဘူး လို႔ ဆိုခဲ့ပါတယ္ ” ဆိုျပီး မွတ္ခ်က္ေပးလိုက္ပါတယ္။

ဒီကေန႔မွာ ဟန္ဒါဆန္နဲ႔ ေရာ္ဘတ္ဆန္တို႔ဟာ အသင္းနဲ႔အတူ ေလ့က်င့္ေရးဆင္းမွာျဖစ္ျပီး သူတို႔ရဲ႕ အေျခအေနကို သိရမွာျဖစ္ပါတယ္။ အယ္လီဆန္ကေတာ့ ပါဝင္သြားႏုိင္မွာ မဟုတ္ပါဘူး။

ဟယ္ရီဝဲလ္ဆန္က ေႏြမွာေတာ့ သူ႔ရဲ႕ အနာဂတ္ကို ဆံုးျဖတ္ရပါလိမ့္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ ကုန္ခဲ့တဲ့ ေဘာလုံးရာသီ ႏွစ္ခုမွာ အငွားကစားသမား ေျခစြမ္းေကာင္းေတြ ျပထားႏုိင္တဲ့အေပၚ အေကာင္းျမင္ျပီး ပရီးမီးယားလိဂ္မွာ အလုပ္ဆက္လုပ္ဖို႔ လံုေလာက္ေနျပီလို႔ ခံစားရေၾကာင္း ထုတ္ေျပာပါတယ္။